Comic သီအိုရီ တွေအရ Thorရဲ့ တူကို ကို မနိုင်ခဲ့တဲ့ စွမ်းအားရှင်များ
၂။ Wonder Woman
၃။ Superman
၎။ Hulk
၅ ။ Loki
Unicode
ဆယ်နှစ်တာ တည်ဆောက်လာခဲ့တဲ့ MCU ရဲ့ အသန်မာဆုံး စွမ်းအားအပြည့်ဆုံး Avenger တစ်ယောက်ဖြစ်ပေမယ့် ဘဝရဲ့ စွန့်လွှတ်လိုက်ရတဲ့ အရာတွေများလာလို့ သူစွမ်းအားတွေကို Nerf ထားသလိုခံစားရတဲ့ Hero တစ်ယောက် ရှိပါတယ် ။ သူကတော့ ကျနော်တို့သိတဲ့ Asgard က God of Thunder ကြီး Mighty Thor ပဲဖြစ်ပါတယ်။ Thor နဲ့ အတူကျနော်တို့ တွဲသိရတဲ့ အရာတွေလည်း ရှိပါတယ် ။ အဲ့တာကတော့ သူရဲ့ လက်နက်တွေဖြစ်တဲ့ Mjolnir နဲ့ Strom Breaker တို့ပဲဖြစ်ပါတယ် ။ ကျနော်တို့ တွေကြားမှာတော့ Mjolnir ကို တူလို့ခေါ်ကြပြီး Strom Breaker ကိုတော့ပေါက်ဆိန်ကြီးလို့ ခေါ်ကြပါတယ်။ အခုကျနော်တို့ မိတ်ဆွေတွေကို တင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ Thor ရဲ့ တူကို မနိုင်တဲ့ လူတွေအကြောင်းပဲ ဖြစ်ပါတယ် ။ ဒါကတော့ ထင်မြင်ယူဆချက်တွေသက်သက်မဟုတ်ပဲ Fan Theory တွေ Volting စနစ်တွေနဲ့ ခန့်မှန်းတွက်ချက်ထားတဲ့ Web တစ်ခုရဲ့ စစ်တမ်းထဲက လူကြိုက်များတဲ့ MCU နဲ့ DCEU ထဲက Hero တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
၁။ Steve Roger ( Captain America )
ပရိသတ်တချို့က Age Of Ultron ထဲမှာ Cap တူကိုမတဲ့အချိန်မှာ မမနိုင်ခဲ့တာကို အံ့အားသင့်ခဲ့ကြပါတယ်။ အဲ့ဒါကလည်း Cap ရဲ့ Super Soldier စွမ်းရည်တွေဟာ လုံလောက်တဲ့ အခြေနေကို ရောက်ရှိမနေလို့ဖြစ်တယ် ဆိုပြီး ပြောကြပါတယ်။ ဒါပေမယ့် End Game ထဲမှာတော့ Cap က တူကိုကိုင်ပြီး ကောင်းကောင်းကြီး အသုံးချနေတာကို တွေ့ရမှာပါ ။ နောက်ပြီး အဲ့ဒီအချိန်မှာ Thor ပြောတဲ့ I Knew it ဆိုတာကိုတော့ Cap ရဲ့ အမာခံပရိသတ်တွေဆိုရင်လည်း သိပြီးသားဖြစ်မှာပါ ။ ဘာလို့လဲဆိုရင် Cap ဟာ Thor ရဲ့တူကို ဒီတစ်ချိန်တည်း မနိုင်ခဲ့တာ မဟုတ်ပါဘူး ။ Thor #390 Comic မှာ Grog နဲ့ သူတပ်တွေကို တိုက်ခိုက်ရတုန်းကလည်း Cap ကမခဲ့ပါသေးတယ် ။
၂။ Wonder Woman
DC ရဲ့ ဟီးရိုးတွေထဲမှာတော့ အင်အားပြည့်ဖြိုးတဲ့ နောက်ထပ် Hero တစ်ယောက်ဖြစ်တဲ့ WW ကိုတော့ Comic မဖတ်ဘူးရင်တောင် Gal Gadot ကြောင့် သူဘယ်လိုလဲစွမ်းလဲ ဆိုတဲ့ စွမ်းရည်အချို့ကို သိပြီးသားဖြစ်မှာပါ ။ ဒါပေမယ့် သူကလည်း Thor ရဲ့ တူကိုမနိုင်တဲ့အထဲမှာ ပါပါတယ် ။ ၁၉၉၀ ပြည့်နှစ်တွေ့ရဲ့ အလယ်ပိုင်းနှစ်လောက်မှာ Comic ရေးဆွဲသူတွေက Avenger မတိုင်ခင်ကာလတွေမှာ Crossover တွေဖန်တီးဖို့ အကြံရပြီး Marvel Vs DC တွေ့ကြတဲ့ ဇာတ်လမ်းတွေကို ဖန်တီးရေးဆွဲခဲ့ကြပါတယ် ။ အဲ့ဒီ Comic ရဲ့ Vol.2 မှာတော့ WW ဟာ Shazam နဲ့ တိုက်ရင်းခိုက်ရင်း ကျနေခဲ့တဲ့ Thor ရဲ့ တူကိုလိုက်ရှာပြီး ပေးတဲ့အချိန်မှာ WW ဟာ Mjolnir ကို မခဲ့ဖူးပါတယ် ။
