
မွေးရပ်ရွာလေးမှာ ရွှေတိဂုံပုံစံတူ စေတီဘုရား တည်မယ့် ဖြူဖြူထွေး

ဟာသဗီဒီယိုလေးတွေ ရိုက်ရင်း ပရိသတ်တွေများလာပြီး အောင်မြင်လာတဲ့ ဖြူဖြူထွေးတယောက်ကတော့ လက်ရှိမှာတော့ သရုပ်ဆောင် တယောက်အနေနဲ့ ရပ်တည်နေပြီး ဇာတ်လမ်းတိုတွေ ကြော်ငြာတွေကို ရိုက်နေရပြီ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ သူနာမည်ကြီးလာတာနဲ့ အလျောက်သူနေထိုင်တဲ့ ရွာလေးကို တစနဲ့ တစ တိုးတက်အောင် ပြုလုပ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖြူဖြူထွေးတယောက် သူမရဲ့ ရွာလေးမှာ ဘုရားတည်ဖို့ကြိုးစားနေပြီး မီးရအောင်လည်း ကြိုးစားနေတာ ဖြစ်ပါတယ်။

ဖြူဖြူထွေးကတော့ MC နဲ့ အင်တာဗျူးတွင် ဘုရားကျောင်းဆောက်လုပ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး “ဒါကိုတော့ မိုးတွင်းပြီးမှ စလုပ်ဖြစ်မှာပါ။ သမီးစပြီးတော့ ဆွဲတော့မှာပါ။ အဓိက ကတော့ ပုံစံတူက ရွှေတိဂုံဘုရားနဲ့ ပုံစံတူလေး တည်မှာ သိမ်လေးတွေလည်း ဆောက်ဖြစ်မယ်။ အလှူရှင်တွေလည်း အများကြီးပေါ်လာပြီ။ သိန်း ၅၀ လှူမယ့်လူနဲ့ သိန်း ၆၀ လှူမယ့်လူနဲ့ အများကြီးပဲ။ အဆင်ကိုပြေနေတာပေါ့။ ဒါကတော့ ကုသိုလ်ရေးမှာ လက်မနှေးတဲ့သူတွေပေါ့။ သမီးတို့နဲ့နောက်ဘဝတွေမှာလည်း ရေစက်ဆုံဦးမှာ ညီမရဲ့ ရွာနာမည်က မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလိုင်မြို့နယ်၊ မြေနီကုန်းရွာပါ။

အရင်တုန်းက မြေနီကုန်းရွာဆို ဘယ်သူမှမသိဘူး။ အခုဆိုရင် ဖြူဖြူထွေးရှိတဲ့ရွာဆိုပြီး အားလုံးသိတယ်။ သူများရွာတွေကလည်းလာလည်ကြတယ်။ သမီးအနေနဲ့ တရွာလုံးအတွက်ကို အကောင်းဆုံး ရပ်တည်ပေးသွားမှာပါ။ မီးနဲ့ ပတ်သက်ပြီးပြောလိုက်လို့ရှိရင်လည်း လှူမယ့်သူတွေ ရှိတယ်ပေါ့နော်။ မီးနဲ့ပတ်သက်ပြီးလည်း မကြာခင်မှာမီးရတော့မှာပေါ့။ အလှူရှင်တွေလည်း များများပေါ်လာပါစေ။ လှူမယ့်သူတွေလည်း လှူမယ်ပြောတယ်။ တချို့ကျေးလက်တွေမှာကျတော့ မီးနဲ့ပတ်သက်ပြီး တကယ်ကို အခက်အခဲကိုဖြစ်နေတာပါ။

ရွာမှာက သိန်း ၅၀ သွင်းနိုင်ရင် ဓါတ်တိုင်လာချပေးတယ်တဲ့။ အခုလောလောဆယ် သိန်း ၅၀ ပြည့်အောင်တော့ ကြိုးစားနေတာပေါ့။ ရေကတော့အဆင်ပြေပါတယ်။ ရေချိုးခန်းတွေမှာ မချိုးချင်လည်း ချောင်းတွေထဲမှာ သွားချိုးလို့ရတယ်။ ကမ်းခြေလိုမျိုး အပန်းဖြေလို့ရတာပေါ့။ မီးရဖို့ကတော့ လိုတော့လိုသေးတယ်။ သားတို့ရှေ့မှာ မြို့ပုံစံလို ရွာလေးတွေ ရှိသေးတယ်။ ရွာကြီးလေးတွေပေါ့။ အိမ်ခြေ ၁၀၀၊ ၂၀၀ လောက်ရှိတဲ့ ရွာတွေတောင်မရသေးဘူးဆိုတော့ သားတို့ဖက်ရဖို့ဆိုတာ နည်းနည်းတော့လိုသေးတယ်ထင်တယ်။ အနုပညာလှုပ်ရှားမှုကတော့ ဓါတ်မြေသြဇာ ကြော်ငြာရိုက်ဖြစ်မယ်။ လိုးရှင်းကြော်ငြာရိုက်ဖြစ်မယ်။ ဆိုလာကြော်ငြာရိုက်ဖြစ်မယ်။ ဆပ်ပြာကြော်ငြာရိုက်ဖြစ်ပါမယ်။ အားလုံးပေါင်းကတော့ ဆယ်ခုလောက်ရှိမယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *