ဖြူလွှလွှ သတို့သမီးဝတ်စုံလေးတွေနဲ့ ငေးကြည့်နေရလောက်အောင်လှတဲ့ ဝတ်မှုံရွှေရည်

ဖူဖြူသေးသေးလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က တစ်နိုင်ငံလုံးက ပရိသတ်တွေ သည်းသည်းလှုပ် ချစ်ရသူလေးပါပဲ။ ဝတ်မှုံရွှေရည်က လူလေးလှရုံသာမက အကယ်ဒမီဆုနဲ့ အခြားသော ဂုဏ်ပြုဆုများစွာကိုလည်း ရရှိပိုင်ဆိုင်ထားသူလေးတစ်ယောက် ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးချစ်တဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကို ဖြူလွှလွှ သတို့သမီးဝတ်စုံလေးတွေနဲ့ ခမ်းနားတောက်ပစွာ လှနေတာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ရဲ့ အခုပုံလေးတွေက မေဦးနဲ့ ဟန်လင်းတို့ရဲ့ May & Co. ဆိုင်ရဲ့ 2020 Wedding Collection အတွက် ရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ်။

တစ်ကိုယ်တော် ဝါကျွတ်တဲ့ သတို့သမီးလေး ဝတ်မှုံရွှေရည် 👰❤

ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ “တစ်ဦးတည်းသောကဏ်ဏ္ဍိယ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့ ပြင်ဆင်နေတာဖြစ်ပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

အဖြူရောင် သတို့သမီးလေး ဝတ်မှုံရွှေရည်ကတော့ ဘယ်အချိန်ကြည့်ကြည့် လှပခမ်းနားနေတာပဲနော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။

Rowena
Source: Wutt Hmone Shwe Yi’s fb
Photo: May & Co

Add a Comment

Your email address will not be published. Required fields are marked *