သီတင်းကျွတ် ကျောင်းပွဲမှ Ivy လေးရဲ့ အမူအယာမျိုးစုံ နဲ့ ပုံရိပ်များ

နိုင်ငံကျော်အဆိုတော်မလေး အေသင်ချိုဆွေ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင် တစ်ဦးပါ။ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး Ivy ကလည်း ပရိသတ်တွေ ချစ်ရတဲ့ သူလေးပဲဖြစ်ပါတယ်။ Ivy လေးက ခုဆိုရင် ချစ်စရာကောင်းတဲ့ အမူအယာလေးတွေပါလုပ်တတ်နေပြီ ဖြစ်တာကြောင့် ပရိသတ်တွေက ပိုပြီး ချစ်နရတာပါ။ မိုမိုလေးပရိသတ်တွေအတွက် အေသင်ချိုဆွေရဲ့ သမီးလေး Ivy လေး ရဲ့ ချစ်စရာပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Ivy လေးက ခုဆိုရင် pre school ကျောင်းတက်နေတာဖြစ်ပြီး သီတင်းကျွတ်ကျောင်းပွဲ မှာ Ivy လေးက မြန်မာဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတာပါ။

အေသင်က သမီးလေး Ivy သူ့ရဲ့ သူငယ်ချင်းလေးတွေနဲ့ ပျော်ရွှင်နေတဲ့ ပုံလေးတွေကို လည်း ဖော်ပြထားပါတယ်။

အေသင်က ” မူလဂျီ သူလဂျီ သူမ သိပ်တတ်ပါတယ်နော် ရုပ်ကိုကြည့် သူမ ဝမ်းနည်းနေပါတယ်ပေါ့
တပုံချင်းစီ သာထောက်ကြည့်ပါတော့ စကားမစပ်ပျော်ရွှင်စရာ သီတင်းကျွတ် အခါသမယလေးပါနော်🕯🕯🕯🕯” ဆိုပြီးပြောထားပါတယ်။

အေသင်ချိုဆွေရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး Ivy ရဲ့ ပုံရပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

Ivy လေးရေ ချစ်လိုက်တာ

ချစ်စရာကောင်းတဲ့ သမီးလေး Ivy လေး ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;athen cho swe

Add a Comment

Your email address will not be published. Required fields are marked *