“တိုင်းရင်းသားမို့ အားမပေးချင်တာလား အားပေးကြပါဦးဗျ” ဆိုတဲ့ ဘင်ဂျမင်ဆုမ်

“တိုင်းရင်းသားမို့ အားမပေးချင်တာလား အားပေးကြပါဦးဗျ” ဆိုတဲ့ ဘင်ဂျမင်ဆုမ်

အဆိုတော်ကြီး ထူးအိမ်သင်ရဲ့ သီချင်းဖြစ်တဲ့ “နေကောင်းလားမေမေ”ဆိုတဲ့ သီချင်းကို အမေဖြစ်သူအတွက် ရည်ရွယ်ပြီး သီဆိုခဲ့တဲ့ ဘင်ဂျမင်ဆုမ်းရဲ့ သီဆိုယှဉ်ပြိုင်မှုဟာ ပရိသတ်တော်တော်များများ မျက်ရည်မဆည်နိုင်အောင်ဖြစ်စေခဲ့ပါသေးတယ်။ဘင်ဂျမင်ဆုမ်းကတော့ သီချင်းတိုင်းကို ခံစားမှုအပြည့်ထည့်ကာ ကိုယ်ပိုင်စတိုင်လ်လေးနဲ့ ဆိုတတ်တာကြောင့် ယောက်ျားလေးပြိုင်ပွဲဝင်တွေထဲက ပရိသတ်တွေအားပေးမှု အများဆုံးရရှိထားပြီး Winner ဖြစ်မယ်လို့ ထင်ကြေးပေးခြင်းခံနေရသူတစ်ယောက်ပဲဖြစ်ပါတယ်။

ဒီနှစ် Myanmar Idol Season 4 အတွက် ပြိုင်ပွဲဝင်တွေရွေးချယ်တဲ့နေရာမှာဒိုင်တွေရွေးချယ်မှုက အရမ်းကို မှန်ကန်တယ်လို့လည်း ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကိုလည်း တွေ့မြင်နေရပြီး Top Finalist မှာတော့ တိုင်းရင်သားတွေများနေတာကြောင့် လည်း ဝေဖန်နေကြပါသေးတယ်။ ပရိသတ်ကြီးရော ဘင်ဂျင်မင်ဆုမ်းရဲ့ မေးခွန်းလေးကို ဖြေခဲ့ကြဦးနော်။

Add a Comment

Your email address will not be published. Required fields are marked *