လေ့ကျင်းရေးကွင်းက စီရော်နယ်ဒိုရဲ့ကြက်သီးထချင်စရာကောင်းပြီး လေးစားလွန်းစရာလုပ်ရပ်ကို ပြောခဲ့တဲ့ ဖွန်တီ

လေ့ကျင်းရေးကွင်းက စီရော်နယ်ဒိုရဲ့ကြက်သီးထချင်စရာကောင်းပြီး လေးစားလွန်းစရာလုပ်ရပ်ကို ပြောခဲ့တဲ့ ဖွန်တီပေါ်တူဂီလက်ရွေးစင်နောက်ခံလူ ဖွန်တီက စီရော်နယ်ဒိုရဲ့ လေ့ကျင့်ရေးကွင်းက အကြမ်းစားလေ့ကျင့်မှုတစ်ခုကို ထုတ်ဖော်ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ Ballon d’Or ဆု (၅) ကြိမ်အထိရယူထားနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ဘောလုံးလောကရဲ့နှစ်ယောက်မရှိနိုင်တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ စီရော်နယ်ဒိုလူမျိုး ဘောလုံးလောကမှာ နောက်ထပ်နှစ်ပေါင်း(၁၀၀) အတွင်း ထပ်မံပေါ်ထွက်လာဖို့ လုံးဝမလွယ်ကူတော့ပါဘူး။

စီရော်နယ်ဒိုရဲ့ ကြိုးစားအားထုတ်မှုပြင်းထန်ပုံဟာ တကယ့်ကို လက်ဖျားခါချင်စရာကောင်းလွန်းလှပါတယ်။ လေ့ကျင့်ရေးကွင်းကို အစောဆုံးလာပြီး နောက်အကျဆုံးပြန်သွားတတ်သူလည်း ဖြစ်ပါတယ်။ အခုအခါမှာတော့ စီရော်နယ်ဒိုနဲအတူ စပို့တင်းလစ္စဘွန်းလူငယ်အသင်းမှာ တွဲကစားခဲ့ဖူးတဲ့ ဖွန်တီဟာ စီရော်နယ်ဒိုရဲ့ဖြစ်ရပ်တစ်ခုကို ထုတ်ဖော်သွားခဲ့တာပါ။

ဖွန်တီနဲ့ စီရော်နယ်ဒိုတို့ဟာ ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ စပို့တင်းလူငယ်အသင်းမှာ အတူတွဲကစားခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ အသက်ငယ်ရွယ်လွန်းတဲ့အချိန်မှာတောင် လေ့ကျင့်ရေးကွင်းတစ်ခုလုံးမှာ ကြိုးစားအားထုတ်မှုအပြင်းထန်ဆုံးလို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်က (၁၆) နှစ်၊ စီရော်နယ်ဒိုက (၁၅) နှစ်အရွယ်တုန်းကပေါ့ဗျာ။ ပထမဆုံးစတွေ့တဲ့နေ့မှာကတည်းက သူ့ကို ကျွန်တော်အရမ်းအထင်ကြီးသွားခဲ့တယ်။ သူက လေ့ကျင့်ရေးကွင်းမှာ အားလုံးနဲ့မတူတဲ့သူပါ။ အဲဒီအရွယ်မှာကတည်းက စီရော်နယ်ဒိုဟာ လေ့ကျင့်ရေးကွင်းမှာ အကြိုးစားဆုံးသူဖြစ်နေပြီ။

လေ့ကျင့်ရေးကွင်းကနေလည်း အရမ်းနောက်ကျမှ ပြန်တတ်တယ်။ Gym ခန်းမထဲမှာဆိုရင် ကျွန်တော်က အားလုံးပြန်သွားလို့ ပြတင်းပေါက်ကိုပိတ်ဖို့စောင့်နေပြီး တော်တော်ကြာတဲ့အထိ သူအေးဆေးလုပ်နေတုန်း။ ‘ခရစ္စရေ။ လာပါတော့။ ရပ်လိုက်ပါတော့။ အရမ်းနောက်ကျနေပြီ’လို့ ပြောယူရတဲ့အထိပါပဲ”လို့ စီရော်နယ်ဒိုက ဖွင့်ဟသွားခဲ့တာပါ။ စီရော်နယ်ဒိုရဲ့ကြိုးစားအားထုတ်မှုကတော့ တကယ့်ကို ကြက်သီးထဖွယ်လို့ပဲ ဆိုရပါတော့မယ်။

Add a Comment

Your email address will not be published. Required fields are marked *