ဒါရိုက္တာ ဝင္းလြင္ထက္နဲ႔ ျပိဳင္ဘက္ေတြမဟုတ္ပါဘူးလို႔ ေျပာလိုက္တဲ့ ကုိေပါက္

ဒါရိုက္တာ ဝင္းလြင္ထက္နဲ႔ ျပိဳင္ဘက္ေတြမဟုတ္ပါဘူးလို႔ ေျပာလိုက္တဲ့ ကုိေပါက္
ကုိေပါက္ဟာ က်ရာဇာတ္ရုပ္ကုိအေကာင္းဆံုးသရုပ္ေဆာင္နို္္င္တဲ့ သရုပ္ေဆာင္ေကာင္းတစ္ဦးျဖစ္ျပီး video ေခတ္ကတည္းက ရုပ္ရွင္ဇာတ္ကားၾကီးေတြေခတ္အခုအခ်ိန္အထိ ဇာတ္လမ္းေကာင္းေတြရိုက္ကူးလာတဲ့အရည္အခ်င္းရွိဒါရိုက္တာတစ္ဦးလည္းျဖစ္ပါေသးတယ္။ ဒါရိုိက္တာဝင္းလြင္ထက္ကေတာ့ သူမတူေအာင္ထူးခြ်န္တဲ့အရည္အခ်င္းနဲ႔ အနုပညာကုိ စ်ာန္ဝင္ခံစားျပီးရုိက္ကူးတတ္တာေၾကာင့္အခ်ိန္တိုအတြင္းနာမည္ၾကီးလာသလို ပရိသတ္အခို္င္အမာရရွိထားတဲ့ လူငယ္ဒါရုိက္တာတစ္ဦးျဖစ္ပါတယ္။

အခုလက္ရွိမွာ ဒါရိုက္တာကုိေပါက္ရိုက္ကူးထားတဲ့ ရိုးမေပၚက်တဲ့မ်က္ရည္ ဇာတ္ကားၾကီးနဲ႔ ဒါရိုက္တာဝင္းလြင္ထက္ရဲ႕ Box No. 88 ဇာတ္ကားၾကီးဟာ ရံုတင္တဲ့ရက္ေတြတိုက္ေနျပီး နွစ္ကားလံုးကလည္း အျပိဳင္အဆိုင္စိတ္ဝင္စားစရာေကာင္းေနတဲ့ ဇာတ္ကားေတြျဖစ္တာေၾကာင့္လည္း ပရိသတ္ေတြအတြက္ေရြးခ်ယ္ရခက္တဲ့ဇာတ္ကားေတြျဖစ္ေနတာပါ။ နွစ္ကားလံုးၾကည့္သင့္တဲ့ဇာတ္ကားေတြျဖစ္ေပမယ့္လည္း တစ္ကားပဲၾကည့္ဖို႔တတ္နုိင္တဲ့ပရိသတ္ေတြအတြက္ေတာ့ ဘယ္ကားကုိၾကည့္ရမလဲဆိုတာ အက်ပ္ရုိက္ေစမွာပါ။ ဒီိလိုအျပိဳင္အဆို္င္ျဖစ္ေနတဲ့အေပၚ ကုိေပါက္က သူတို႔နွစ္ဦးဟာ ျပိဳင္ဘက္ေတြမဟုတ္ေၾကာင္းေျပာလာခဲ့ပါတယ္။

ကုိေပါက္က သူနဲ႔ ဝင္းလြင္ထက္တို႔ဟာ ျပိဳင္ဘက္ေတြမဟုတ္ပဲ အျပန္အလွန္ေလးစားခ်စ္ခင္ၾကသူေတြျဖစ္ေၾကာင္းနဲ႔ နွစ္ေယာက္အတူတူေအာင္ျမင္ခ်င္ပါတယ္လို႔ေျပာထားတာေတြ႔ရပါတယ္။ ကုိေပါက္က မၾကာေသးမီက သူ႔ရဲ႕လူမႈကြန္ယက္မွာ ဒါရိုက္တာဝင္းလြင္ထက္နဲ႔ နွစ္ဦးသားအျပန္အလွန္ခ်စ္ခင္စြာေျပာထားတဲ့ comment ေလးေတြရဲ႕ screenshot ေလးေတြကုိတင္ျပီး “ကြၽန္ေတာ္တို႔ေတြကၿပိဳင္ဖက္ေတြမဟုတ္ပါဘူး။ကိုေပါက္ နဲ႔ဝင္းလြင္ထက္သို႔မဟုတ္႐ိုးမက်တဲ့မ်က္ရည္ နဲ ႔Box no.88ကြၽန္ေတာ္တို႔၂ေယာက္ရဲ႕အျပန္အလွန္ေလးစားခ်စ္ခင္ျခင္းအႏုပညာ။ကိုယ္တစ္ေယာက္တည္းေအာင္ျမင္ဖို႔ထက္အတူတူေအာင္ျမင္ခ်င္တယ္ဗ်ာ။လူ႔ပတ္ဝန္းက်င္ကို အျပန္အလွန္ေလးစားခ်စ္ခင္ျခင္းေတြနဲ႔အလွဆင္ရေအာင္။”လို႔ေရးသားထားတာေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ရိုးမေပၚက်တဲ့မ်က္ရည္နဲ႔ Box no. 88 ဘယ္ရုပ္ရွင္ဇာက္ကားကုိသြားေရာက္ၾကည့္ရႈအားေပးၾကမွာလဲ။ နွစ္ကားလံုးကိုအားေပးမွာလား။တစ္ကားပဲေရြးရမယ္ဆိုရင္ ဘယ္ကားျဖစ္မလဲ။ေျပာခဲ့ၾကပါဦး။

