သီရိဆွေရဲ့သားလေး အီသန်ကို လက်ကမချနိုင်အောင် ချစ်မဝဖြစ်နေတဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဖြူဖြူသေးေးသးလေးနဲ့ အရုပ်လေးတစ်ရုပ်လို လှပလွန်းသူလေးပါ။ ချစ်စရာကောင်းပြီး အမြဲတမ်း လန်းဆန်းနေတဲ့ ဝတ်မှုံရွှေရည်ကို ပရိသတ်တွေကလည်း တစ်နေ့တစ်ခြား တိုးပြီး အားပေးလာတာကို တွေ့ရပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာ အားပေးသူ ပရိသတ် အခိုင်အမာနဲ့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ အသက်(၃၀) ကျော် အရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး တစ်ကိုယ်တည်း အပျိုကြီးအဖြစ် အိမ်ထောင်မပြုသေးပဲ အနုပညာလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေလျက်ရှိပါတယ်။

ဝတ်မှုံရွှေရည်က ပြီးခဲ့တဲ့ အောက်တိုဘာ(၆) ရက်နေ့က ခင်မင်ရတဲ့ သူငယ်ချင်း သီရိဆွေရဲ့သားလေး အီသန်ရဲ့ မွေးနေ့ပွဲလေးကို သွားရောက်ခဲ့ပါတယ်။ ထိုပွဲလေးမှာ ဝတ်မှုံရွှေရည်တစ်ယောက် အီသန်လေးကို လက်ကမချနိုင်အောင် ချစ်နေတာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်က “သားသား Ethan ‘s LEGO LAND Birthday မှာ ကလေးဗိုလ် လုပ်ခဲ့တုန်းက အမှတ်တရ 👾❤️💙💛🧡” ဆိုပြီး အမှတ်တရ ပုံရိပ်လေးတွေကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။

အပျိုကြီး ဝတ်မှုံရွှေရည်ကတော့ ညီမဖြစ်သူ နဒီရွှေရည်နဲ့ သူငယ်ချင်းတွေရဲ့ ကလေးတွေကိုသာ လိုက်ထိန်းရင်း သူမရဲ့ တစ်ကိုယ်တည်း အပျိုကြီးဘဝကို ကျေနပ်နေသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ကလေးချစ်တတ်သူပီပီ ကလေးလေးတွေကို တွေ့ရရင် လက်ကမချသူလေး တစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Wutt Hmone Shwe Yi’s fb
Photo: Naw Naw Photography

Add a Comment

Your email address will not be published. Required fields are marked *