မိန်းမပိုက်ဆံအိတ်လွယ်ပြီး လျှောက်သွားနေတဲ့ ရွှေထူးကို ဆေးထိုးလိုက်တဲ့ ငွေမှုံရတီ

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီဟာ နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်လွန်းသူတွေပါပဲ။ ရွှေထူးနဲ့ ရွှေမှုံရတီက အိမ်ထောင်သက်တစ်နှစ်နီးပါးတိုင် တစ်ယောက်ကိုတစ်ယောက် ကြင်နာနွေးထွေးမှုတွေနဲ့ ချစ်ကြတာကို တွေ့ရပါတယ်။ နီးနီးကပ်ကပ်ရှိပြီး ချစ်စရာကောင်းလွန်းတဲ့ ရွှေနှစ်ရွှေအတွဲလေးကတော့ အားလုံးရဲ့ အားကျစရာပါပဲ။

အသက်ငယ်ပြီး အချွဲပိုလွန်းတဲ့ ချစ်ဇနီးလေးကို ပိုင်ဆိုင်ထားတဲ့ ရွှေထူးကတော့ မိန်းမဖြစ်သူရဲ့ မျက်နှာကို တစ်စိမ့်စိမ့်ကြည့်ပြီး အလိုလိုက်သူ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ချစ်ဇနီးလေးရဲ့ ပိုက်ဆံအိတ်ကြီးလွယ်ပြီး လျှောက်သွားနေတဲ့ ရွှေထူးကို ခယ်မဖြစ်သူ ငွေမှုံရတီက အခုလိုပဲ ဆေးထိုးလိုက်ပါတယ်။

မိန်းမပိုက်ဆံအိတ်လွယ်ပြီး လျှောက်သွားနေတဲ့ ရွှေထူးကို ဆေးထိုးလိုက်တဲ့ ငွေမှုံရတီ

ရွှေထူးကတော့ မိန်းမကို အရမ်းချစ်တဲ့ ယောကျာ်းတစ်ယောက်ပါပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။

Rowena
Source: Ngwe Hmone Yati’s fb

Add a Comment

Your email address will not be published. Required fields are marked *