စီရော်နယ်ဒိုရဲ့လေးစားစရာ အပြုအမှုတစ်ခုကို လိုက်လံအတုခိုးကျင့်သုံးနေတဲ့ ဟာလန်

စီရော်နယ်ဒိုရဲ့လေးစားစရာ အပြုအမှုတစ်ခုကို လိုက်လံအတုခိုးကျင့်သုံးနေတဲ့ ဟာလန်စီရော်နယ်ဒိုလိုကစားသမားမျိုးဟာ လူငယ်ကစားသမားတိုင်းရဲ့ အတုယူခံကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။ ကျွန်းငယ်လေးကနေ ကမ္ဘာကြီးဆီကို ထိုးဖောက်လာခဲ့ရာမှာ စီရော်နယ်ဒိုတစ်ယောက် ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေက မနည်းမနောပါပဲ။ အလွန်ဆင်းရဲနွမ်းပါးတဲ့ကောင်လေးဘ၀ကနေ Ballon d’Or ဆု (၅) ကြိမ်အထိရယူနိုင်ခဲ့တဲ့အထိ စီရော်နယ်ဒိုတစ်ယောက် ကမ္ဘာကြီးကို ထိုးဖောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

စိတ်ဓာတ်နဲ့ ခံယူချက်ပြင်းထန်လွန်းတဲ့ စီရော်နယ်ဒိုရဲ့ ကြိုးစားအားထုတ်မှုကလည်း တကယ့်ကိုလက်ဖျားခါချင်စရာကောင်းလွန်းလှတာ အမှန်ပါပဲ။ ဒါကြောင့်ပဲ စီရော်နယ်ဒိုကို ကြိုးစားမှုရဲ့ပြယုဂ်အဖြစ် တင်စားကြတာဖြစ်ပြီး သူ့လိုကစားသမားမျိုး နောက်ထပ်ပေါ်ထွက်ဖို့မလွယ်တော့ပါဘူး။

စီရော်နယ်ဒိုကို လေးစားအားကျအတုယူသူတွေထဲမှာ ဆောဘတ်လူငယ်တိုက်စစ်မှူးဟာလန်းကလည်း တစ်ယောက်အပါအ၀င်ပါ။ ဟာလန်းဟာ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ တောက်ပတဲ့စွမ်းဆောင်ရည်တွေကြောင့် ဥရောပမီဒီယာထက်မှာ နေရာရလာသူ ဖြစ်ပါတယ်။

ဟာလန်းဟာ စီရော်နယ်ဒိုလေးစားအားကျလွန်းသူဖြစ်ပြီး စီရော်နယ်ဒိုစားသောက်တဲ့ပုံစံအတိုင်းသာ လိုက်စားတယ်လို့ ဟာလန်းရဲ့ဖခင်ဖြစ်သူက ဖွင့်ဟသွားခဲ့တာပါ။ ဟာလန်းဟာ အသက် (၁၆) နှစ်အရွယ်ကတည်းက အိမ်ကနေထွက်ခွာပြီး မိုဒီကို ပြောင်းခဲ့တာပါ။ သူက ကျွန်တော့်ထက်အများကြီးပရော်ဖက်ရှင်နယ်ဆန်ပါတယ်။

ဟာလန်းဟာ စီရော်နယ်ဒိုရဲ့စားသောက်တဲ့ပုံစံအတိုင်းပဲ လိုက်လံအတုခိုးစားသောက်တာပါ။ စီရော်နယ်ဒိုက (၃၄) နှစ်အရွယ်ရှိ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ကို ပြသနေတာကြောင့် သူ့လိုဖြစ်ချင်လို့တဲ့လေ”လို့ဆိုပြီး ဟာလန်းရဲ့ဖခင်ဖြစ်သူ မန်စီးတီးကစားသမားဟောင်းက ဆိုခဲ့တာပါ။

Ref: Sportbible

Add a Comment

Your email address will not be published. Required fields are marked *