ကိုယ့္ေခါင္းကို ေက်ာက္ခဲနဲ႔ထုၿပီး သတ္ေသတယ္ဆိုတဲ့ ပခုကၠဴ ကျဖစ္ရပ္

ကုိယ့္ေခါင္းကုိ ေက်ာက္ခဲနဲ႔ထုၿပီး သတ္ေသတယ္ဆုိတာ ဟုတ္မဟုတ္အမႈဖြင့္စစ္ေဆးတဲ့ ပခုကၠဴ ကျဖစ္ရပ္

အမႈမွာဒုရဲမႉး မင္းေဇာ္ဦးသည္ ၂၀၁၉ ၇. ၁၀. ၂၀၁၉ရက္ေန႔နံနက္၁၀၀၀ အ ခ်ိန္မေကြးတိဳင္းေဒသျကီး ၊ပခုကၠဴ ျမိဳ့မရဲစခန္းတြင္စခန္းမႉး တာဝန္ေဆာင္႐ြက္ေနစဥ္ ပခုကၠဴၿမိဳ႕ အမွတ္(၁၅)ရပ္ကြက္၊ ၿမိဳ႕မလမ္းေဘး၊ ပညာေရးေကာလိပ္ေရွ႕တြင္ လူ(၁)ဦးလဲက်ေသဆုံးေနေၾကာင္း

သတင္းအရ ပခုကၠဴရဲစခန္း ကတာဝန္မုွး ဒုရဲအုပ္ယ်ာဇူးေမာင္၊ ဒုရဲအုပ္ ေက်ာ္မင္း၊ နွင့္အဖြဲ႕ သက္ေသ အမွတ္(၁၅) ရပ္ကြက္မွ ရာအိမ္မႉးမ်ားျဖစ္ေသာ ဦးေအာင္တိုး၊ ဦးေက်ာ္ေအာင္တို႔ႏွင့္အတူ သြား ေရာက္ စစ္ေဆးရာ၎ေန႕ (၀၉၄၅)အခ်ိန္ခန႔္တြင္ ေသဆုံးသူ ဦးခ်စ္ကိုသည္ စိတ္မူမမွန္သူ (စိတ္ေပါ့သြပ္သည္ပုံစံျဖင့္ ပညာေရးေကာလိပ္ေရွ႕တြင္ (၁ ဦးတည္းထိုင္ၿပီး

ေခါက္တုန႔္ေခါက္ျပန္ လမ္းေလ်ွာက္ ဖုံးေျပာျပီးေနာက္ ေဒါသမ်ား ထြက္လာၿပီး အနီးရွိ ေက်ာက္ခဲျဖင့္ ၎၏ ဦးေခါင္းအား၎ကိုယ္တိုင္ ထုရိုက္ကာ ဒဏ္ရာမ်ားရရွိ၍ လဲက်သြားသည္ကို လမ္းတစ္ဘက္ရွိကြမ္းယာဆိုင္မွ ေဈးေရာင္းေနသူ ေဒၚေအး(ခ)ေဒၚခင္ေအးမွ ျမင္ေတြ႕ရသျဖင့္ ၊ ရာအိမ္မႉး ဦးေအာင္ႀကီးထံသို႔ ဖုန္းဆက္အေၾကာင္းၾကားခဲ့ရာ ရဲတပ္ဖြဲ႕ဝင္ခဲ့ရာမ်ားႏွင့္ရာအိမ္မႉးအဖြဲ႕တို႔မွ သြားေရာက္ၾကည့္ရႈခဲ့ရာ ဦးခ်စ္ကိုမွာ

ရရွိဒဏ္ရာမ်ား ျဖင့္ေသဆုံးေနသည္ကို စစ္ေဆးေတြ႕ရွိရသျဖင့္ ဦးခ်စ္ကို ေသဆုံးမႈအား ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္/မဟုတ္ စစ္ေဆးေပးရန္ ေသမႈေသခင္း (၂၃/၂၀၁၉)ျဖင့္ေရးဖြင့္ခဲ့ၿပီး ဒုရဲမႉး မင္းေဇာ္ဦး၊ အမႈစစ္၊ စခန္းမႉး၊ ပခုကၠဴၿမိဳ႕မရဲစခန္းမုွးက အခင္းျဖစ္ရပ္စစ္ေဆးျခင္း၊ မွတ္တမ္းပုံရိုက္ကူးျခင္း၊ ေျမပုံၾကမ္းေရးဆြဲျခင္း၊ေသဆုံးသူ အေလာင္းအား ေဆးစာေရးသားေပးပို႔ျခင္း၊

တရားလိုႏွင့္သက္ေသမ်ားကို စစ္ေမးရာ ေသဆုံးသူသည္ စိတ္ေပါ့သြပ္သူပုံစံျဖင့္ ၎၏ ဦးေခါင္းအား ၎ကိုယ္တိုင္ ေက်ာက္ခဲျဖင့္ထုရိုက္၍ ဒဏ္ရာမ်ား ရရွိကာ ေသဆုံးေနသည္ကို ေတြ႕ရွိရသျဖင့္ ဓမၼတာအတိုင္း ေသဆုံးျခင္းဟုတ္/မဟုတ္ သိရွိနိုင္ရန္ ေသမႈေသခင္းေရးဖြင့္ ေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။

ဦးေသာင္းေအး(ပခုကၠဴ ခရုိင္)SHသတင္းဌာန၊ ရႈေထာင့္မႈခင္းနွင့္သတင္းဂ်ာနယ္၊ အမွန္တရားဂ်ာနယ္

ဦးဦးသက္ အထူးဟစ္တိုင္ သတင္းအစုံ ၏ ခြင့္ျပဳခ်က္ျဖင့္ တဆင့္ျပန္လည္ ေဖာ္ျပျခင္းျဖစ္ပါသည္။

ကိုယ့်ခေါင်းကို ကျောက်ခဲနဲ့ထုပြီး သတ်သေတယ်ဆိုတာ ဟုတ်မဟုတ်အမှုဖွင့်စစ်ဆေးတဲ့ ပခုက္ကူ ကဖြစ်ရပ်

အမှုမှာဒုရဲမှူး မင်းဇော်ဦးသည် ၂၀၁၉ ၇. ၁၀. ၂၀၁၉ရက်နေ့နံနက်၁၀၀၀ အ ချိန်မကွေးတိုင်းဒေသကြီး ၊ပခုက္ကူ မြို့မရဲစခန်းတွင်စခန်းမှူး တာဝန်ဆောင်ရွက်နေစဉ် ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက်၊ မြို့မလမ်းဘေး၊ ပညာရေးကောလိပ်ရှေ့တွင် လူ(၁)ဦးလဲကျသေဆုံးနေကြောင်း

သတင်းအရ ပခုက္ကူရဲစခန်း ကတာဝန်မုှး ဒုရဲအုပ်ယျာဇူးမောင်၊ ဒုရဲအုပ် ကျော်မင်း၊ နှင့်အဖွဲ့ သက်သေ အမှတ်(၁၅) ရပ်ကွက်မှ ရာအိမ်မှူးများဖြစ်သော ဦးအောင်တိုး၊ ဦးကျော်အောင်တို့နှင့်အတူ သွား ရောက် စစ်ဆေးရာ၎င်းနေ့ (၀၉၄၅)အချိန်ခန့်တွင် သေဆုံးသူ ဦးချစ်ကိုသည် စိတ်မူမမှန်သူ (စိတ်ပေါ့သွပ်သည်ပုံစံဖြင့် ပညာရေးကောလိပ်ရှေ့တွင် (၁ ဦးတည်းထိုင်ပြီ

ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက် ဖုံးပြောပြီးနောက် ဒေါသများ ထွက်လာပြီး အနီးရှိ ကျောက်ခဲဖြင့် ၎င်း၏ ဦးခေါင်းအား၎င်းကိုယ်တိုင် ထုရိုက်ကာ ဒဏ်ရာများရရှိ၍ လဲကျသွားသည်ကို လမ်းတစ်ဘက်ရှိကွမ်းယာဆိုင်မှ ဈေးရောင်းနေသူ ဒေါ်အေး(ခ)ဒေါ်ခင်အေးမှ မြင်တွေ့ရသဖြင့် ၊ ရာအိမ်မှူး ဦးအောင်ကြီးထံသို့ ဖုန်းဆက်အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့ဝင်ခဲ့ရာများနှင့်ရာအိမ်မှူးအဖွဲ့တို့မှ သွားရောက်ကြည့်ရှုခဲ့ရာ ဦးချစ်ကိုမှာ

ရရှိဒဏ်ရာများ ဖြင့်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဦးချစ်ကို သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးပေးရန် သေမှုသေခင်း (၂၃/၂၀၁၉)ဖြင့်ရေးဖွင့်ခဲ့ပြီး ဒုရဲမှူး မင်းဇော်ဦး၊ အမှုစစ်၊ စခန်းမှူး၊ ပခုက္ကူမြို့မရဲစခန်းမုှးက အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ မှတ်တမ်းပုံရိုက်ကူးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊သေဆုံးသူ အလောင်းအား ဆေးစာရေးသားပေးပို့ခြင်း၊

တရားလိုနှင့်သက်သေများကို စစ်မေးရာ သေဆုံးသူသည် စိတ်ပေါ့သွပ်သူပုံစံဖြင့် ၎င်း၏ ဦးခေါင်းအား ၎င်းကိုယ်တိုင် ကျောက်ခဲဖြင့်ထုရိုက်၍ ဒဏ်ရာများ ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် သေမှုသေခင်းရေးဖွင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဦးသောင်းအေး(ပခုက္ကူ ခရိုင်)SHသတင်းဌာန၊ ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်၊ အမှန်တရားဂျာနယ်

ဦးဦးသက် အထူးဟစ်တိုင် သတင်းအစုံ ၏ ခွင့်ပြုချက်ဖြင့် တဆင့်ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။

Credit Apannpyay

Add a Comment

Your email address will not be published. Required fields are marked *