လူသားေတြေၾကာင့္ ကမၻာႀကီး ပူေနြးလာေစတာ ေသခ်ာတဲ့အေၾကာင္းအရင္းမ်ား

ကမာၻႀကီး ပူေႏြးလာျခင္းဆိုတာကေတာ့ ၂၀ ရာစုႏွစ္ပိုင္ အလယ္ပိုင္းကာလမွာစၿပီး ကမာၻ႔ေျမမ်က္ႏွာျပင္နဲ႔နီွးကပ္ေနတဲ့ ေလထုေတြနဲ႔ ပင္လယ္ေရ အပူခ်ိန္ တိုးျမင့္လာျခင္းကို ေျပာတာပါ ။ အခုခ်ိန္မွာလည္း အပူခ်ိန္ ဆက္လက္ တိုးျမင့္ေနဆဲျဖစ္ပါတယ္ ။ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ အစိုးရအၾကား အဖြဲ႕အစည္းက (Intergovernmental Panel on Climate Change, IPCC) ၂၀၀၇ ခုႏွစ္မွာ ထုတ္ျပန္ထားတဲ့ အစီရင္ခံစာအရ ၂၀ ရာစုႏွစ္အတြင္း ကမာၻ႔မ်က္ႏွာျပင္ အပူခ်ိန္ 0.18 °C တိုးျမင့္လာတယ္လို႔ဆိုထားပါတယ္ ။

ကမၻာႀကီး ပူေႏြးလာမႈကို အဓိကသက္ေသျပေနတဲ့ အေၾကာင္းအရာ တစ္ခုကေတာ့ ထိတ္လန္႔စရာေကာင္းလွပါတယ္ ။ ေျမာက္ဝင္႐ိုးစြန္းမွာ ႐ိွေနတဲ့ ေရခဲျပင္ေတြ ေပ်ာ္က်တာေနတဲ့ ႏႈန္းဟာ အရင္ကထက္ ျမန္ျမန္ဆန္ဆန္ ျဖစ္လာေနပါတယ္ ။ အႏၱာတိက တိုက္ရဲ႕ ေတာင္ဘက္စြန္းကမ္း႐ိုးတန္းေတြမွာရိွေနတဲ့ ေရခဲျပင္ေတြဟာ ေၾကာက္စရာေကာင္းေလာက္တဲ့ အ႐ိွန္တစ္ခုနဲ႔ ေၾကာက္စရာေကာင္းေလာက္ေအာင္ ေပ်ာ္ဝင္ေနတယ္လို႔ သိပၸံပညာရွင္ေတြက ေျပာထားပါတယ္ ။ ၿပီးခဲ့တဲ့ ေနာက္ဆံုးေလ့လာခ်က္တစ္ခုအရ မိုးေလဝသနဲ႔ ဇလေဗဒ ၿဂိဳဟ္တုကေနခန္႔မွန္းတြက္လို႔ရတဲ့ အခ်က္ေတြကေတာ့ ကမၻာ့ေလထုဟာ 1920 ခုႏွစ္ကစၿပီးတစ္ျဖည္းျဖည္းနဲ႔ အပူခ်ိန္ျမင့္တတ္လာေနတယ္လို႔ဆိုပါတယ္ ။

