ဘယ္အခ်ိန္ၾကည့္ၾကည့္ လူႀကိဳက္အမ်ားဆံုး ကာတြန္းကားမ်ား –

က်ေနာ္တို႔မေမြးခင္ကာလ ကတည္းက တည္႐ိွေနၿပီး အခုခ်ိန္ထိ ကေလးေတြကို အကုန္လံုးနီးပါးနဲ့ ရင္းနီးရတဲ့အရာေတြရိွပါတယ္။ အဲ့ဒီလို ရင္းနီးလာတဲ့အရာေတြထဲမွာ ကစားနည္းမ်ိဳးစံုရိွသလို ကစားစရာမ်ိဳးစံုနဲ႔ ေဖ်ာ္ေျဖေရးအစီစဥ္ေတြ မ်ိဳးစံုကလည္း ပါဝင္ေနပါတယ္ ။ ပါဝင္ေနတဲ့ ေဖ်ာ္ေျဖေရး အစီစဥ္ေတြထဲမွာေတာ့ TV အစီစဥ္ေတြ ဒါမွမဟုတ္ တခ်ိဳ႕ ပြဲလမ္းသဘင္ေတြကို ထည့္သြင္းသတ္မွတ္ထားပါတယ္ ။ TV အစီစဥ္ေတြထဲမွာဆိုရင္ေတာ့ ကေလးေတြ အႀကိဳက္ဆံုးျဖစ္တဲ့ အရာတစ္ခုကေတာ့ ကာတြန္းကားေတြပါပဲ ။ ကေလးေတြကေတာ့ ကာတြန္းကားေတာ္ေတာ္မ်ားမ်ားႀကိုက္ၾကတာကေတာ့ အားလံုးအထူးတလည္လုပ္ၿပီးေျပာျပေနစရာလိုမယ္မထင္ပါဘူး ။ အခုက်ေနာ္တို႔ မိတ္ေဆြေတြကို တင္ဆက္ေပးသြားခ်င္တဲ့ အေၾကာင္းအရာကေတာ့ Ranker ဆိုတဲ့ အင္တာနက္ဝဘ္ဆိုဒ္တစ္ခုကေန စစ္တမ္းေကာက္ယူထားတဲ့ ကေလးေတြအတြြက္ အေကာင္းဆံုး ကာတြန္းကားေတြပဲ ျဖစ္ပါတယ္ ။ ဘယ္ကာတြန္းကားေတြ ပါေနမလဲဆိုတာကို ဆက္ဖတ္ၾကည့္လိုက္ၾကပါ့ဦး ခင္ဗ်ာ။

၁ ။ Looney Tunes

၁၉၃၀ ျပည့္ႏွစ္ ကေနစၿပီး ၁၉၆၉ အတြင္းမွာ ထုတ္လႊင့္ျပသခဲ့တဲ့ အေမရိကန္ ကာတြန္းစီးရီး တစ္ခုျဖစ္တဲ့ Warner Bros ရဲ႕ Lonney Tune ကိုေတာ္ေတာ္မ်ားမ်ား ကာတြန္းႀကိဳက္တဲ့ သူေတြ သိရိွၿပီးသားျဖစ္မွာပါ ။ Looney Tune ကို နာမည္ေပးျဖစ္တာကေတာ့ Walt’s Disney ရဲ႕ Musical စီးရီးတစ္ခုျဖစ္တဲ့ Silly Symphonies ရဲ႕ အေငြ႔သက္ေတြကို ယူၿပီး ေပးခဲ့တာျဖစ္ပါတယ္ ။ အဲ့ဒီကာတြန္းဇာတ္လမ္းအစီစဥ္ေတြ အားလံုးထဲမွာေတာ့ ကေလးေတြရဲ႕ အခ်စ္ေတာ္ ကာတြန္းဇာတ္ေကာင္တစ္္ခုျဖစ္တဲ့ Buuny ဆိုတဲ့ ယုန္င႐ႈပ္ေလးတစ္ေကာင္လည္း ပါဝင္ပါတယ္ ။

၂။ Tom and Jerry

နံပါတ္၂ ေနရာမွာ ရပ္တည္ေနတဲ့ Tom and Jerry ကေတာ့ အားလံုးအသိ ကမၻာေက်ာ္ ကာတြန္းဇာတ္လမ္းတြဲတစ္ခုပဲ ျဖစ္ပါတယ္ ။ ဒီဇာတ္လမ္းတြဲရဲ႕ ေအာင္ျမင္မႈကလည္း တကယ္ကိုေၾကာက္ခမန္းလိလိပါပဲ ။ MGM ကာတြန္း စတူဒီယိုကေန ေမြးထုတ္ေပးခဲ့တဲ့ ေၾကာင္နဲ႔ၾကြက္ကာတြန္းကားကေတာ့ ၁၉၄၆ ခုႏွစ္ကေန စတင္ၿပီးထုတ္လႊင့္ျပသခဲ့တာျဖစ္ပါတယ္။ Spin- Off အေနနဲ႔ အမ်ားႀကီးလည္း ရိုက္ကူးထုတ္လုပ္ခဲ့ပါတယ္ ။ Animated ဇာတ္လမ္းေတြအတြက္ ေပးတဲ့ အကယ္ဒမီဆုကိုလည္း ၇ ႀကိမ္တိတိရ႐ိွခဲ့တဲ့ အထိေအာင္ျမင္ခဲ့တဲ့ ကာတြန္းကားေလးျဖစ္ပါတယ္။

၃။ Duck Tales

ဒီကာတြန္းကေတာ့ က်ေနာ္တို႔ ၉၀ ျပည့္ႏွစ္ဖြားေတြထဲက ငယ္ငယ္ ျမန္မာကာတြန္းစာအုပ္ေတြ ဖတ္ျဖစ္ခဲ့ဖို႔ ဝါသနာပါခဲ့တဲ့သူတစ္ေယာက္ဆိုရင္ေတာ့ ဘဲကပ္ေစးအျဖစ္နဲ႔ေတာင္ ျမန္မာမႈျ့ပဳ ခံခဲ့ရတဲ့ ကာတြန္းကားေလးပဲျဖစ္ပါတယ္ ။ ဒီဇာတ္ကားကေတာ့ နာမည္ေက်ာ္ကာတြန္းကားေတြ အမ်ားႀကီးကို ရိုက္ကူးတင္ဆက္ခဲ့တဲ့ Disney စတူဒီယိုက ၁၉၈၇ ခုႏွစ္ စက္တင္ဘာလ ၁၈ရက္ ေန႔မွာ စတင္႐ိုက္ကူးထုတ္လႊင့္ခဲ့တဲ့ ကာတြန္းကားျဖစ္ၿပီး အပိုင္း၁၀၀ တိတိ ထုတ္လႊင့္တင္ဆက္ေပးခဲ့ပါတယ္ ။

၄။ Scooby Doo, Where Are You!

ေနာက္ထပ္ ဒီစာရင္းထဲမွာ ေနာက္ထပ္ပါဝင္ေနတဲ့ ကို CBS ကေနၿပီး ၁၉၆၉ ခုႏွစ္ စက္တင္ဘာမွာ စတင္ထုတ္လႊင္ခဲ့ပါတယ္ ။ ပထမဆံုး ထုတ္လႊင့္ေပးလိုက္တဲ့ ပထမဆံုး Season မွာ ၂၅ ပိုင္းပါဝင္ခဲ့ပါတယ္ ။ ဒီကာတြန္းကိုလည္း Live Action အျဖစ္ျပန္အသက္သြင္းထားတာ႐ိွပါေသးတယ္ ။ ဒါေပမယ့္ ထင္သေလာက္ႀကီးမေအာင္ ျမင္ခဲ့ပါဘူး ။ အတြဲညီလွတဲ့ ေခြးေလးတစ္ေကာင္နဲ႔ သူ႔သခင္ တို႔ရဲ႕ ရယ္ရႊင္ေမာဖြယ္ရာ ဇာတ္လမ္းေလးကို က်ေနာ္တို႔ ငယ္စဥ္ကတည္းက အခုခ်ိန္ထိ ျပန္ၾကည့္ေနၾကတုန္းပဲ မဟုတ္လား ။

