ပုဂံခေတ်နန်းတွင်းအပြင်အဆင်လေးတွေနဲ့ ရှင်စောဖြူထိပ်ထားလေးအဖြစ် မြင်တွေ့ရမယ့် စိုးပြည့်သဇင်

စိုးပြည့်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော စိုးပြည့်သဇင်ကတော့ ရိုးအေးတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ပြည်သူပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်..။

ရိုးရှင်းအေးချမ်းပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ စိုးပြည့်လေးကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားသူလေး တစ်ယောက်ပါပဲ..။

Photo Credit – Soe Pyae Thazin’s Facebook

Photo Credit – Soe Pyae Thazin’s Facebook

Photo Credit – Soe Pyae Thazin’s Facebook
အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေသလို ပီပြင်တဲ့သူမရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေကို ရရှိထားပြီး ပရိသတ်တွေရင်ထဲနေရာယူထားသူလေးလည်း ဖြစ်ပါတယ်..။

အသည်းကျော်လေး စိုးပြည့်ကတော့ လတ်တလောမှာလည်း “သုံးပန်လှကျိန်စာ”ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေပြီး ပုဂံခေတ်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

Photo Credit – Soe Pyae Thazin’s Facebook

Photo Credit – Soe Pyae Thazin’s Facebook

Photo Credit – Soe Pyae Thazin’s Facebook
“ရှင်စောဖြူထိပ်ထား”လေးအဖြစ် မြင်တွေ့ရမယ့် စိုးပြည့်လေးဟာ ပုဂံခေတ် နန်တွင်းအပြင်အဆင်လေးတွေနဲ့ နန်းဆန်စွာလိုက်ဖက်ညီ ကျော့ရှင်းစွာလှသွေးကြွယ်လွန်းနေတာမို့ အားလုံးကလည်း သဘောကျနေကြတာပါနော်..။

ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကိုလည်း စိုးပြည့်လေးက

“ငါ့အမုန်းနဲ့ငါ့ကျိန်စာကိုဖျက်ဖို့မကြိုးစားမိစေနဲ့….

ရှင်စောဖြူထိပ်ထား

သုံးပန်လှကျိန်စာ..” ဆိုပြီး အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေဖားတာပဲ ဖြစ်ပါတယ်..။

Photo Credit – Soe Pyae Thazin’s Facebook

Photo Credit – Soe Pyae Thazin’s Facebook

Photo Credit – Soe Pyae Thazin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *