Latest

မော်လမြိုင်ဆေးရုံကြီးနှင့် မော်လမြိုင်ကလေးဆေးရုံကြီးတို့မှရှေ့တန်းတိုက်စစ်မှုး ဝန်ထမ်းတွေအတွက် အမှန်တကယ်လိုအပ်တာကို လှူပေးပါပြီ

မော်လမြိုင်ဆေးရုံကြီးနှင့် မော်လမြိုင်ကလေးဆေးရုံကြီးတို့မှရှေ့တန်းတိုက်စစ်မှုး ဝန်ထမ်းတွေအတွက် အမှန်တကယ်လိုအပ် တာကို လှူပေးပါပြီ မော်လမြိုင်မြို့ ဆေးရုံကြီးနှင့် မော်လမြိုင်သားဖွားနှင့်ကလေးဆေးရုံ(အမေရိကန်)ဆေးရုံတို့ရှိ Hospital Quarantine Wardတို့မှ ကျန်းမာရေးဝန်ထမ်း ရှေ့တန်းတိုက်စစ်မှုးတွေအတွက် အသုံးဝင် မည့် COVID-19 သံသယလူနာများအား စစ်ဆေးရန် ဓါတ်ခွဲနမူနာယူသည့်အခါများ၌ အန္တရာယ်ကင်းစွာ ရယူနိုင်ရေးအတွက် မော်လမြိုင် အထွေထွေရောဂါကုဆေးရုံကြီးအတွက် Booth တခုPPE ဝတ်စုံ (10)စုံSurgical
Read More

ဆေးရုံ သုံးစက်ပစ္စည်းေ တွ တီထွင်ကြတဲ့ လူငယ်တွေ ကို ငွေကြေးထော က်ပံ့မည်ဟု အတိုင်ပင်ခံပြော

ဝေ ဘာဂီဆေးရုံမှာတော့ အစားအသောက်၊ဆေးဝါးတွေကို သယ်ဆောင်ပေးတဲ့ Robotic Trolley တွေလိုအပ်နေတာပါ။ COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် ဆေးရုံတွေမှာလိုအပ်တဲ့ စက်ပစ္စည်းတွေကို မြန်မာလူငယ်တွေ တီထွင်နေကြရာ နိုင်ငံတော်ကလည်း ငွေကြေးထောက်ပံ့ပေးသွားမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လူနာတွေအတွက် အစားသောက်၊ ဆေးဝါးတွေကို သယ်ဆောင်ပေးနိုင်ဖို့ စက်ရုပ်ထော်လီတွေ၊ အလိုအလျောက်ဆေးဖြန်းပေးတဲ့စက်ရုပ်တွေ၊ အဝေးထိန်းကိရိယာနဲ့ အပူချိန်တိုင်းလို့ရတဲ့ကိရိယာတွေအပြင် ရပ်ကွက်၊ကျေးရွာတွေမှာ အသုံးပြုနိုင်တဲ့ ဒရုန်းစပီကာတွေကို
Read More

ချစ်တဲ့ပရိသတ်ကြီးကို အိမ်မှာပဲနေပြီး သူတို့ကိုကူညီကြဖို့ မေတ္တာရပ်ခံလိုက်တဲ့ မင်းသမီးချော ဆရာဝန်မလေး ပိုးမမှီသာ

ဆရာဝန်မလေးတစ်ယောက်ဖြစ်ပေမယ့် အနုပညာကို ခုံမင်မြတ်နိုးတဲ့ တတ်သစ်စမင်းသမီးချောလေးပိုးမမှီသာကတော့ အဆိုတော် စိုင်းစိုငိးခမ်းလှိုင်ရဲ့ “သိင်္ခါရသီချင်းတစ်ပုဒ် သီချင်းလေးမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပြီး ယောက်ျားလေး ပရိတ်သတ်တွေရဲ့ အားပေးဝန်းရံခြင်းသာမကပဲ အပြစ်ဆိုဖွယ်ရာမရှိလောက်အောင် အဖက်ဖက်ကပြည့်စုံပြီး ချစ်စရာကောင်းတဲ့ ကြည်လင်ဝင်းပတဲ့ မျက်နှာလေးကိုပိုင်ထားတာကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေး နှစ်သက်မှုတွေကိုလည်း ရရှိပိုင်ဆိုင်ထားသူလေးပါ။ တတ်သစ်စမင်းသမီးချောလေး ပိုးမမှီသာကတော့ လတ်တလောမှာ အဆိုတော်
Read More

ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးပိတ်လိုက်သဖြင့် ဈေးသူဈေးသားများနှင့် စည်ပင်အငြင်းပွားမှုဖြစ်

ရန်ကုန်မြို့ကြည့်မြင်တိုင်ဗဟိုစံပြငါးဈေးမှာCOVID-19ကူးစက်ခံရနိုင်တာကြောင့်စည်ပင်ကဈေးရောင်းခွင့်ပိတ်ပင်တဲ့အတွက် ဈေးသူ​ဈေးသားတွေနဲ့စည်ပင်ဝန်ထမ်းတွေဧပြီ၂၄ရက်နေ့မနက်ပိုင်းကစပြီးအငြင်းပွားမှုဖြစ်နေပါတယ်။ ဗဟိုစံပြငါးဈေးက​ဈေးသည်တွေကို​ရွှေပိတောက်ဈေးကိုပြောင်းရွှေ့ရောင်းချဖို့စည်ပင်ကအမိန့်ထုတ်ထားတာပါ။ဗဟိုစံပြငါးဈေးဝင်းကိုလည်းကျန်းမာရေးအတွက်ပိတ်လိုက်တယ်လို့​ဈေးသူဈေးသားတွေကပြောပါတယ်။ ဈေးသူဈေးသားတွေကို​ဈေးရောင်းခွင့်မပေးတော့ပေမယ့်စံပြငါးဈေးဝင်းထဲမှာစည်ပင်ကကားပါကင်အနေနဲ့တစ်စီးကို​ငွေကျပ် ၂၀၀၀နှုန်းနဲ့​ကောက်ခံပြီးယာဉ်တွေကိုရပ်နားခွင့်ပြုထားတယ်လို့​ဈေးသည်တွေက ပြောပါတယ်။ ဗဟိုစံပြငါးဈေးက​ဈေးသည်​ဒေါ်သီသီမိုးကကျမတို့ကိုတော့ဈေးရောင်းခွင့်မပြုတော့ပါဘူး။ရွှေပိတောက်ဈေးကို​ပြောင်းပြီးရောင်းဖို့ပြောပါတယ်။နေရာလည်းမစီစဉ်ပေးပါဘူး။ရွှေပိတောက်ဈေးမှာ နေရာ တစ်နေရာကိုငါးသောင်း ခြောက်သောင်းပေးပြီး နေရာ ရောင်းစားနေပါတယ်။ကျမတို့ကို ဈေးရောင်းခွင့်သာမပေးတာ စံပြငါးဈေးမှာစည်ပင်က ပါကင်ဖွင့်ပြီးပိုက်ဆံကောက်နေပါတယ်။တစ်စီးကိုနှစ်ထောင်ကျပ်နှုန်းနဲ့ပါလို့​ပြောပါတယ်။ COVID-19ကာလအတွင်းအခြေခံလူတန်းစားတွေရဲ့စားဝတ်နေရေးဟာစိန်ခေါ်မှုဖြစ်နေတာပါ။လက်လုပ်လက်စားတွေကတော့တစ်နေ့လုပ်မှတစ်နေ့စားရတဲ့အတွက်အလုပ်ကိုမဖြစ်မနေလုပ်ရမှာဖြစ်တယ်လို့စံပြငါးဈေးက​ဈေးသည်တွေကပြောပါတယ်။ credit DVB
Read More

အခက်အခဲဖြစ်နေတဲ့အချိန် ထောက်ပံ့လှူဒါန်းပေးတဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို ဘယ်တော့မှမမေ့ပါဘူးဆိုတဲ့ ရဲလေးမ

နာမည်ကြီး ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရဲလေးမဟာ ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ မိန်းမလျာကာရိုက်တာက ပရိသတ်တွေကြားထဲ နာမည်ကြီးတာပဲ ဖြစ်ပါတယ်။ ဇာတ်ကားတိုင်းလိုလိုမှာ သရုပ်ဆောင်ခွင့်ရပေမယ့် မိသားစုဝင်အများကြီးကို ရှာဖွေကျွေးမွေးနေရတဲ့ ရဲလေးမဟာ ငွေရေးကြေးရေးချို့တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရဲလေးမက သူ့ရဲ့ အိမ်ထိလာရောက်လှူဒါန်းပေးတဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကျေးဇူးကို ဘယ်တော့မှ မမေ့မယ့်အကြောင်း ပြောပြလာပါတယ်။ ရဲလေးမက “ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့
Read More

