မကန်ရသေးတဲ့ ပွဲတစ်ပွဲကို တွေးပြီးကြောက်မနေဘူးလို့ ပြောလိုက်တဲ့ ဂွာဒီိယိုလာ

မကန်ရသေးတဲ့ ပွဲတစ်ပွဲကို တွေးပြီးကြောက်မနေဘူးလို့ ပြောလိုက်တဲ့ ဂွာဒီိယိုလာ

အခုအပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ပွဲအဖြစ်တော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူး အသင်း နဲ့ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းတို့ ယနေ့ ညမှာ ရင်ဆိုင် တွေ့ကြတော့မှာ ဖြစ်ပါတယ်။လီဗာပူးတို့ဟာဒီရာသီမှာရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်သလို အန်ဖီးလ်ကွင်းမှတ်တမ်းဆိုးကြောင့်လည်း မန်စီးတီးအသင်းအတွက်ခက်ခဲမယ့်ပွဲတပွဲဖြစ်လာဖို့ရှိနေပါတယ်။

ဒါပေမယ့် မန်စီးတီး နည်းပြကြီး ဂွာဒီယိုလာကတော့ ယနေ့ ညပွဲစဉ်မှာ သူ့အသင်း ကို အောက်အသင်းတသင်း အဖြစ်ခံ စားပြီး ကစားစေမှာမဟုတ်ဘူးလို့အခိုင်အမာဆိုပါတယ်။မန်စီးတီးတို့ဟာ ပြီးခဲ့တဲ့ ၂ရာသီ ဆက်ချန်ပီယံအသင်းဖြစ်ပြီး ရမှတ်စုစုပေါင်း ၁၉၈ မှတ်အထိရယူထားနိုင်ခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။

မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းရဲ့ နောက် ၃နှစ်ဆက်ချန်ပီယံ ဆုကြီးကိုရယူနိုင်တဲ့ အသင်းဖြစ်လာ ဖို့ကြိုးစားနေပေမယ့် လီဗာပူး အသင်းရဲ့ လတ်တလော ခြေစွမ်းကောင်းတွေကြောင့် အခက်တွေ့ နေခဲ့ရပြီး ပွဲစဉ် ၁၁ အပြီးမှာ ၆မှတ်ကွာဟနေပြီဖြစ်ပါတယ်။

ဒါ့အပြင် အသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ အီဒါဆန် ဟာလည်း လာပေါ်တေး၊ ဆာနေး၊ ဇင်ချန်ကို၊ ရိုဒရီ တို့နဲ့ အတူ ဒဏ်ရာရ စာရင်းထဲရောက်သွားပြီဖြစ်လို့ ၂၀၀၃ နောက်ပိုင်းအနိုင်မရထားသေးတဲ့ ကွင်းမှာ အခုတကြိမ်လည်းလွယ်ကူဖို့မရှိသေးတာဖြစ်ပါတယ်။ဒါပေမယ့်ဂွာဒီယိုလာကတော့ –

“တနင်္ဂနွေနေ့မှာ လီဗာပူးကို ရှုံးတော့မယ်ဆိုတဲ့ ခံစားချက်မျိုးနဲ့ ဘက်စ်ကားစီးပြီး အန်ဖီးလ်ကွင်းကိုကျွန်တော်မသွားပါဘူး။နည်းပြဘဝတလျှောက်လုံးမှာလည်း ဒါမျိုး တခါမှ မရှိဘူးပါဘူး။ကျွန်တော်အမြဲတွေးထားတာက စီစဉ်ထားတဲ့ အံ့မခန်း အရာတွေကို လုပ်ဆောင်နိုင်ရက် ပွဲကိုနိုင်ဖို့ အခွင့်အလမ်းရှိတယ်ဆိုတာပါပဲ ” လို့ပြောခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *