ခင်ပွန်းဖြစ်သူ အိမ်ဦးနတ်ရဲ့မွေးနေ့လေးမှာ ဘုရားစင်ရှေ့ကမခွာပဲ ကုသိုလ်တွေလုပ်ပေးနေတဲ့ စမိုင်းလ်

တစ်ချိန်က သရုပ်ဆောင်လောကမှာ ပရိသတ်တွေအရမ်းချစ်ခင်ခဲ့ကြတဲ့ မင်းသမီးချောလေး စမိုင်းလ်ကတော့ လတ်တလောမှာ သူမကို အရမ်းချစ်တဲ့ ခင်ပွန်းနဲ့အတူ အခက်အခဲတွေကို အတူကျော်ဖြတ်ရင်း သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားတာပါ။ သူမကတော့ အမြဲလိုလို ပွင့်ပွင့်လင်းလင်နဲ့ အရိုးရှင်းဆုံးနေထိုင်တတ်တာကြောင့်ပရိသတ်တွေက သူမကို ပိုပိုပြီး ချစ်နေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စမိုင်းလ်က ခင်ပွန်းရဲ့မွေးနေ့အတွက် ကုသိုလ်တွေ လုပ်ပေးနေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဒီလိုလိမ္မာလွန်းတဲ့ ချစ်ဇနီးလေးကိုတော့ စမိုင်းလ်ရဲ့ခင်ပွန်းတစ်ယောက် အရမ်းကို အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ခင်ပွန်းဖြစ်သူ အိမ်ဦးနတ်ရဲ့မွေးနေ့လေးမှာ ဘုရားစင်ရှေ့ကမခွာပဲ ကုသိုလ်တွေလုပ်ပေးနေတဲ့ စမိုင်းလ်ရဲ့ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်။

စမိုင်းလ်ကတော့ “၁၀ရက် ၁၀လပိုင်း ကုသိုလ် ၁၀လပိုင်းမှာမွေးဖွားတဲ့အိမ်ဦးနတ်အတွက် 🙏🏼” ဆိုပြီး ချစ်ရတဲ့ ခင်ပွန်းအတွက် ကောင်းမှုကုသိုလ်တွေ လုပ်ပေးနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ဘာသာတရား ကိုင်းရှိုင်းလွန်းတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံကတော့ မကြာခဏဆိုသလို အလှူအတန်းတွေလုပ်လေ့ရှိတာမို့ ပရိသတ်တွေကလည်း အားကျနေကြတာပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကို အရမ်းချစ်တဲ့ သူ့ရဲ့ခင်ပွန်းကတော့ မကြာခဏဆိုသလို ချစ်ဇနီးသည်ကို Surpriseတွေ လုပ်ပေးလေ့ရှိပြီး ဘယ်လောက်ထိချစ်ကြောင်း ပြသလေ့ရှိပါတယ်။ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးကတော့ လတ်တလောမှာ အရမ်းကိုချစ်စရာကောင်းတဲ့ မီးမီးလေးနှစ်ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရှေ့သွားနောက်လိုက်ညီလွန်းတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံကို သဘောကျရင် Share သွားကြဖို့ မမေ့ကြနဲ့နော်။

Myint Myat
Source;Smile’s Facebook Page

Add a Comment

Your email address will not be published. Required fields are marked *