ချယ်လ်ဆီး အသင်း ရဲ့ ချန်ပီယံဆု ကို စိန်ခေါ်နိုင်မယ့် အကြောင်းအရာကို ဖွင့်ဟလာတဲ့ လမ်းပတ်

ချယ်လ်ဆီး အသင်း ရဲ့ ချန်ပီယံဆု ကို စိန်ခေါ်နိုင်မယ့် အကြောင်းအရာကို ဖွင့်ဟလာတဲ့ လမ်းပတ်

မနေ့ည အစောပိုင်း မှာ ကစား ခဲ့တဲ့ ချယ်လ်ဆီး နဲ့ ခရစ်စတယ် ပဲလေ့စ် ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ဟာ ပြိုင်ဖက် ပဲလေ့စ် ကို စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ အသာစီး ကစား ခဲ့ပြီး တိုက်စစ်မှူး တွမ်မီ အေဘရာဟမ် ၊ တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ၂ – ၀ ရလဒ် နဲ့ အနိုင်ရခဲ့ပါတယ် ။ ယနေ့ည မှာ ကစားမယ့် လီဗာပူး – မန်စီးတီး တို့ အချင်းချင်း ထိပ်တိုက် တွေ့ဆုံနေမှု ကို အပြည့်အဝ အခွင့်အရေး ယူနိုင်ခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ရာသီ အစ က ချယ်လ်ဆီး အသင်း အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ဟာ ဒီနှစ် အတွက် အမြင့်မားဆုံး အောင်မြင်မှု ဖြစ်နိုင်တယ် လို့ အများက ခန့်မှန်း သုံးသပ် ခဲ့ကြပေမယ့် ဖရန့် လမ်းပတ် ဦးဆောင်တဲ့ ချယ်လ်ဆီး လူငယ် အုပ်စု ဟာ အများ က မထင်မှတ် ထားတဲ့ ခြေစွမ်း အဆင့်အတန်း မြင့်မားစွာ နဲ့ ခြေစွမ်း ပြသ နေကြပါတယ် ။

မနေ့က ပွဲပြီး အင်တာဗျူး မှာတော့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ပရီးမီးယားလိဂ် ချန်ပီယံ ဆု နဲ့ ပတ်သက်ပြီး ” လောလောဆယ် မှာ ကျွန်တော် တို့ဟာ လီဗာပူး နဲ့ မန်စီးတီး တို့ကို ကျွန်တော် တို့ဟာ ရမှတ် ကွာဟမှု အနည်းငယ် နဲ့ ဖိအား ပေးလာနိုင်ပါတယ် ။ ဒီနေ့ပွဲ ပထမပိုင်း မှာ ကျွန်တော် တို့ရဲ့ ကစားပုံ အနည်းငယ် လေးလံမှု အတွက်တော့ စိတ်ပျက် ခဲ့မိပါတယ် ။ ပထမပိုင်း မှာ ကျွန်တော် တို့ဟာ ပွဲရဲ့ အရှိန် ကို လျှော့ချ ခဲ့မိသလိုပါပဲ ။ ပွဲကို အကောင်းဆုံး စတင် နိုင်ခဲ့တယ် ၊ ဒါပေမယ့် အစောပိုင်း မှာကတည်းက ဂိုးရထားခဲ့ရင်တော့ ပိုကောင်းမှာ အမှန်ပါပဲ ။ ” လို့ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကတော့ ဒီရာသီ လူငယ်ကစားသမားတွေရဲ့ လုပ်အား နှုန်းနဲ့ အကောင်းဆုံးပုံစံတွေရရှိနေတာဖြစ်ပြီး ထင်မှတ်မထားတဲ့ လူငယ်တွေရဲ့ စုပေါင်းအားကို တော့မဖြစ်မနေချီးကျူးရမှာပါ။

Add a Comment

Your email address will not be published. Required fields are marked *