ပြိုင်ပွဲဝင် ခြူးစစ်ဟန် မြန်မာအိုင်ဒေါကို ပြန်လာနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေး

ပြိုင်ပွဲဝင် ခြူးစစ်ဟန် မြန်မာအိုင်ဒေါကို ပြန်လာနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေး










Writer – Magic (Shwe Yaung Lan)

Unicode

Myanmar Idol Season 4 Top 11 မှာပါဝင်ခွင့်ရခဲ့ပေမယ့် ပထမဆုံးအိမ်ပြန်ခဲ့ရတဲ့ ခြူးစစ်ဟန်ကတော့ အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပေမယ့်လည်းVote ပေးသူနည်းသွားခဲ့တာကြောင့်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ..။

ဒိုင်တွေကလည်း ခြူးစစ်ဟန်ကို Save လုပ်ဖို့ငြင်းခဲ့တာကြောင့်Top 11 အဆင့်နဲ့ပဲကျေနပ်ခဲ့ရသူလည်းဖြစ်ပါတယ်..။

သူမဟာ ပြိုင်ပွဲကထွက်ခဲ့ရပေမယ့် သူမပါဝင်သီဆိုထားတဲ့ ထာဝရနှောင်ကြိုး OST Song Album လေးကတော့အထူးလူကြိုက်များလျှက်ရှိနေတာပါ..။

ခြူးစစ်ဟန်ကတော့ ပြိုင်ပွဲကနေထွက်ခွာခဲ့ရပေမယ့် Myanmar Idol မှာပြန်လည်ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ့်အခွင့်အလမ်းကို သူမရဲ့ပရိသတ်ကြီးနဲ့အတူမျှော်လင့်နေဆဲဖြစ်ဟန်တူပါတယ်..။

သူမရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ Wild Card Voting ကနေ သူမကိုပြန်ခေါ်နိုင်ကြောင်း သူမရဲ့ပရိသတ်တွေကိုလူမှုကွန်ယက်ကနေ အသိပေးခဲ့တာပါ..။

ခြူးစစ်ဟန်က “ခြူးစစ် ကို ချစ်ခင်အားပေးကြတဲ့ဆွေမျိုးသားချင်းညီကိုမောင်နှမ တွေနဲ့ ခြူးစစ် ချစ်တဲ့ ပရိတ်သက်တေက ပါ ခြူးစစ် ကို Wild Card နဲ့ ခြူးစစ်ဟန် ကိုပြန်ခေါ်ပေးကြပါလို့ ဝန်းရံအားပေးစကားတွေ တွေ့ရကြားရတော့ ခြူးစစ် အရမ်းဝမ်းသာ သလို ခြူးစစ် လဲ Wild Card နဲ့ Myanmar idol ကို တကယ် ပြန်သွားပြီး ခြူးစစ် ချစ်တဲ့ သူတွေကို ဖျော်ဖြေချင်ပါသေးတယ်ရှင်..၊

ဒီလို ဖြစ်လာ ဖို့ ဆိုတာကလဲ ပထမဦးဆုံးအိမ်ပြန်ရသူဖြစ်လို့ အခွင့်ရေးအရမ်းနဲပေမယ့် ပရိသတ် အားပေးမှုများပြီး voting များရင် ခြူးစစ် Wild Card နဲ့ Myanmar idol ကို ပြန်သွားလို့ရပါတယ်..။

ဒါကြောင့် ခြူးစစ် ကို တကယ် ချစ်ခင်အားပေးကြရင် ခြူးစစ် ဖျော်ဖြေတင်ဆက်မှုလေးတွေကို ကြည့်ချင်သေးရင် ခြူးစစ် ကို ဝန်းရံအားပေးကြပါလို့ ခြူးစစ် တောင်းဆိုပါရစေရှင်၊ ခြူးစစ် အားလုံးအတွက် အကောင်းဆုံးကြိုးစား ပါ့မယ်လို့ ခြူးစစ် ကတိပေးပါတယ် ခြူးစစ် ကို ပြန် လာစေချင်ရင် ပြန်ခေါ်ပေးကြပါ ဝန်းရံပေးကြပါ လို့ ခြူးစစ် တောင်းဆိုလိုက်ပါတယ်” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်..။

ပရိသတ်ကြီးရော ခြူးစစ်ဟန်ကို မြန်မာအိုင်ဒေါမှာပြန်လည်တွေ့မြင်ချင်လား??? ထင်မြင်ချက်လေးတွေရေးသွားပေးကြပါအုန်းနော်..

Add a Comment

Your email address will not be published. Required fields are marked *