ဒီနေ့ ရှယ်ယာထည့်ပြီး ဒီနေ့ပဲ ကျောက်အောင်သွားလို့ ပျော်နေတဲ့ အဆိုတော် L ဆိုင်းဇီ

ဒီနေ့ ရှယ်ယာထည့်ပြီး ဒီနေ့ပဲ ကျောက်အောင်သွားလို့ ပျော်နေတဲ့ အဆိုတော် L ဆိုင်းဇီ
အဆိုတော် L ဆိုင်းဇီတစ်ယောက်ကတော့ ဖားကန့်ကိုအလည်သွားရင်း မထင်မှတ်ပဲ မဖြတ်ရသေးတဲ့ ကျောက်စိမ်းတုံးကြီးနဲ့ ဆုံပြီး ဒီနေ့ပဲ ရှယ်ယာထည့် ဒီနေ့ပဲ ကျောက်အောင်သွားခဲ့လို့ ပျော်နေပါတယ်တဲ့။

L ဆိုင်းဇီက သူမရဲ့ ဖေ့ဘုတ်မှာ ” ဟာလေလုယာ…ဟာလေလုယာ…ဘုရားသခင်ကျေးဇူးတော် အထူးပင်ချီးမွမ်းပါတယ်..ကျွန်မ ကျောက် အကြောင်းဆိုတာ ဘာမှ သေချာနားမလည်ပါ…

ကျွန်မ အမေကတော့ အရင်က ကျောက်စိမ်းလုပ်ခဲ့တော့ သူကတော့ နားလည်တာပေါ့နော်.. ဒီနေ့ ဖားကန့်မြို့က ကျွန်မ တို့ရဲ့ အမျိုး …လောပန်းကြီး.. အစ်ကိုယောဟန် နဲ့ စကားပြော…သွားတွေ့ရင်း…မထင်မှတ်ပဲ မဖြတ်ရသေးတဲ့ ကျောက် နဲ့ ဒီနေ့ ဆိုင်းဇီ ဆုံဖြစ်သွားတယ်ပေါ့နော်”

“အဲဒါနဲ့ ကျွန်မ အစ်ကိုတော်သူ..အစ်ကိုယောဟန်က..ငါ့ညီမ..နင် ရှယ်ယာ ထည့်ကြည့်ပါလား ဆိုပြီး ပြောတယ်… ကျွန်မလဲ တခါမှ ဒါမျိုး ကျောက်ထဲ ရှယ်ယာထည့်တာတော့ မပါဝင်ဘူးဖူး..ဒါ ပထမဦးဆုံး အကြိမ်နဲ့ ပထမဦးဆုံး အတွေ့အကြုံပါပဲ… ကျောက်ဖြတ်လို့ အောင်ရင်လဲ အောင်မယ်…မအောင်ရင်လဲ မအောင်ဘူးပေါ့နော်.. ဒါကတော့ ဘုရားအလိုတော်ပေါ့နော်….

ဒါနဲ့ ကျွန်မ တို့ စကားတပြောပြောနဲ့ ကျောက်ဖြတ်လိုက်ပါလေရော….ဖြတ်ပြီး ဘုရားသခင်ကျေးဇူးတော်ကြောင့်… ကျောက်အောင်သွားခဲ့ပါတယ်” လို့တင်ထားတာဖြစ်ပါတယ်။

ကျောက်အောင်တဲ့အတွက် လက်ငင်းငွေကျပ်သိန်း ၇၀ ကိုလည်း ရရှိသွားခဲ့တာဖြစ်ပြီး နောက်ပိုင်းကျရင်လည်း ကျောက်ရှယ်ယာထည့်တာကို ဆက်လုပ်သွားမယ်လို့ သူမက ဆိုထားပါတယ်။

ကံကောင်းတဲ့ L ဆိုင်းဇီတစ်ယောက် နောက်ထပ်လည်း ကျောက်တွေအများကြီးအောင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Credit- We Love Cele

Categories:Celebirty

Add a Comment

Your email address will not be published. Required fields are marked *