အနက်ရောင်ဖက်ရှင်နဲ့ နိုင်ငံခြားမင်းသမီးတစ်ယောက်လို ဆွဲဆောင်မှုရှိရှိ လှနေတဲ့ ခင်ဝင့်ဝါ

အနက်ရောင်ဖက်ရှင်နဲ့ နိုင်ငံခြားမင်းသမီးတစ်ယောက်လို ဆွဲဆောင်မှုရှိရှိ လှနေတဲ့ ခင်ဝင့်ဝါပရိသတ်တွေက ခေးလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ အရမ်းကိုချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူတစ်ဉီးပါ။ လတ်တလောမှာတော့ ခင်ဝင့်ဝါလေးက အနက်ရောင် ဖက်ရှင်နဲ့ ခပ်မိုက်မိုက်လေး ပွဲတက်ခဲ့တဲ့ သူမရဲ့ပုံရိပ်လှလှလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဘယ်လိုဖက်ရှင်ဝတ်ဝတ် လိုက်ဖက်ညီပြီး ကြည့်မဝတဲ့အလှကို ပိုင်ဆိုင်ထားတဲ့ ခင်ဝင့်ဝါရဲ့ပုံရိပ်တွေကတော့ နိုင်ငံခြားမင်းသမီးတစ်ယောက်လို အရမ်းလန်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အနက်ရောင် ဝတ်စုံလေးနဲ့ အရမ်းကိုကြည့်လို့မိုက်နေတဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့ပွဲတက်အလှပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခင်ဝင့်ဝါကတော့ ” လောဘမကြီးနဲ့ အလွဲသုံးစားမလုပ်နဲ့ နေ့ရက်တိုင်းရဲ့ပျော်ရွှင်ခြင်းက ခွဲတမ်းရှိတယ်။” ဆိုတဲ့ စာသားလေးကို သူမရဲ့ပွဲတက်ပုံရိပ်တွေနဲ့အတူ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ အသစ်တစ်ဦးလို့ ပြောလို့ရတဲ့ မင်းသမီးလေး ခင်ဝင့်ဝါကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းလို့ ဝါရင့်တွေနဲ့အပြိုင် အကောင်းဆုံး သရုပ်ဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။

အပြုံးလေးတွေကိုက မြင်ရတဲ့ ပရိသတ်တွေရဲ့ရင်ကို အေးမြစေပါတယ် ခေးရယ်…

ချစ်စရာမင်းသမီးချောလေး ခင်ဝင့်ဝါကတော့ လတ်တလောမှာ ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေပြီး၊ တစ်ခြားသော အနုပညာအလုပ်တွေ လုပ်ဖြစ်နေတာပါ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲကလည်း ရုပ်သံလိုင်းတွေမှာ ပြသနေပြီပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း အရမ်းကို ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ ခင်ဝင့်ဝါလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Add a Comment

Your email address will not be published. Required fields are marked *