မြန်မာနိုင်ငံဟာသူ့ရဲ့ဒုတိယအိမ်ပါဆိုတဲ့ ဖိလစ်ပိုင်မော်ဒယ် Sinon Loresca ဒီနေ့မြန်မာနိုင်ငံကိုပြန်လာပါပြီ

မြန်မာနိုင်ငံမှာ ၁ ပတ်တာ ကာလခန့်မျှ လာရောက်လည်ပတ်ခဲ့တဲ့ Sinon Loresca ဟာဆိုရင် ဒေါက်အမြင့်နဲ့ CatWalk လျှောက်ပြီး နာမည်ကြီးလူတစ်ဦးလို့ လူသိများလာသလို ၊ LGBT Supporter အဖြစ်လည်း သိကြပါတယ်

ဒါဟာ အများစု သိကြတဲ့ အကြောင်းလေးပါ။ မကြာသေးမှီက မြန်မာနိုင်ငံရဲ့Miss Earth Myanmar 2019 ဝင်ရောက်ယှဉ်ပြိုင်ပြီး မြန်မာနိုင်ငံသားတွေရဲ့ နှလုံးသားကို ဖမ်းဆုပ်ထားသူ တစ်ဦးပါ။

အလှူအတန်းမှာလည်း ပြိုင်စံရှားတစ်ဦးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ သူ့ရဲ့ ဒုတိယ အိမ်အဖြစ် တင်စားခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ယခုလ ၁၃ ရက်နေ့က သူ့ရဲ့ ဒုတိယအိမ်လေးကို ပြန်လာပြီ ချစ်တယ် ၁၄ ရက်နေ့ နံနက် ၁၁ နာရီမှာ ရောက်မယ်၊ လာကြိုကြမှာလားဆိုပြီး မြန်မာပရိတ်သတ်တွေကို မေးမြန်ခဲ့ပါတယ်။ သူ့ကို ချစ်ကြသေးလား comment ရေးခဲ့ကြဦးနော် လို့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ခဲ့ပါတယ်.

အခုဆိုရင် တစ်ယောက် မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိနေပြီ ဖြစ်ပါတယ်။

သူ့ကို ချစ်တဲ့ ပရိတ်သတ်ကြီးရေ …. နောက်ထပ် နောက်ထပ် အောင်မြင်မှုတွေ ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်နော်။

Writer – ME( Shwe Yaung Lan )

Add a Comment

Your email address will not be published. Required fields are marked *