သူ့ရဲ့ ရှားရှားပါးပါး မိန်းကလေး Version ကိုချပြလိုက်တဲ့ ကျော်သူ

သူ့ရဲ့ ရှားရှားပါးပါး မိန်းကလေး Version ကိုချပြလိုက်တဲ့ ကျော်သူ




Unicode

မင်းသားကျော်သူကတော့ တခေတ်တခါတုန်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့ပြီး အရမ်းကို အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသား တယောက်လည်း ဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါမှာတော့ လူတိုင်းသူ့ကို အားပေးကြပြီး ပရိသတ်အတောင့်တင်းဆုံးသော မင်းသားကြီး တလက်လည်း ဖြစ်ပါတယ်။ ကျော်သူ ကတော့ ရုပ်ရှင်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့တဲ့ ကျော်သူ ကတော့ လက်ရှိအသက်ကြီးတဲ့ အချိန်မှာလည်း ရုပ်ရှင်တွေ ရိုက်ကူးနေတုန်းပါပဲ။

လက်ရှိမှာလည်း ကျော်သူ ကတော့ သူငယ်ရွယ်စဉ်အခါ အနုပညာလုပ်တဲ့ အချိန်မှာ မိန်းမလို သရုပ်ဆောင် ဓာတ်ပုံရိုက်ထားတဲ့ ပုံလေးတွေကို တင်လိုက်တာ ဖြစ်ပါတယ်။ ကျားကျားယားယား ခပ်ကြမ်းကြမ်း ကာရိုက်တာနဲ့သာ အတွေ့များရတဲ့ ကျော်သူ တယောက်ကို ဒီလိုမျိုး မြင်လိုက်ရတာကတော့ အံ့သြစရာပါပဲ။

ကျော်သူကတော့ ဒီဓာတ်ပုံလေးကိုတင်ပြီး “အော် ဘ၀ ဘ၀ 1990 လောက်က Sexy girl လေးပေါ့ရှင်” ဆိုပြီး အရွှန်းဖောက်က တင်ထားတာ ဖြစ်ပါတယ်။ ကျော်သူရဲ့ မိန်းကလေး Version ကို မြင်ပြီး တော်တော်များများလည်း အံ့အားသင့်သွားကြမယ် ထင်ပါတယ်။

ကျော်သူကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကိုးလည်း လုပ်ကိုင်ရင်း တဖက်မှာလည်း အခက်အခဲ ဖြစ်သူတွေကို အမြဲကူညီနေတဲ့ ပရဟိတမင်းသားကြီးလည်း ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *