Dutch Mill Myanmar Shining Star ပွဲကြီးမှာ ဒိုင်အဖြစ်ပါဝင်ရွေးချယ်ပေးခဲ့တဲ့ နေခြည်ဦး

Beauty Blogger အဖြစ် ပရိသတ်တွေရဲ့စတင်အားပေးမှုရရှိခဲ့တဲ့ နေခြည်ဦးက အခုဆိုရင် သရုပ်ဆောင် မင်းသမီးအဖြစ်ပါ ဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ နေခြည်ဦးက ”ရန်သူ၊ ဧည့်သည်၊ ပုရိသ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးခဲ့သလို ” အခမ်းနားဆုံးမေတ္တာ ” ဆိုတဲ့ဇာတ်ကားကြီးမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။

Photo Credit – LiJohn Li Photography

Photo Credit – LiJohn Li Photography

Photo Credit – LiJohn Li Photography

Photo Credit – LiJohn Li Photography
ထက်မြက်သွက်လက်ပြီး အလုပ်ကြိုးစားတဲ့ နေခြည်ဦးက အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတာပဲ ဖြစ်ပါတယ်။ အခုတော့ နေခြည်ဦးက ကိုရီးယားနိုင်ငံက ပြန်ရောက်ရောက်ချင်းမှာ ပွဲအခမ်းအနားလေးတစ်ခုကို တက်ရောက်ခဲ့ရပါတယ်။ မနေ့က ကျင်းပပြုလုပ်တဲ့ပွဲလေးမှာ နေခြည်ဦးက တင်မိုးလွင်၊ မိတ်ကပ်မထက်၊ ခါရာတို့နဲ့အတူ ဒိုင်အဖြစ်ပါဝင်ရွေးချယ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit – LiJohn Li Photography

Photo Credit – LiJohn Li Photography

Photo Credit – LiJohn Li Photography

Photo Credit – LiJohn Li Photography
အခုလည်း နေခြည်ဦးက ” Dutch Mill Myanmar Shining Star 2019” ပွဲက ပုံရိပ်လေးတွေကို မျှဝေထားပါတယ်။ ဒီပွဲလေးမှာတော့ နေခြည်ဦးတစ်ယောက် လူငယ်ဆန်ဆန်ဖက်ရှင်လေးနဲ့ အထာကျကျ လှနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော နေခြည်ဦးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Beauty By Nay Chi FB Page

Photo Credit – LiJohn Li Photography

Photo Credit – LiJohn Li Photography

Photo Credit – LiJohn Li Photography

Photo Credit – LiJohn Li Photography

Photo Credit – LiJohn Li Photography

Add a Comment

Your email address will not be published. Required fields are marked *