SM Entertainment ရဲ့ အအောင်မြင်ဆုံးသော Idol များ

ဒီနေ့လက်ရှိ K-pop လောကမှာ အရှိန်အ၀ါအကြီးဆုံး ဖျော်ဖြေရေးအေဂျင်စီကြီးတစ်ခုဖြစ်တဲ့ SM Entertainment ရဲ့ အအောင်မြင်ဆုံးသော Idol တွေက ဘယ်သူတွေလဲဆိုတာကို တောင်ကိုရီးယားနိုင်ငံ တေးဂီတလောကရဲ့ ၀ါရင့်ကျွမ်းကျင်ပညာရှင်ကြီးတွေဖြစ်ကြတဲ့ Kim Tae Hoon, Lee Jong Hyun နဲ့ Kim Seong တို့ကို မေးမြန်းခဲ့ရာ သူတို့ ၃ ဦးလုံးရွေးချယ်ဖြေဆိုပေးခဲ့တဲ့ အဖြေက အတူတူဖြစ်နေတာကို တွေ့ရပါတယ်။

တကယ်တော့ တောင်ကိုရီးယားနိုင်ငံရဲ့ တေးဂီတနယ်ပယ်မှာ နှစ်ပေါင်းကြာရှည်စွာလုပ်ကိုင်နေတဲ့သူတွေဆိုရင်လည်း ဒီလိုမျိုးအဖြေကိုပဲ ပေးမိကြမှာပါပဲ။ ဒီလိုဆိုရင် ၀ါရင့်ကျွမ်းကျင်ပညာရှင်ကြီးတွေ ရွေးချယ်ထားတဲ့ SM Entertainment ရဲ့ အအောင်မြင်ဆုံးသော Idol တွေက ဘယ်သူတွေလဲဆိုတော့……

1. TVXQ

အသံသွင်းထုတ်လုပ်သူ Lee Jonghyun ရွေးချယ်ထားတဲ့ Idol ကတော့ TVXQ ဖြစ်ပြီး သူတို့အဖွဲ့ရဲ့ ဟစ်သီချင်းဖြစ်တဲ့ “Mirotic” ဆိုရင် ထွက်ရှိပြီး ၁၀ နှစ်ကျော်ကြာမြင်သည်အထိတိုင်အောင် Idol အဖွဲ့တွေများစွာ ပြန်လည်သီဆိုနေကြဆဲပါ။

“Mirotic” – TVXQ

2. BOA

BOA ကတော့ SM Entertainment ရဲ့ အောင်မြင်မှုကိုစတင်ဖော်ဆောင်ပေးခဲ့တဲ့ Idol ဖြစ်ပါတယ်။ သူမ စတင်ပွဲထွက်ချိန်တုန်းက သူမရဲ့အသက်ဟာ ၁၃ နှစ်မျှသာရှိသေးပြီး အဲဒီအချိန်ကတည်းက သူမရဲ့နာမည်ကိုသာမက SM Entertainment ရဲ့ နာမည်ကိုပါ ကိုရီးယားနဲ့ ဂျပန်မှာ လူသိများအောင်မြင်အောင်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် သူမရဲ့ အသက်ဟာ ၃၂ နှစ်အရွယ်ရောက်နေပြီဖြစ်ပြီး ဒီနေ့အချိန်ထိတိုင်အောင် တစ်ကိုယ်တော်အဆိုတော်အဖြစ်နဲ့ အောင်မြင်နေဆဲပါ။

“Woman” – BOA

3. H.O.T

K-pop လောကရဲ့ 1st Generation ဖြစ်တဲ့ H.O.T ရဲ့ အောင်မြင်မှုကို သိမှီခဲ့ကြသူတွေဆိုရင်တော့ ဒီလိုမျိုးရွေးချယ်ပေးထားမှုကို အပြည့်အ၀သဘောတူကြမှာပါ။ သူတို့အဖွဲ့ရဲ့ ဟစ်သီချင်းတွေဖြစ်ကြတဲ့ “Candy” နဲ့ “We Are The Future” ဟာဆိုရင် K-pop ရဲ့ ပြယုဂ်တွေလို့တောင် သတ်မှတ်လို့ရလောက်ပါတယ်။

“Candy” – H.O.T

ကျွမ်းကျင်ပညာရှင်တွေကတော့ TVXQ နဲ့ H.O.T တို့ ၂ ဖွဲ့လုံးဟာ K-pop လောကရဲ့ 1st Generation နဲ့ 2nd Generation မှာ အအောင်မြင်ဆုံးတွေဖြစ်တယ်လို့ ရွေးချယ်ပေးထားကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် BOA အပါအ၀င် သူတို့တွေဟာ ကိုရီးယားအနုပညာလှိုင်းကို နိုင်ငံတကာကို စတင်ရိုက်ခတ်လာစေအောင် အခြေတည်ပေးခဲ့ကြသူတွေဖြစ်တယ်လို့လည်း သတ်မှတ်ထားကြပါတယ်။

Ref : Koreaboo
Mia (Momolay)

Add a Comment

Your email address will not be published. Required fields are marked *