Sull ရဲ့ ဈာပနအခမ်းအနားအမှီ ကိုရီးယားကို အမြန်ဆုံးပြန်လာတဲ့ Amber

f(x) ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Amber ဟာ သူမရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Sulli ရဲ့ နာရေးသတင်းကို သိသိချင်းပဲ သူမနေထိုင်ရာ အမေရိကန်ပြည်ထောင်စုကနေ တောင်ကိုရီးယားနိုင်ငံကို ချက်ချင်းပြန်လာနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို Amber ရဲ့ အေဂျင်စီဖြစ်တဲ့ Steel Wool Entertainment ကနေ ထုတ်ပြန်ကြေညာပေးခဲ့တာဖြစ်ပြီး Amber ဟာ သူမရဲ့ အရင်းနှီးသူငယ်ချင်းလည်းဖြစ်၊ အဖွဲ့ဝင်ဟောင်းလည်းဖြစ်တဲ့ Sulli ရဲ့ ဈာပနအခမ်းအနားကို အမှီပြန်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ က ထုတ်ပြန်ပေးထားပါတယ်။

အေဂျင်စီရဲ့ ထုတ်ပြန်ထားချက်အရတော့ Amber ဟာ Sulli ရဲ့ သတင်းဆိုးကို ကြားကြားချင်းမှာပဲ အမေရိကားမှာရှိတဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေ အကုန်လုံးကို ချက်ချင်းရပ်နားလိုက်ကာ ကိုရီးယားကို အောက်တိုဘာလ ၁၆ ရက်နေ့မှာ အချိန်မှီပြန်ရောက်ဖို့အတွက် လေယာဉ်လက်မှတ်ကို အမြန်ဆုံးဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ်ထွက်ပေါ်လာတဲ့သတင်းတစ်ခုမှာတော့ Amber ဟာ Sulli ရဲ့ သတင်းကို ကြားလိုက်ရချိန်မှာ အရမ်းကိုထိတ်လန့်ဝမ်းနည်းသွားခဲ့ပြီး သူမကိုယ်သူမတောင် အာရုံမစိုက်နိုင်ခဲ့ဘူးလို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

Amber နဲ့ Sulli တို့ဟာ f(x) ရဲ့ အဖွဲ့ဝင်တွေအဖြစ်ပွဲထွက်ဖို့အတွက် နှစ်အတော်ကြာ အတူတူလေ့ကျင့်သင်တန်းဆင်းခဲ့ရတာဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာတော့ အတူတူပွဲထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ Sulli အနေနဲ့ f(x) ကနေ ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်းမှာတော့ ၂ ယောက်သားရဲ့ ခင်မင်ရင်းနှီးမှုဟာ ယုတ်လျော့သွားခြင်းမရှိခဲ့တာကြောင့် သူမတို့ ၂ ဦးရဲ့ ခင်မင်မှုသက်တမ်းက ၁၀ နှစ်နဲ့ အထက်မှာရှိပါတယ်။

Sulli ဟာ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူမကို သတိမေ့မျောလျှက်စတင်တွေ့ရှိခဲ့သူကတော့ သူမရဲ့ မန်နေဂျာပဲဖြစ်ပါတယ်။ ဈာပနအခမ်းအနားကိုတော့ ကျန်ရစ်သူ မိသားစုရဲ့ စိတ်ဆန္ဒအရ မီဒီယာတွေကို တက်ရောက်ခွင့်မပြုပဲ ရင်းနှီးသူမိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားဝင်တွေနဲ့သာ သီးသန့်ပြုလုပ်မှာဖြစ်တယ်လို့ SM က ထုတ်ပြန်ပေးထားပါတယ်။

Ref : Koreaboo
Mia (Momolay)

Add a Comment

Your email address will not be published. Required fields are marked *