၃။ Superman
နောက်ထပ် DC က Thoe ရဲ့ တူကိုမနိုင်တဲ့ Hero တစ်ယောက်ကတော့ Sup ပါ ။ Crossover စီးရီးရဲ့ Comic တစ်ခုမှာ Krona ဆိုတဲ့ ဗီလိန်ကို Avenger တွေနဲ့ Justice League တို့ပေါင်းပြီးတိုက်ခိုက်ခဲ့ကြပါတယ်။ အဲ့ဒီအချိန် Sup တစ်ယောက်က Cap ရဲ့ Sheild ရော Thor ရဲ့ တူကိုပါ ပြိုင်တူကိုင်ပြီး တိုက်ခိုက်ခဲ့ဖူးပါတယ်။ဒါပေမယ့် Superman မှာ Mjolnir ကိုမနိုင်ဖို့ Worthy ဖြစ်တဲ့ နှလုံးသားမရှိဘူးလို့ဆိုကြပါတယ် ။ အဲ့ဒါဆို ဘာကြောင့် Mjolnir ကိုမနိုင်ခဲ့တာလဲဆိုပြီးတော့လည်း Fan တွေကြားမှာ ငြင်းခုန်စရာအကြောင်းတွေဖြစ်လာပါတယ်။ ဒါပေမယ့် Superman ဖြစ်နေခြင်းကိုက Thor ရဲ့ တူကို မနိုင်ဖို့ အကြောင်းပြချက်တစ်ခုဖြစ်တယ်လို့ သီအိုရီတစ်ခုဆိုထားပါတယ် ။
၄။ Hulk
Marvel Universe မှာ အကြမ်းဆုံး ကာရိုက်တစ်ယောက် အပါဝင်ဖြစ်တဲ့ Hulk ကိုလည်း Mjolinr ကိုမနိုင်တဲ့ သူတစ်ယောက် ဖြစ်ဖို့ Comic ဖန်တီးသူတွေ စိတ်ကူးရခဲ့တာကတော့ ပရိသတ်တွေရဲ့ အံ့သြစရာကောင်းတဲ့ စိတ်ကူးစိတ်သန်းတွေကြောင့်လို့ဆိုပါတယ် ။ Comic တစ်ခုမှာတော့ Odin က Thor နဲ့ Hulk ကို ညီမျှတဲ့ အခြေအနေတစ်ခုနဲ့ ဘယ်သူက အသန်မာဆုံးလဲဆိုတာ သိဖို့ တိုက်ခိုက်စေခိုင်းခဲ့ပါတယ် ။ အဲ့ဒီလို တိုက်ခိုက်ခိုင်းတဲ့အချိန်မှာတော့ Hulk ကို Mjolinr မနိုင်ဖို့ ဖန်တီးပေးခဲ့ပါတယ် ။
၅ ။ Loki
ဒီစာရင်းထဲမှာ Loki ပါနေလို့ အံ့သြသွားကြမယ်ထင်ပါတယ် ။ ဟုတ်ပါတယ် အံ့သြရင်လည်း အံ့သြစရာပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ Loki ဆိုတာက လှည့်စားမှုတို့ရဲ့ မင်းသားလေး လို့ တင်စားခေါ်ဝေါ်ပြီး ဘွဲ့ပေးထားရတဲ့ ကာရိုက်တာ တစ်ယောက်မို့လို့ပါပဲ။ ဒါပေမယ့် X-men နဲ့ Crossover တစ်ခုမှာတော့ Loki ဟာ Thor ရဲ့တူကိုမပြီး အပြည့်အဝအသုံးချနိုင်ခဲ့ပါတယ် ။ အခုကျနော်တို့ တင်ဆက်ပေးသွားတဲ့ အကြောင်းအရာလေးပေါ်မှ သင်တို့ မြင်တဲ့ အမြင်တွေကိုလည်း ပြန်လည်ဝေမျှပေးသွားကြပါဦး ခင်ဗျာ ။
Add a Comment
Your email address will not be published. Required fields are marked *