အားလပ်ချိန်လေး နာရေးကူညီမှုအသင်းမှာ လုပ်အားပေးရင်း ကုသိုလ်ယူနေတဲ့ ထူးအောင်နဲ့ မေမြင့်မိုရ်

ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ထူးအောင်နဲ့ မေမြင့်မိုရ်က အနုပညာလောကမှာ အောင်မြင်မှုတွေ ကိုယ်စီရရှိနေတာ ဖြစ်ပါတယ်။ ထူးအောင်နဲ့ မေမြင့်မိုရ်က အနုပညာလုပ်ငန်းတွေ အတူတူ တွဲဖက်လုပ်ကိုင်သလို “ပုဂံမြို့သူ”၊ “ပျောက်ဆုံးနေသောအမှန်တရား” စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း အတွဲညီညီသရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၅) ရက်နေ့မှာတော့ ထူးအောင်နဲ့ မေမြင့်မိုရ်က အကယ်ဒမီမင်းသားကြီး ကျော်သူရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) မှာ လုပ်အားပေးရင်း ကုသိုလ်ယူခဲ့ကြတာကို တွေ့ရပါတယ်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ အနုပညာရှင် စေတနာ့လုပ်အားပေး အသင်းသား ထူးအောင် နှင့် မေမြင့်မိုရ် တို့က အနုပညာလုပ်ငန်းများ အားလပ်သော အချိန်လေးကို တန်ဖိုးရှိစွာဖြင့် ကွယ်လွန်သူ အဘွားဒေါ်ရင်ပို အသက်(၈၇)နှစ်အား နေအိမ်မှ ရေဝေးသုဿန်အအေးခန်းသို့ နိဗာန်ယာဉ်မောင်းနှင်ကာ ကုသိုလ်ယူ၍ ဖေးမကူညီခဲ့ကြတာ ဖြစ်ပါတယ်။

ထူးအောင်ရဲ့ မေမြင့်မိုရ်တို့ကတော့ အနုပညာလုပ်ငန်းတွေမှာ အတွဲညီညီ သရုပ်ဆောင်ကြရုံသာမက ပရဟိတလုပ်ငန်းတွေကိုလည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြတဲ့ အနုပညာ မောင်နှမနှစ်ယောက် ဖြစ်ပါတယ်။

ထူးအောင်နဲ့ မေမြင့်မိုရ်ကတော့ အားလပ်ချိန်လေးကို အကျိုးရှိရှိ ကုသိုလ်တွေယူရင်း ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထူးအောင်နဲ့ မေမြင့်မိုရ်တို့ရဲ့ ကုသိုလ်လေးကို ကြည့်ပြီး ပီတိဖြစ်နေကြမယ် ထင်ပါတယ်နော်။

Rowena
Source: နာရေးကူညီမှုအသင်း

Add a Comment

Your email address will not be published. Required fields are marked *