COVID-19 Case No. 1 လူနာ၏ (၆) ကြိမ်မြောက် ဆေးစစ်ချက်တွင် Nagative ပြ

ချင်းပြည်နယ၊် တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာတွင် ပထမဆုံး COVID 19 ရောဂါပိုးတွေ့ရှိသည့် လူနံပါတ်(၁) ၏ (၆)ကြိမ်မြောက် ဓာတ်ခွဲဆေးစစ်ချက်တွင် ရောဂါပိုးမတွေ့ရှိတော့ဘဲ negative ပြနေကြောင်း တီးတိန်မြို့ ဆေးရုံအုပ် ဒေါက်တာ ဇော်မြင့်နိုင်က ပြောသည်။ ဒေါက်တာ ဇော်မြင့်နိုင်က “လူနာနံပါတ် ၁ (၅) ကြိမ်ထိတော့ positive ပြနေတယ်၊ ဒီတစ်ခေါက်
Read More

ဆိုင်ကယ် တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ မြင်လို့ ပြေးကောက်ပြီး ဖွင့်ကြည့်လိုက်သောအခါ

ဗန်းမော်မြို့က ထူးခြားဖြစ်စဉ် တစ်ခု မြေနုဈေးမှာ ဈေးရောင်းသူ ဝယ်သူ Mask တပ်မတပ် ကြည့်ရှု့စဉ်။ ဆိုင်ကယ်တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ မြင်တော့ ဘာတိုင်သလည်းပေါ့ ပြေးကောက်ပြီးဖွင့်ကြည့်လိုက်တယ်။ အထဲမှာ Maskတစ်ခု ငွေ ၃၀၀၀ စာရွက်တစ်ရွက် စာဖတ်ပြီး အော်….တော်လိုက်တာ။ သာဓုပါဗျာ အမည်မဖော်ပဲ ကုသိုလ်လုပ်တာ အမြတ်ဆုံးပါ။ ဒါနဲ့
Read More

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်

၁။ (၂၄-၄-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) နှင့် ဆေးသုတေသနဦးစီးဌာန (DMR) တို့မှ ယနေ့ည (၈) နာရီအချိန်အထိ ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲအဖြေများမှာ – COVID-19 ရောဂါပိုးတွေ့ရှိမှု (လူနာသစ်) = (၄) ဦး COVID-19 ရောဂါပိုးမတွေ့ရှိမှု = (၁၆၃) ဦးနှင့် စစ်ဆေးခဲ့သော
Read More

မတ္တ ရာမြို့ က ကိုဗစ် လူနာအမှတ် (၁၃၂) မည် သူ့ ထံမှ ရော ဂါကူးစက် မှန်းမသိ ဇစ်မြစ်ပျောက်ဆုံးနေ

မတ္တ ရာမြို့ခံ အသက်(၈၀)အရွယ် COVID-19 အတည်ပြုလူနာ (Case-132)အနေဖြင့် မည်သူ့ထံမှ ရောဂါ ကူးစက်သည်ဆိုသည်ကို မသိရသေးဘဲ ဖြစ်နိုင်ခြေ ကွင်းဆက်များ စုံစမ်းနေဆဲသာ ဖြစ်ကြောင်း မတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ပြောသည်။ ယင်းလူနာသည် လွန်ခဲ့သည့် (၁၄)ရက်အတွင်း ခရီးသွားရာဇ၀င် မရှိသလို covid-19 အတည်ပြုလူနာများနှင့်လည်း ထိတွေ့မှု မရှိခဲ့ဟု
Read More

ဖိုလ်ဝင်တောင်က မျောက်အကောင်ရေ ၂၀၀၀ ကျော် အစာရေစာ ခက်ခဲနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းက သမိုင်းဝင် ဖိုလ်ဝင်တောင်ကို လတ်တလော ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကြောင့် ဘုရားဖူးဝင်ခွင့်ပိတ်ထားတာ ၁ လဝန်းကျင်ရှိပြီ ဖြစ်ပါတယ်။ ဘုရားဖူးတွေ မလာတဲ့အတွက် ဖိုလ်ဝင်တောင်မှာ ကျင်လည်ကျက်စားနေကြတဲ့ ထောင်နဲ့ချီတဲ့ မျောက်တွေဟာလည်း အစာရေစာ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ ဖန်းခါးတောင် သီရိရတနာကျောင်းတိုက်ဆရာတော် ဦးအိန္ဒက က”မျောက်စာတွေ လာလှူတာတော့ ကြိုးကြားကြိုးကြားရှိပါတယ်။ နေ့တိုင်းတော့
Read More