၅။ The Flintstones

[

ေနာက္ထပ္ အေမရိကန္ကာတြန္း ဇာတ္လမ္းအဆက္ေတြ ျဖစ္တဲ့ The Flinstones ကလည္း ဒီစာရင္းထဲမွာ ပါဝင္ႏိုင္ပါတယ္ ။ အပိုင္းေပါင္း ၁၆၆ပိုင္းကို Season ၆ ခုနဲ႔ ၁၉၆၀ ျပည့္ႏွစ္ကေနစၿပီး ႐ိုက္ကူးထုတ္လႊင့္ခဲ့တာ ျဖစ္ပါတယ္ ။ ေက်ာက္ေခတ္က လူတစ္ေယာက္ ရဲ႕ အသက္ရွင္ေနထိုင္မႈေတြကို ပံုေဖာ္ၿပီး တင္ဆက္ရိုက္ကူးထားတဲ့ ဒီဇာတ္လမ္းေတြကေတာ့ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ သိပ္ၿပီးနာမည္မႀကီးခဲ့ေပမယ့္ ကေလးေတြအတြက္ အေကာင္းဆံုး ကာတြန္း စာရင္းထဲမွာေတာ့ ပါဝင္ေနပါတယ္ ။ က်ေနာ္တို႔ေဖာ္ျပခဲ့တဲ့ စာရင္းေလးကို ဖတ္ၿပီးမိတ္ေဆြတို႔ရဲ႕ အျမင္ေတြကိုလည္း ေျပာျပေပးသြားၾကပါဦးခင္ဗ်ာ ။

Unicode

ကျနော်တို့မမွေးခင်ကာလ ကတည်းက တည်ရှိနေပြီး အခုချိန်ထိ ကလေးတွေကို အကုန်လုံးနီးပါးနဲ့ ရင်းနီးရတဲ့အရာတွေရှိပါတယ်။ အဲ့ဒီလို ရင်းနီးလာတဲ့အရာတွေထဲမှာ ကစားနည်းမျိုးစုံရှိသလို ကစားစရာမျိုးစုံနဲ့ ဖျော်ဖြေရေးအစီစဉ်တွေ မျိုးစုံကလည်း ပါဝင်နေပါတယ် ။ ပါဝင်နေတဲ့ ဖျော်ဖြေရေး အစီစဉ်တွေထဲမှာတော့ TV အစီစဉ်တွေ ဒါမှမဟုတ် တချို့ ပွဲလမ်းသဘင်တွေကို ထည့်သွင်းသတ်မှတ်ထားပါတယ် ။ TV အစီစဉ်တွေထဲမှာဆိုရင်တော့ ကလေးတွေ အကြိုက်ဆုံးဖြစ်တဲ့ အရာတစ်ခုကတော့ ကာတွန်းကားတွေပါပဲ ။ ကလေးတွေကတော့ ကာတွန်းကားတော်တော်များများကြိုက်ကြတာကတော့ အားလုံးအထူးတလည်လုပ်ပြီးပြောပြနေစရာလိုမယ်မထင်ပါဘူး ။ အခုကျနော်တို့ မိတ်ဆွေတွေကို တင်ဆက်ပေးသွားချင်တဲ့ အကြောင်းအရာကတော့ Ranker ဆိုတဲ့ အင်တာနက်ဝဘ်ဆိုဒ်တစ်ခုကနေ စစ်တမ်းကောက်ယူထားတဲ့ ကလေးတွေအတွက် အကောင်းဆုံး ကာတွန်းကားတွေပဲ ဖြစ်ပါတယ် ။ ဘယ်ကာတွန်းကားတွေ ပါနေမလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ကြပါ့ဦး ခင်ဗျာ။

၁ ။ Looney Tunes
၁၉၃၀ ပြည့်နှစ် ကနေစပြီး ၁၉၆၉ အတွင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ အမေရိကန် ကာတွန်းစီးရီး တစ်ခုဖြစ်တဲ့ Warner Bros ရဲ့ Lonney Tune ကိုတော်တော်များများ ကာတွန်းကြိုက်တဲ့ သူတွေ သိရှိပြီးသားဖြစ်မှာပါ ။ Looney Tune ကို နာမည်ပေးဖြစ်တာကတော့ Walt’s Disney ရဲ့ Musical စီးရီးတစ်ခုဖြစ်တဲ့ Silly Symphonies ရဲ့ အငွေ့သက်တွေကို ယူပြီး ပေးခဲ့တာဖြစ်ပါတယ် ။ အဲ့ဒီကာတွန်းဇာတ်လမ်းအစီစဉ်တွေ အားလုံးထဲမှာတော့ ကလေးတွေရဲ့ အချစ်တော် ကာတွန်းဇာတ်ကောင်တစ်ခုဖြစ်တဲ့ Buuny ဆိုတဲ့ ယုန်ငရှုပ်လေးတစ်ကောင်လည်း ပါဝင်ပါတယ် ။

၂။ Tom and Jerry

နံပါတ်၂ နေရာမှာ ရပ်တည်နေတဲ့ Tom and Jerry ကတော့ အားလုံးအသိ ကမ္ဘာကျော် ကာတွန်းဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ် ။ ဒီဇာတ်လမ်းတွဲရဲ့ အောင်မြင်မှုကလည်း တကယ်ကိုကြောက်ခမန်းလိလိပါပဲ ။ MGM ကာတွန်း စတူဒီယိုကနေ မွေးထုတ်ပေးခဲ့တဲ့ ကြောင်နဲ့ကြွက်ကာတွန်းကားကတော့ ၁၉၄၆ ခုနှစ်ကနေ စတင်ပြီးထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ Spin- Off အနေနဲ့ အများကြီးလည်း ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ် ။ Animated ဇာတ်လမ်းတွေအတွက် ပေးတဲ့ အကယ်ဒမီဆုကိုလည်း ၇ ကြိမ်တိတိရရှိခဲ့တဲ့ အထိအောင်မြင်ခဲ့တဲ့ ကာတွန်းကားလေးဖြစ်ပါတယ်။

၃။ Duck Tales
ဒီကာတွန်းကတော့ ကျနော်တို့ ၉၀ ပြည့်နှစ်ဖွားတွေထဲက ငယ်ငယ် မြန်မာကာတွန်းစာအုပ်တွေ ဖတ်ဖြစ်ခဲ့ဖို့ ဝါသနာပါခဲ့တဲ့သူတစ်ယောက်ဆိုရင်တော့ ဘဲကပ်စေးအဖြစ်နဲ့တောင် မြန်မာမှုြ့ပု ခံခဲ့ရတဲ့ ကာတွန်းကားလေးပဲဖြစ်ပါတယ် ။ ဒီဇာတ်ကားကတော့ နာမည်ကျော်ကာတွန်းကားတွေ အများကြီးကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ Disney စတူဒီယိုက ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၈ရက် နေ့မှာ စတင်ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ကာတွန်းကားဖြစ်ပြီး အပိုင်း၁၀၀ တိတိ ထုတ်လွှင့်တင်ဆက်ပေးခဲ့ပါတယ် ။

၄။ Scooby Doo, Where Are You!

နောက်ထပ် ဒီစာရင်းထဲမှာ နောက်ထပ်ပါဝင်နေတဲ့ ကို CBS ကနေပြီး ၁၉၆၉ ခုနှစ် စက်တင်ဘာမှာ စတင်ထုတ်လွှင်ခဲ့ပါတယ် ။ ပထမဆုံး ထုတ်လွှင့်ပေးလိုက်တဲ့ ပထမဆုံး Season မှာ ၂၅ ပိုင်းပါဝင်ခဲ့ပါတယ် ။ ဒီကာတွန်းကိုလည်း Live Action အဖြစ်ပြန်အသက်သွင်းထားတာရှိပါသေးတယ် ။ ဒါပေမယ့် ထင်သလောက်ကြီးမအောင် မြင်ခဲ့ပါဘူး ။ အတွဲညီလှတဲ့ ခွေးလေးတစ်ကောင်နဲ့ သူ့သခင် တို့ရဲ့ ရယ်ရွှင်မောဖွယ်ရာ ဇာတ်လမ်းလေးကို ကျနော်တို့ ငယ်စဉ်ကတည်းက အခုချိန်ထိ ပြန်ကြည့်နေကြတုန်းပဲ မဟုတ်လား ။

၅။ The Flintstones

နောက်ထပ် အမေရိကန်ကာတွန်း ဇာတ်လမ်းအဆက်တွေ ဖြစ်တဲ့ The Flinstones ကလည်း ဒီစာရင်းထဲမှာ ပါဝင်နိုင်ပါတယ် ။ အပိုင်းပေါင်း ၁၆၆ပိုင်းကို Season ၆ ခုနဲ့ ၁၉၆၀ ပြည့်နှစ်ကနေစပြီး ရိုက်ကူးထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ် ။ ကျောက်ခေတ်က လူတစ်ယောက် ရဲ့ အသက်ရှင်နေထိုင်မှုတွေကို ပုံဖော်ပြီး တင်ဆက်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွေကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ သိပ်ပြီးနာမည်မကြီးခဲ့ပေမယ့် ကလေးတွေအတွက် အကောင်းဆုံး ကာတွန်း စာရင်းထဲမှာတော့ ပါဝင်နေပါတယ် ။ ကျနော်တို့ဖော်ပြခဲ့တဲ့ စာရင်းလေးကို ဖတ်ပြီးမိတ်ဆွေတို့ရဲ့ အမြင်တွေကိုလည်း ပြောပြပေးသွားကြပါဦးခင်ဗျာ ။

Add a Comment

Your email address will not be published. Required fields are marked *