ကျွန်တော်ကအားလုံးကို ပျော်စေချင်တာပါ လို့ပြောလာတဲ့ ဖြိုးငွေစိုး

ကျွန်တော်ကအားလုံးကို ပျော်စေချင်တာပါ လို့ပြောလာတဲ့ ဖြိုးငွေစိုး



Unicode

၉၀ ခုနှစ်ဖွား နှုတ်ခမ်းနီမလေးတွေရဲ့ အိမ်မက်ထဲက မင်းသားတစ်ပါး ဖြစ်ဖို့ဆိုတာကတော့ ယနေ့ Social Media အားကောင်းတဲ့ ခေတ်ကြီးထဲမှာလို နေ့ချင်းညချင်း ကံတရားက မျက်နှာသာ တစ်ချက်ကလေးပေးလိုက်ရုံနဲ့ ဖြစ်လာသလို မလွယ်ကူလှပါဘူး ။ လစဉ်ထုတ်မဂ္ဂဇင်း စာမျက်နှာတွေ ၊ နောက်ပြီး TV ကလာတဲ့ ကြော်ငြာတွေ ၊ ဂျာနယ်မျက်နှာဖုံးတွေ ၊ ဗီဒီယိုဇာတ်လမ်းတွေ ကနေတစ်ဆင့် ပရိသတ်ရဲ့ အားပေးမှုကို ရလာအောင် ကြိုးစားကြရတာပါ ။ ထင်ပေါ်မှ စင်တော်ကကောက်တဲ့ ခေတ်ကြီးထဲမှာတော့ ညီညီနေနိုင် ၊ ဟက်ကက် ၊ စိုင်းစိုင်းခမ်းလှိုင် ၊ ဖြိုးငွေစိုး ဆိုတဲ့ သရုပ်ဆောင်မော်ဒယ် တွေကတော့ အဲ့ဒီအချိန်က ဆယ်ကျော်သက် ကောင်မလေးတွေရဲ့ အိမ်မက်ထဲက မင်းသားလေးတွေ ဖြစ်ခဲ့ကြပါတယ် ။

အဲ့ဒီထဲကမှ ဖြိုးငွေစိုးကတော့ အိမ်ထောင်ကျ ပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစု လေးတစ်ခုကိုလည်း ပိုင်ဆိုင်နေပါပြီ။ သူရဲ့အိမ်ထောင်ဘက်ကလည်း မော်ဒယ်တစ်ယောက်ပါ။ ဖြိုးငွေစိုးကတော့ အနုပညာအလုပ်တွေနဲ့ ကာလအနည်းငယ် အလှမ်းကွာ ခဲ့ပေမယ့် အခုချိန်မှာ မကြာမကြာဆိုသလို အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်ျနကြတာကိုလည်း မိတ်ဆွေတို့တွေ့မြင်ကြရမှ ဖြစ်ပါတယ် ။ အခုတော့ ဖြိုးငွေစိုးတစ်ယောက် စိတ်ညစ်စရာကိစ္စတစ်ခုခုနဲ့ ကြုံနေရတယ်ထင်ပါတယ်။ သူရဲ့Facebook အကောင့်မှာတော သူက “ကျွန်တော်ကအားလုံးကို ပျော်စေချင်တာပါ အဆင်ပြေစေချင်တာ ကျွန်တော်တက်နိုင်တာထက် ပိုပြီးလုပ်ပေးပါတယ် ကျွန်တော် ဘက်ကလိုအပ်တာရှိလဲခွင့်လွှတ်ပါ နောက်တစ်ခါ ဒီထက်ပိုအဆင်ပြေအောင်ကြိုးစားထားပါမယ်”ဆိုပြီးရေးသားထားခဲ့ပါတယ်။

သူရဲ့ ပိုစ့် အောက်မှာလည်း ပရိသတ်တွေကတော့ သူကို ဝိုင်းဝန်းပြီးအားပေးနေကြတဲ့ Comment အမြောက်အမြားကိုလည်းတွေ့ရပါသေးတယ်။ အဲ့ဒီလို အားပေးကြတဲ့သူတွေထဲတော့ အဆိုတော့ Rဇာနည်ကလည်း “လောကကြီးက ဒီလိုပဲ အေးဆေး ပြီးတော့လဲပြီးသွားတာပဲ”ဆိုပြီးရေးသားထားပါတယ်။ Rဇာနည်ရဲ့ Comment ကို ထောက်ခံကြတဲ့သူတွေလည်း အများကြီးတွေ့ရပါတယ်။ ကိုဖြိုးငွေစိုးတစ်ယောက် စိတ်အဆင်မပြေဖြစ်နေမှုတွေ အမြန်ဆုံးကင်းပျောက်ပါစေနော် ။

Add a Comment

Your email address will not be published. Required fields are marked *