ကျောင်းဆင်းချိန်တိုင်း အဖေကိုအမျိုးမျိုးလုပ်ပြီး အချွဲပိုကြတဲ့ ခေတ်နဲ့သစ်အကြောင်းပြောလာတဲ့ လင်းလင်း

ပရိသတ်တွေချစ်ကြတဲ့ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့က အနုပညာနယ်ပယ်မှာ အသီးသီးအောင်မြင်နေသူတွေ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက မေမြန်မာခေတ်နဲ့ မေမြန်မာသစ်ဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကိုလည်း မွေးဖွားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး စကားတတ်လွန်းတဲ့ သမီးလေးနှစ်ယောက်ကို ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ်။

ခေတ်နဲ့သစ်က အခုဆိုရင် (၂) နှစ်ကျော် အရွယ်ကို ရောက်နေပြီး မူကြိုကျောင်းတက်ကာ စကားတွေ တီတီတာတာ ပြောတတ်နေပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ လင်းလင်းက ခေတ်နဲ့သစ်ရဲ့ ကျောင်းဆင်းချိန်တိုင်း အဖေကို အမျိုးမျိုးရစ်တတ်တဲ့အကြောင်းကို အခုလိုပဲ ပြောပြတားပါတယ်။

“ကျောင်းဆင်း ထမင်းမစားရသေးခင် စာအုပ်ဖတ်ပြ။ မဖတ်ပြလို့ကတော့ နိုးထမင်း၊နိုင်းဟင်း ဘဲ။” ဆိုပြီး စာအုပ်မဖတ်ပြရင် ထမင်းမစားတဲ့ ခေတ်နဲ့သစ်ကြောင့် စာအုပ်ထိုင်ဖတ်ရပြရတဲ့ ဖေဖေလင်းလင်းက ဒီလိုပါတဲ့။
သစ်သစ်ရဲ့ ကျောင်းဆင်းအပြန်ဟာ အရင်လို ကျောင်းကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ပြီးပြန်ဆဲပါဘဲတဲ့ 🤣😁🥴

အိမ်ရောက်တော့ ဘယ်ကောင့်ကိုတင်းမှန်းမသိတဲ့စိတ်နဲ့ မိန်းမချက်တဲ့ ဂဏန်းတွေ သေဖို့သာပြင် 🤪

ခေတ်နဲ့သစ်ကတော့ ဖေကြီးလင်းလင်း တစ်နေ့ထက်တစ်နေ့ အချစ်တွေပိုလာအောင် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ လင်းလင်းနဲ့ သမီးနှစ်ယောက်ရဲ့ ကြည်နူးစရာ အခိုက်အတန့်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Htwe Lynn Ko’s fb

Add a Comment

Your email address will not be published. Required fields are marked *