အဲ့ဒီလိုေျပာင္းလဲလာျခင္းေတြကလည္း က်ေနာ္တို႔ လူသားေတြရဲ႕ အျပစ္ေတြအမ်ားႀကီးပါဝင္ေနပါတယ္ ။ေရခဲျပင္ ေပ်ာ္က်မႈေၾကာင့္ ပင္လယ္ေရမ်က္ႏွာျပင္ ေၾကာင့္ ပင္လယ္မ်က္ႏွာျပင္ ျမင့္တက္လာမႈဟာ 4.5 စင္တီမီတာ ျမင့္တက္လာပါတယ္။ လူသားေတြရဲ႕စက္တပ္ယဥ္ အဆမတန္ သံုးစြဲလာမႈေတြကေန ဖန္လံုအိမ္ အာနိသင္ဓာတ္ေငြ႕ကို အမ်ားဆံုး ထုတ္လြွင့္ေပးေနၿပီး လူဦးေရထူထပ္လာမႈေတြကလည္း ကမၻာႀကီးပူေနြးလာမႈရဲ႕ အေၾကာင္းတရားေတြပါပဲ ။ တကယ္လို႔သာ က်ေနာ္တုိ႔ေတြသံုးစြဲေနတဲ့ ဖန္လံုအိမ္ဓာတ္ေငြ႔ေတြ ထြက္ရိွႏိုင္မယ့္ ပစၥည္းေတြကို ေလ်ာ့ၿပီးသံုးတာေတြနဲ႔ သစ္ပင္ေတြ ျပန္လည္စိုက္ပ်ိဳးခ်င္းကလည္း ကမၻာႀကီးပူေႏြးလာမႈေတြကို အနည္းငယ္ ေလ်ာ့က်လာေစနိုင္ပါတယ္ ။

၂၀ ရာစုႏွစ္ လယ္ပိုင္းကာလမွ စတင္ၿပီး ပညာရွင္မ်ား ကမာၻ႔အပူခ်ိန္ တိုးျမင့္လာျခင္းကို ေစာင့္ၾကည့္ခဲ့ရာ ေရနံ လို ေက်ာက္ျဖစ္႐ုပ္ႂကြင္း ေလာင္စာမ်ားကို အသုံးခ်ျခင္း၊ သစ္ေတာမ်ား ခုတ္ထြင္ျခင္းတို႔က လူသားမ်ား ေၾကာင့္ျဖစ္ေပၚလာတဲ့ါ ဖန္လံုအိမ္အာနိသင္ သိပ္သည္းမႈ ႀကီးမားလာျခင္းက ကမၻာ့ အပူခ်ိန္ကို တိုးလာေစခဲ့ပါတယ္ ။ ကမာၻ႔အပူခ်ိန္ တိုးျမင့္လာျခင္းေၾကာင့္ ပင္လယ္ေရ မ်က္ႏွာျပင္ ျမင့္တက္လာေစကာ မိုး႐ြာသြန္းမႈ ပုံစံႏွင့္ မိုးေရခ်ိန္ကို ေျပာင္းလဲေစႏိုင္ပါတယ္။ ထိုမွတဆင့္ အပူေလ်ာ့ပိုင္းေဒသ ကႏၲာရေတြလည္း ပိုၿပီးေတာ့ က်ယ္ျပန္႔လာေစႏိုင္ပါတယ္။

Unicode

ကမ္ဘာကြီး ပူနွေးလာခြင်းဆိုတာကတော့ ၂၀ ရာစုနှစ်ပိုင် အလယ်ပိုင်းကာလမှာစပြီး ကမ္ဘာ့မြေမျက်နှာပြင်နဲ့နှီးကပ်နေတဲ့ လေထုတွေနဲ့ ပင်လယ်ရေ အပူချိန် တိုးမြင့်လာခြင်းကို ပြောတာပါ ။ အခုချိန်မှာလည်း အပူချိန် ဆက်လက် တိုးမြင့်နေဆဲဖြစ်ပါတယ် ။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအကြား အဖွဲ့အစည်းက (Intergovernmental Panel on Climate Change, IPCC) ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ ၂၀ ရာစုနှစ်အတွင်း ကမ္ဘာ့မျက်နှာပြင် အပူချိန် 0.18 °C တိုးမြင့်လာတယ်လို့ဆိုထားပါတယ် ။

