“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကို ကွင်းပြင်ကြီးထဲမှာ ပြသမယ့် Outdoor Cinema ပွဲစဉ် ကျင်းပမည်

ပရိသတ်တွေ နှစ်ခါပြန် သုံးခါပြန် ကြည့်ရှုအားပေးခဲ့ရတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးက (၂၀၁၉) ခုနှစ်ရဲ့ အကောင်းဆုံး သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရပ်တည်နေဆဲပါ။ ။”လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးဟာ ဘန်ကောက်မှမန္တလေးသို့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ထိုင်းရုပ်ရှင်ဒါရိုက်တာ Chartchai Ketnust ကရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး မြန်မာသရုပ်ဆောင်များဖြစ်တဲ့ နိုင်းနိုင်း၊ ဒေါင်း နဲ့ ဝတ်မှုံရွှေရည်တို့က အကောင်းဆုံးပါဝင် သရုပ်ဆောင်ထားပါတယ်။

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးက မြန်မာနိုင်ငံမှာ စတင်ရုံတင်ပြသတဲ့ (၉) ရက်အတွင်းမှာတင် ရုံဝင်ငွေ သိန်းတစ်သောင်းကျော် ရရှိခဲ့ပြီး စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို ထပ်မံကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက် Outdoor Cinema ပုံစံနဲ့ ပြန်လည်ပြသသွားမှာ ဖြစ်ပါတယ်။

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကား Outdoor Cinema အစီအစဉ်ကို လာမယ့် နိုဝင်ဘာလ(၃) ရက်နေ့မှာ ည(၇)နာရီမှ (၁၁) နာရီအထိ သုဝဏဘူမိ Event Park မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

သည်းထိတ်ရင်ဖို သရဲကားကြီးကို ကွင်းပြင်ကြီးထဲမှာ လူတွေအများကြီးနဲ့ ပြသဖို့ ရင်ခုန်စရာကြီးနော်။ အဲ့ဒါကြောင့် “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီး Outdoor Cinema ပွဲကြီးကို လက်မလွတ်တမ်း အားပေးကြဖို့ မမေ့ပါနဲ့နော်။

Rowena
Source: လိပ်ပြာစံအိမ်

Add a Comment

Your email address will not be published. Required fields are marked *