အဲရစ်ဆင်ကို သတ်ပစ်မယ်လို့တောင် ခြိမ်းခြောက်ခဲ့ဖူးတဲ့ ဖာဂူဆန်ရဲ့ ကြီးမားလှတဲ့ အမျက်ဒေါသ

အဲရစ်ဆင်ကို သတ်ပစ်မယ်လို့တောင် ခြိမ်းခြောက်ခဲ့ဖူးတဲ့ ဖာဂူဆန်ရဲ့ ကြီးမားလှတဲ့ အမျက်ဒေါသ

အဲရစ်ဆင်ပြောပြတဲ့ ဒီပုံပြင်ကို နားထောင်ပြီးရင်တော့ ဖာဂူဆန်ရဲ့ အမျက်ဒေါသဟာ ဘယ်လောက်အထိ ကြီးသလဲဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်ရမှာပါ။ ဖာဂူဆန်ဟာ မန်ယူအသင်းနဲ့အတူ ဘယ်သူမှ လိုက်မမီနိုင်တဲ့ အောင်မြင်မှုမျိုးကို ရယူထားနိုင်ခဲ့တဲ့ ဂန္ထ၀င်နည်းပြကြီးဖြစ်ပါတယ။် ကစားသမားတိုင်းက ချစ်ကြောက်ရိုသေရတဲ့၊ ပြိုင်ဘက်နည်းပြတိုင်းက လေးစားရတဲ့ နည်းပြတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့အမျက်ဒေါသကြီးမှုဟာလည်း ဘောလုံးလောကမှာ ပြောစမှတ်တွင်လျက်ရှိနေပါတယ်။ အတွင်းလူတွေရဲ့ပြောပြချက်အရလည်း ဖာဂူဆန်ဟာ ဒေါသထွက်လာရင် ဘယ်သူမှ ထိန်းချုပ်လို့မရဘူးလို့ သိရပါတယ်။

ဖာဂူဆန်ဟာ ၀ိန်းရွနုးနီကိစ္စနဲ့ပတ်သက်ပြီး အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်းအဲရစ်ဆင်အပေါ်ကိုလည်း အလွန်အမင်းဒေါသထွက်ဖူးတယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းက ၀ိန်းရွန်းနီဟာ မန်ယူနဲ့ အင်္ဂလန်နှစ်သင်းစလုံးအတွက် အရေးပါတဲ့ ကစားသမားအဖြစ် တည်ရှိနေတာပါ။

ရွန်းနီအနေနဲ့ မန်ယူကို ပိုပြီးအာရုံစိုက်နိုင်အောင်လို့ သိပ်အရေးမပါတဲ့ခြေစမ်းပွဲစဉ်တစ်ခုမှာ ရွန်းနီကို မရွေးချယ်ဖို့ ဖာဂူဆန်က အဲရစ်ဆင်ကို သတိပေးခဲ့တာပါ။ ဖာဂူဆန်ရဲ့ကြောက်စရာကောင်းလွန်းတဲ့ ဒေါသကို အဲရစ်ဆင်က အခုလိုပဲ ပြန်ပြောင်းပြောခဲ့ပါတယ်။

“အဲဒီတုန်းက မနက်အစောကြီး (၇) နာရီလောက်ပဲရှိပါသေးတယ်။ ဖာဂူဆန်က အရမ်းဒေါသထွက်နေပြီး ကျွန်တော့်ဆီကို ဖုန်းခေါ်ခဲ့တယ်။ ပြီးတော့ ဟယ်လိုတောင် မပြောတော့ဘဲ ကျွန်တော့်ကို စပြီးကြိမ်ဆဲတော့တာပဲ။ တကယ်လို့ ရွန်းနီကိုရွေးရင် မင်းကိုငါသတ်ပစ်မယ်။ မင်းဘ၀ လုံးဝအဆုံးသတ်သွားပြီ လို့ ဒေါသတကြီးပြောခဲ့တယ်။ တကယ့်ကို ကြောက်စရာကောင်းလွန်းပါတယ်”လို့ အဲရစ်ဆင်က ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ ဖာဂူဆန်ရဲ့ အမျက်ဒေါသကတော့ တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်လို့ ဆိုရမှာပါ။

Add a Comment

Your email address will not be published. Required fields are marked *