ကမ္ဘာကြီး ပူနွေးလာမှုကို အဓိကသက်သေပြနေတဲ့ အကြောင်းအရာ တစ်ခုကတော့ ထိတ်လန့်စရာကောင်းလှပါတယ် ။ မြောက်ဝင်ရိုးစွန်းမှာ ရှိနေတဲ့ ရေခဲပြင်တွေ ပျော်ကျတာနေတဲ့ နှုန်းဟာ အရင်ကထက် မြန်မြန်ဆန်ဆန် ဖြစ်လာနေပါတယ် ။ အန္တာတိက တိုက်ရဲ့ တောင်ဘက်စွန်းကမ်းရိုးတန်းတွေမှာရှိနေတဲ့ ရေခဲပြင်တွေဟာ ကြောက်စရာကောင်းလောက်တဲ့ အရှိန်တစ်ခုနဲ့ ကြောက်စရာကောင်းလောက်အောင် ပျော်ဝင်နေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောထားပါတယ် ။ ပြီးခဲ့တဲ့ နောက်ဆုံးလေ့လာချက်တစ်ခုအရ မိုးလေဝသနဲ့ ဇလဗေဒ ဂြိုဟ်တုကနေခန့်မှန်းတွက်လို့ရတဲ့ အချက်တွေကတော့ ကမ္ဘာ့လေထုဟာ 1920 ခုနှစ်ကစပြီးတစ်ဖြည်းဖြည်းနဲ့ အပူချိန်မြင့်တတ်လာနေတယ်လို့ဆိုပါတယ် ။

အဲ့ဒီလိုပြောင်းလဲလာခြင်းတွေကလည်း ကျနော်တို့ လူသားတွေရဲ့ အပြစ်တွေအများကြီးပါဝင်နေပါတယ် ။ရေခဲပြင် ပျော်ကျမှုကြောင့် ပင်လယ်ရေမျက်နှာပြင် ကြောင့် ပင်လယ်မျက်နှာပြင် မြင့်တက်လာမှုဟာ 4.5 စင်တီမီတာ မြင့်တက်လာပါတယ်။ လူသားတွေရဲ့စက်တပ်ယဉ် အဆမတန် သုံးစွဲလာမှုတွေကနေ ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ကို အများဆုံး ထုတ်လွှင့်ပေးနေပြီး လူဦးရေထူထပ်လာမှုတွေကလည်း ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကြောင်းတရားတွေပါပဲ ။ တကယ်လို့သာ ကျနော်တို့တွေသုံးစွဲနေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ ထွက်ရှိနိုင်မယ့် ပစ္စည်းတွေကို လျော့ပြီးသုံးတာတွေနဲ့ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးချင်းကလည်း ကမ္ဘာကြီးပူနွေးလာမှုတွေကို အနည်းငယ် လျော့ကျလာစေနိုင်ပါတယ် ။

၂၀ ရာစုနှစ် လယ်ပိုင်းကာလမှ စတင်ပြီး ပညာရှင်များ ကမ္ဘာ့အပူချိန် တိုးမြင့်လာခြင်းကို စောင့်ကြည့်ခဲ့ရာ ရေနံ လို ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများကို အသုံးချခြင်း၊ သစ်တောများ ခုတ်ထွင်ခြင်းတို့က လူသားများ ကြောင့်ဖြစ်ပေါ်လာတဲ့ါ ဖန်လုံအိမ်အာနိသင် သိပ်သည်းမှု ကြီးမားလာခြင်းက ကမ္ဘာ့ အပူချိန်ကို တိုးလာစေခဲ့ပါတယ် ။ ကမ္ဘာ့အပူချိန် တိုးမြင့်လာခြင်းကြောင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာစေကာ မိုးရွာသွန်းမှု ပုံစံနှင့် မိုးရေချိန်ကို ပြောင်းလဲစေနိုင်ပါတယ်။ ထိုမှတဆင့် အပူလျော့ပိုင်းဒေသ ကန္တာရတွေလည်း ပိုပြီးတော့ ကျယ်ပြန့်လာစေနိုင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *