၈ တန္းေက်ာင္းသူႏွစ္ဦး ဆုိင္ကယ္ေမွာက္ရာမွ ဦးေခါင္းေနာက္ေစ့ပြင့္ထြက္

၈ တန္းေက်ာင္းသူႏွစ္ဦး ဆုိင္ကယ္ေမွာက္ရာမွ ဦးေခါင္းေနာက္ေစ့ပြင့္ထြက္
အင္တာနက္သတင္း

၈ တန္းေက်ာင္းသူႏွစ္ဦး ဆုိင္ကယ္ေမွာက္ရာမွ ဦးေခါင္းေနာက္ေစ့ပြင့္ထြက္
Zawgyi

မြန္ ႏုိဝင္ဘာ ၈

မုဒုံျမဳိ့နယ္ ဘဲရမ္းေက်းရြာအနီး မုဒုံျမဳိ့အဝင္ ေမာ္သံကားလမ္းမ မုိင္တုိင္အမွတ္ ၁၆/၇ ႏွင့္ ၁၇/၀ အၾကား တံတားအမွတ္ (၃/၁၇) တြင္ မုဒုံျမဳိ့ဘက္မွ ေမာ္လျမဳိင္ဘက္သုိ႔ မုဒုံျမဳိ့ အထက(၃)မွ မသင္းသဇင္ထြန္း(၁၄)ႏွစ္ ၈ တန္း (C)ေမာင္းႏွင္ၿပီး ေနာက္မွ မစုိးစုိးႏြယ္ (၁၃)ႏွစ္ ၈ တန္း(D)ခန္းလုိက္ပါစီးနင္းလာေသာဆိုင္ကယ္သည္။

အ႐ွိန္မထိန္းႏုိင္ပဲ အထက္ပါတံတား႐ွိ တံတားေျခဆင္းတုိင္အား ဝင္တုိက္မိရာ မသင္းသဇင္ထြန္းသည္ ဦးေခါင္းေနာက္ေစ့ပြင့္ထြက္ဒဏ္ရာျဖင့္ မုဒုံေဆး႐ုံအေရာက္တြင္ေသဆုံးသြားခဲ့ပါသည္ ။ ဆုိင္ကယ္၏ေနာက္ လုိက္ပါစီးနင္းလာေသာ မစုိးစုိးႏြယ္ (၁၃) ႏွစ္သည္ ညာေျခက်င္းဝတ္အဆစ္လြဲဒဏ္ရာႏွင့္ ပြန္းျခစ္ဒဏ္ရာမ်ား ရ႐ိွခဲ့ပါသည္။

အဆုိပါျဖစ္စဥ္ႏွင္ပါတ္သက္၍ မုဒုံျမဳိ့နယ္ ရဲတပ္ဖြဲ႔မွ ဥပေဒအရ အမႈဖြင့္စစ္ေဆးေဆာင္ရြတ္လ်က္႐ွိေၾကာင္းသတင္း႐ွိသည္။(စာႂကြင္း- မိဘမ်ားအေနျဖင့္ သားငယ္ သမီးငယ္မ်ားအား အသက္မျပည့္လ်င္ ဆုိင္ကယ္စီးခြင့္မျပဳၾကပါရန္ႏွင့္ ဆုိင္ကယ္စီးပါက ဦးထုပ္ေဆာင္းေမးသုိင္းၾကဳိးတပ္၍ စီးနင္းၾကပါရန္ ေစတနာျဖင့္ အသိေပးအပ္ပါသည္)

Edit ( ဆုိင္ကယ္မွာ အတူစီးနင္းလာေသာ ေနာက္ထုိင္ေက်ာင္းသူ၏ဆုိင္ကယ္ျဖစ္ပါသည္။ ေမာင္းခ်င္သျဖင့္ ေတာင္းေမာင္းေသာေၾကာင့္ ေမာင္းတက္မည္ထင္ၿပီးေပးေမာင္းလုိက္ျခင္းျဖစ္ေၾကာင္း မစုိးစုိးႏြယ္မွ ေျပာျပပါသည္။)

Source – အမႊာညီေနာင္

===

Unicode

မွန် နိုဝင်ဘာ ၈

မုဒုံမြို့နယ် ဘဲရမ်းကျေးရွာအနီး မုဒုံမြို့အဝင် မော်သံကားလမ်းမ မိုင်တိုင်အမှတ် ၁၆/၇ နှင့် ၁၇/၀ အကြား တံတားအမှတ် (၃/၁၇) တွင် မုဒုံမြို့ဘက်မှ မော်လမြိုင်ဘက်သို့ မုဒုံမြို့ အထက(၃)မှ မသင်းသဇင်ထွန်း(၁၄)နှစ် ၈ တန်း (C)မောင်းနှင်ပြီး နောက်မှ မစိုးစိုးနွယ် (၁၃)နှစ် ၈ တန်း(D)ခန်းလိုက်ပါစီးနင်းလာသောဆိုင်ကယ်သည်။

အရှိန်မထိန်းနိုင်ပဲ အထက်ပါတံတားရှိ တံတားခြေဆင်းတိုင်အား ဝင်တိုက်မိရာ မသင်းသဇင်ထွန်းသည် ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာဖြင့် မုဒုံဆေးရုံအရောက်တွင်သေဆုံးသွားခဲ့ပါသည် ။ ဆိုင်ကယ်၏နောက် လိုက်ပါစီးနင်းလာသော မစိုးစိုးနွယ် (၁၃) နှစ်သည် ညာခြေကျင်းဝတ်အဆစ်လွဲဒဏ်ရာနှင့် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင်ပါတ်သက်၍ မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှ ဥပဒေအရ အမှုဖွင့်စစ်ဆေးဆောင်ရွတ်လျက်ရှိကြောင်းသတင်းရှိသည်။(စာကြွင်း- မိဘများအနေဖြင့် သားငယ် သမီးငယ်များအား အသက်မပြည့်လျင် ဆိုင်ကယ်စီးခွင့်မပြုကြပါရန်နှင့် ဆိုင်ကယ်စီးပါက ဦးထုပ်ဆောင်းမေးသိုင်းကြိုးတပ်၍ စီးနင်းကြပါရန် စေတနာဖြင့် အသိပေးအပ်ပါသည်)

Edit ( ဆိုင်ကယ်မှာ အတူစီးနင်းလာသော နောက်ထိုင်ကျောင်းသူ၏ဆိုင်ကယ်ဖြစ်ပါသည်။ မောင်းချင်သဖြင့် တောင်းမောင်းသောကြောင့် မောင်းတက်မည်ထင်ပြီးပေးမောင်းလိုက်ခြင်းဖြစ်ကြောင်း မစိုးစိုးနွယ်မှ ပြောပြပါသည်။)

Source – အမွှာညီနောင်

Add a Comment

Your email address will not be published. Required fields are marked *