Unicode

ကိုပေါက်ဟာ ကျရာဇာတ်ရုပ်ကိုအကောင်းဆုံးသရုပ်ဆောင်နို်င်တဲ့ သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်ပြီး video ခေတ်ကတည်းက ရုပ်ရှင်ဇာတ်ကားကြီးတွေခေတ်အခုအချိန်အထိ ဇာတ်လမ်းကောင်းတွေရိုက်ကူးလာတဲ့အရည်အချင်းရှိဒါရိုက်တာတစ်ဦးလည်းဖြစ်ပါသေးတယ်။ ဒါရိုက်တာဝင်းလွင်ထက်ကတော့ သူမတူအောင်ထူးချွန်တဲ့အရည်အချင်းနဲ့ အနုပညာကို ဈာန်ဝင်ခံစားပြီးရိုက်ကူးတတ်တာကြောင့်အချိန်တိုအတွင်းနာမည်ကြီးလာသလို ပရိသတ်အခိုင်အမာရရှိထားတဲ့ လူငယ်ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။

အခုလက်ရှိမှာ ဒါရိုက်တာကိုပေါက်ရိုက်ကူးထားတဲ့ ရိုးမပေါ်ကျတဲ့မျက်ရည် ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဝင်းလွင်ထက်ရဲ့ Box No. 88 ဇာတ်ကားကြီးဟာ ရုံတင်တဲ့ရက်တွေတိုက်နေပြီး နှစ်ကားလုံးကလည်း အပြိုင်အဆိုင်စိတ်ဝင်စားစရာကောင်းနေတဲ့ ဇာတ်ကားတွေဖြစ်တာကြောင့်လည်း ပရိသတ်တွေအတွက်ရွေးချယ်ရခက်တဲ့ဇာတ်ကားတွေဖြစ်နေတာပါ။ နှစ်ကားလုံးကြည့်သင့်တဲ့ဇာတ်ကားတွေဖြစ်ပေမယ့်လည်း တစ်ကားပဲကြည့်ဖို့တတ်နိုင်တဲ့ပရိသတ်တွေအတွက်တော့ ဘယ်ကားကိုကြည့်ရမလဲဆိုတာ အကျပ်ရိုက်စေမှာပါ။ ဒီလိုအပြိုင်အဆိုင်ဖြစ်နေတဲ့အပေါ် ကိုပေါက်က သူတို့နှစ်ဦးဟာ ပြိုင်ဘက်တွေမဟုတ်ကြောင်းပြောလာခဲ့ပါတယ်။

ကိုပေါက်က သူနဲ့ ဝင်းလွင်ထက်တို့ဟာ ပြိုင်ဘက်တွေမဟုတ်ပဲ အပြန်အလှန်လေးစားချစ်ခင်ကြသူတွေဖြစ်ကြောင်းနဲ့ နှစ်ယောက်အတူတူအောင်မြင်ချင်ပါတယ်လို့ပြောထားတာတွေ့ရပါတယ်။ ကိုပေါက်က မကြာသေးမီက သူ့ရဲ့လူမှုကွန်ယက်မှာ ဒါရိုက်တာဝင်းလွင်ထက်နဲ့ နှစ်ဦးသားအပြန်အလှန်ချစ်ခင်စွာပြောထားတဲ့ comment လေးတွေရဲ့ screenshot လေးတွေကိုတင်ပြီး “ကျွန်တော်တို့တွေကပြိုင်ဖက်တွေမဟုတ်ပါဘူး။ကိုပေါက် နဲ့ဝင်းလွင်ထက်သို့မဟုတ်ရိုးမကျတဲ့မျက်ရည် နဲ့Box no.88ကျွန်တော်တို့၂ယောက်ရဲ့အပြန်အလှန်လေးစားချစ်ခင်ခြင်းအနုပညာ။ကိုယ်တစ်ယောက်တည်းအောင်မြင်ဖို့ထက်အတူတူအောင်မြင်ချင်တယ်ဗျာ။လူ့ပတ်ဝန်းကျင်ကို အပြန်အလှန်လေးစားချစ်ခင်ခြင်းတွေနဲ့အလှဆင်ရအောင်။”လို့ရေးသားထားတာတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရိုးမပေါ်ကျတဲ့မျက်ရည်နဲ့ Box no. 88 ဘယ်ရုပ်ရှင်ဇာက်ကားကိုသွားရောက်ကြည့်ရှုအားပေးကြမှာလဲ။ နှစ်ကားလုံးကိုအားပေးမှာလား။တစ်ကားပဲရွေးရမယ်ဆိုရင် ဘယ်ကားဖြစ်မလဲ။ပြောခဲ့ကြပါဦး။

Add a Comment

Your email address will not be published. Required fields are marked *