သမီးေလးအတြက္ တင္ဇာေမာ္ရဲ႕ ခ်စ္စရာေမြးေန႔ဆုေတာင္

သမီးေလးအတြက္ တင္ဇာေမာ္ရဲ႕ ခ်စ္စရာေမြးေန႔ဆုေတာင္
လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေလာက္ကတည္းက အမိုက္စား သီခ်င္းေတြကို ဆိုရင္း ေယာက်ာ္းမိန္းမ ပရိသတ္ေတြ ရင္ထဲမွာ ေနရာ အျပည့္ယူထားတဲ့ အေအာင္ျမင္ဆံုး အမ်ိဳးသမီး အဆိုေတာ္ကို ျပပါဆိုရင္ တင္ဇာေမာ္ကုိပဲ ျပရမွာ ျဖစ္ပါတယ္။ လက္႐ွိခ်ိန္ထိလည္း သူ႔ရဲ႕သီခ်င္းေတြကို လူႀကိဳက္မ်ားၾကၿပီး ေခတ္နဲ႔အညီ ထြက္လာတဲ့ သီခ်င္းတိုင္းကလည္း ပရိသတ္ရင္ထဲကို အေရာက္ပို႔ႏိုင္ခဲ့ပါတယ္။

ျမန္မာအုိင္ေဒါလ္ၿပိဳင္ပြဲမွာ ဒိုင္ တေယာက္အေနနဲ႔ ပါဝင္ေဆာင္ရြက္ေနတဲ့ တင္ဇာေမာ္ ကေတာ့ လက္႐ွိမွာ သူ႔ရဲ႕ ခ်စ္ရတဲ့ သမီးေလး ေလာ္ ၆ ႏွစ္ ျပည့္သြားတဲ့အတြက္ ေမြးေန႔ဆုမြန္ေကာင္း ေတာင္းေပးထားတာ ျဖစ္ပါတယ္။

တင္ဇာေမာ္ကေတာ့ “နိုဝင္ဘာ၇ရက္ေန႔မွာ ၆ႏွစ္ ျပည့္သြားတဲ့ ေမ့သမီးေလာ္ ဘဝ မွာ လမ္းမွန္ကို အျမဲျမင္ ၿပီး ေအးခ်မ္းစြာ ေလၽွာက္လွမ္းနိုင္ပါေစ ေမြးေန႔ ဆုမြန္ေတြ ေတာင္းေပးၾကတဲ့ ဦးဦး ေဒၚေဒၚ ကိုကို မမ ဘိုးဘိုး ဖြားဖြား မ်ား အားလုံးကို လည္း ေက်းဇူး အထူးတင္ပါတယ္လို့ ခ်စ္သမီးေလာ့္ကိုယ္စား ေမေမာ္” ဆိုၿပီး အေဝးမွာေရာက္ေနတဲ့ သူ႔သမီးေလးရဲ႕ အမွတ္တရပံုေလးေတြကို တင္ထားတာ ျဖစ္ပါတယ္။

တင္ဇာေမာ္ရဲ႕ သမီးေလးကေတာ့ အရမ္းကို ခ်စ္စရာေကာင္းၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့ပံုပါပဲ။ သူ႔သမီးနဲ႔ တင္ဇာေမာ္တို႔ရဲ႕ အမွတ္တရ ပံုေလးေတြကိုေတာ့ ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

Unicode

လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက အမိုက်စား သီချင်းတွေကို ဆိုရင်း ယောကျာ်းမိန်းမ ပရိသတ်တွေ ရင်ထဲမှာ နေရာ အပြည့်ယူထားတဲ့ အအောင်မြင်ဆုံး အမျိုးသမီး အဆိုတော်ကို ပြပါဆိုရင် တင်ဇာမော်ကိုပဲ ပြရမှာ ဖြစ်ပါတယ်။ လက်ရှိချိန်ထိလည်း သူ့ရဲ့သီချင်းတွေကို လူကြိုက်များကြပြီး ခေတ်နဲ့အညီ ထွက်လာတဲ့ သီချင်းတိုင်းကလည်း ပရိသတ်ရင်ထဲကို အရောက်ပို့နိုင်ခဲ့ပါတယ်။

မြန်မာအိုင်ဒေါလ်ပြိုင်ပွဲမှာ ဒိုင် တယောက်အနေနဲ့ ပါဝင်ဆောင်ရွက်နေတဲ့ တင်ဇာမော် ကတော့ လက်ရှိမှာ သူ့ရဲ့ ချစ်ရတဲ့ သမီးလေး လော် ၆ နှစ် ပြည့်သွားတဲ့အတွက် မွေးနေ့ဆုမွန်ကောင်း တောင်းပေးထားတာ ဖြစ်ပါတယ်။

တင်ဇာမော်ကတော့ “နိုဝင်ဘာ၇ရက်နေ့မှာ ၆နှစ် ပြည့်သွားတဲ့ မေ့သမီးလော် ဘဝ မှာ လမ်းမှန်ကို အမြဲမြင် ပြီး အေးချမ်းစွာ လျှောက်လှမ်းနိုင်ပါစေ မွေးနေ့ ဆုမွန်တွေ တောင်းပေးကြတဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ဘိုးဘိုး ဖွားဖွား များ အားလုံးကို လည်း ကျေးဇူး အထူးတင်ပါတယ်လို့ ချစ်သမီးလော့်ကိုယ်စား မေမော်” ဆိုပြီး အဝေးမှာရောက်နေတဲ့ သူ့သမီးလေးရဲ့ အမှတ်တရပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။

တင်ဇာမော်ရဲ့ သမီးလေးကတော့ အရမ်းကို ချစ်စရာကောင်းပြီး ပျော်ပျော်နေတတ်တဲ့ပုံပါပဲ။ သူ့သမီးနဲ့ တင်ဇာမော်တို့ရဲ့ အမှတ်တရ ပုံလေးတွေကိုတော့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *