ႏွလံုးမ႐ွိဘဲ အသက္႐ွင္သန္ေနထိုင္ေနတဲ့ ကမၻာ့ပထမဆံုးလူသား

အေမရိကန္ႏို္င္ငံ၊ တကၠဆက္ျပည္နယ္က အသက္ ၅၅ ႏွစ္အရြယ္ Craig Lewis ဟာ အသက္အႏၱရာယ္ႀကီးမားလြန္းတဲ့ ႏွလံုးေရာဂါေဝဒနာတမ်ိဳးကုိခံစားေနရတာပါ။ သူဟာ Amyloidosis လို႔ေခၚတဲ့ ႏွလံုးေရာဂါတမ်ိဳးကို ခံစားေနရတာျဖစ္ၿပီး အခ်ိန္မေရြးအသက္ပါသြားႏိုင္တာျဖစ္ပါတယ္။

Amyloidosis ေရာဂါဆိုတာကေတာ့ ႐ိုးတြင္းခ်ဥ္ဆီထဲမွာ ပံုမွန္မဟုတ္တဲ့ ပ႐ိုတိန္းဓာတ္တစ္မ်ိဳး ထြက္႐ွိေနၿပီး အဲ့ဒီ ပ႐ိုတိန္းဓာတ္က ထုတ္လႊတ္လာတဲ့ အညစ္အေၾကးအဆိပ္အေတာက္ေတြဟာ ႏွလံုးမွာသြားေရာက္စုပံုေနတာမ်ိဳးျဖစ္တဲ့ ႐ွားပါးေရာဂါပံုစံတမ်ိဳးျဖစ္တယ္လ္ို႔ သိရၿပီး သူ႕ကို Texas Heart Institute တကၠဆက္ႏွလံုးေရာဂါအထူးကုစင္တာမွာ ကုသမႈခံယူေစခဲ့ရတာျဖစ္ပါတယ္။

သူ႕ကုိ တကၠဆက္ႏွလံုးစင္တာမွာ ကုသမွုခံယူေစခဲ့ရာမွာေတာ့ ေဒါက္တာ Billy Cohn နဲ႔ ေဒါက္တာ Bud Frazier တို႔က တာဝန္ယူကုသခဲ့တာျဖစ္ၿပီး ဆရာဝန္ႏွစ္ဦးရဲ႕ စြမ္းေဆာင္မႈနဲ႔ သူဟာ ကမၻာ့ပထမဆံုးအေနနဲ႔ ကိုယ္တြင္းအဂၤါမွာ ႏွလံုးမပါဝင္ဘဲ အသက္႐ွင္ေနထိုင္ႏိုင္တဲ့ လူသားျဖစ္လာခဲ့ပါတယ္။

သူ႕ရဲ႕ ႏွလံုးကိုဖယ္ထုတ္ပစ္လိုက္ၿပီး ႏွလံုးခုန္စရာမလိုဘဲ ခႏၶာကိုယ္မွာ ပံုမွန္အတိုင္း ေသြးလည္ပတ္စီးဆင္းႏိုင္ေအာင္ “continuous flow” device ဆိုတဲ့ ႏွလံုးအစားထိုး စက္ကိရိယာတစ္မ်ိဳးကို တပ္ဆင္ေပးခဲ့ၿပီး အဲ့ဒီ ကိရိယာရဲ႕အကူအညီနဲ႔ ႏွလံုးမ႐ွိဘဲ အသက္႐ွင္သန္ေနထိုင္ႏိုင္ေအာင္ ေဒါက္တာႏွစ္ဦးက စြမ္းေဆာင္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ႏွလံုးတစ္ခုလံုးရဲ႕ေနရာမွာ ဒီကိရိယာကိုတပ္ဆင္ေပးၿပီးေနာက္မွာ လူနာခရိတ္ခ္ဟာ စက္တပ္ဆင္ၿပီး ေန႔တြင္းခ်င္းမွာပဲ က်န္းမာေရးျပန္လည္ေကာင္းမြန္လာလို႔ ထူထူေထာင္ေထာင္ျဖစ္လာခဲ့ၿပီး ဆရာဝန္ေတြနဲ႔ပါ စကားေျပာဆိုေနႏိုင္ခဲ့တာကို ေတြ႕ခဲ့ၾကရတာ ျဖစ္ပါတယ္။

ေဒါက္တာကြန္းဟာ လူရဲ့ႏွလံုးကို အစားထိုးဖို႔ (သို႔) ျပဳျပင္ကုသႏိုင္ဖုိ႔ သုေတသနလုပ္ေဆာင္ေနသူ သိပၸံပညာရွင္ ခြဲစိတ္ဆရာဝန္တစ္ဦးျဖစ္ပါတယ္။ သူဟာ ေဒါက္တာ ဖေရဇီယာနဲ႔ ပူးေပါင္းကာ LVADs ဆိုတဲ့ ႏွလံုးအစားထိုး ေထာက္ကူစက္ကိရိယာ နည္းပညာသစ္ကို အသံုးျပဳၿပီး တိရစၧာန္သားေပါက္ အေကာင္ငယ္ ၇၀ ကို စမ္းသပ္ေလ့လာခဲ့ရာမွာ တိရစၧာန္ေလးေတြဟာ ႏွလံုးတခ်က္မခုန္ဘဲ ပံုမွန္အသက္႐ွင္ေနတဲ့အတိုင္း စားေသာက္နိင္၊ သြားႏိုင္လာႏိုင္ၿပီး တိရစၧာန္အခ်င္းခ်င္းလည္း ပံုမွန္အတိုင္း အျပန္အလွန္ဆက္သြယ္႐ွင္သန္ႏိုင္ေၾကာင္း ေလ့လာေတြ႕႐ွိခဲ့ၾကတာ ျဖစ္ပါတယ္။

Unicode

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်က အသက် ၅၅ နှစ်အရွယ် Craig Lewis ဟာ အသက်အန္တရာယ်ကြီးမားလွန်းတဲ့ နှလုံးရောဂါဝေဒနာတမျိုးကိုခံစားနေရတာပါ။ သူဟာ Amyloidosis လို့ခေါ်တဲ့ နှလုံးရောဂါတမျိုးကို ခံစားနေရတာဖြစ်ပြီး အချိန်မရွေးအသက်ပါသွားနိုင်တာဖြစ်ပါတယ်။

Amyloidosis ရောဂါဆိုတာကတော့ ရိုးတွင်းချဉ်ဆီထဲမှာ ပုံမှန်မဟုတ်တဲ့ ပရိုတိန်းဓာတ်တစ်မျိုး ထွက်ရှိနေပြီး အဲ့ဒီ ပရိုတိန်းဓာတ်က ထုတ်လွှတ်လာတဲ့ အညစ်အကြေးအဆိပ်အတောက်တွေဟာ နှလုံးမှာသွားရောက်စုပုံနေတာမျိုးဖြစ်တဲ့ ရှားပါးရောဂါပုံစံတမျိုးဖြစ်တယ်လို့ သိရပြီး သူ့ကို Texas Heart Institute တက္ကဆက်နှလုံးရောဂါအထူးကုစင်တာမှာ ကုသမှုခံယူစေခဲ့ရတာဖြစ်ပါတယ်။

သူ့ကို တက္ကဆက်နှလုံးစင်တာမှာ ကုသမှုခံယူစေခဲ့ရာမှာတော့ ဒေါက်တာ Billy Cohn နဲ့ ဒေါက်တာ Bud Frazier တို့က တာဝန်ယူကုသခဲ့တာဖြစ်ပြီး ဆရာဝန်နှစ်ဦးရဲ့ စွမ်းဆောင်မှုနဲ့ သူဟာ ကမ္ဘာ့ပထမဆုံးအနေနဲ့ ကိုယ်တွင်းအင်္ဂါမှာ နှလုံးမပါဝင်ဘဲ အသက်ရှင်နေထိုင်နိုင်တဲ့ လူသားဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ နှလုံးကိုဖယ်ထုတ်ပစ်လိုက်ပြီး နှလုံးခုန်စရာမလိုဘဲ ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း သွေးလည်ပတ်စီးဆင်းနိုင်အောင် “continuous flow” device ဆိုတဲ့ နှလုံးအစားထိုး စက်ကိရိယာတစ်မျိုးကို တပ်ဆင်ပေးခဲ့ပြီး အဲ့ဒီ ကိရိယာရဲ့အကူအညီနဲ့ နှလုံးမရှိဘဲ အသက်ရှင်သန်နေထိုင်နိုင်အောင် ဒေါက်တာနှစ်ဦးက စွမ်းဆောင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

နှလုံးတစ်ခုလုံးရဲ့နေရာမှာ ဒီကိရိယာကိုတပ်ဆင်ပေးပြီးနောက်မှာ လူနာခရိတ်ခ်ဟာ စက်တပ်ဆင်ပြီး နေ့တွင်းချင်းမှာပဲ ကျန်းမာရေးပြန်လည်ကောင်းမွန်လာလို့ ထူထူထောင်ထောင်ဖြစ်လာခဲ့ပြီး ဆရာဝန်တွေနဲ့ပါ စကားပြောဆိုနေနိုင်ခဲ့တာကို တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။

ဒေါက်တာကွန်းဟာ လူရဲ့နှလုံးကို အစားထိုးဖို့ (သို့) ပြုပြင်ကုသနိုင်ဖို့ သုတေသနလုပ်ဆောင်နေသူ သိပ္ပံပညာရှင် ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ သူဟာ ဒေါက်တာ ဖရေဇီယာနဲ့ ပူးပေါင်းကာ LVADs ဆိုတဲ့ နှလုံးအစားထိုး ထောက်ကူစက်ကိရိယာ နည်းပညာသစ်ကို အသုံးပြုပြီး တိရစ္ဆာန်သားပေါက် အကောင်ငယ် ၇၀ ကို စမ်းသပ်လေ့လာခဲ့ရာမှာ တိရစ္ဆာန်လေးတွေဟာ နှလုံးတချက်မခုန်ဘဲ ပုံမှန်အသက်ရှင်နေတဲ့အတိုင်း စားသောက်နိင်၊ သွားနိုင်လာနိုင်ပြီး တိရစ္ဆာန်အချင်းချင်းလည်း ပုံမှန်အတိုင်း အပြန်အလှန်ဆက်သွယ်ရှင်သန်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *