ေရႀကီးေရလွ်ံေျမၿပိဳမႈေၾကာင့္ အိႏၵိယတြင္ ေသဆုံးသူ ၁၅၀ ခန႔္ရွိၿပီ

Zawgyicodeျဖင့္ဖတ္ရန္

အိႏၵိယနိုင္ငံေတာင္ပိုင္း ကီရာလာျပည္နယ္ ဗိုင္ယာနဒ္ခရိုင္မွာ ၾသဂုတ္ ၁၁ ရက္ေန႕က မိုး သဲသဲမဲမဲ ႐ြာၿပီး ေျမၿပိဳခဲ့တာေၾကာင့္ လူအေယာက္ ၅၀ ထက္မနည္း ေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူ တေယာက္က ေျပာပါတယ္။ အခုခ်ိန္ထိ အေလာင္း ၁၁ ေလာင္းကို ရွာေတြ႕ထားတယ္လို႔ ေဒသႏၱရ မီးသတ္ အရာရွိ တေယာက္က ေျပာပါတယ္။

ဒါေၾကာင့္ အိႏၵိယနိုင္ငံမွာ ေရႀကီးေရလွ်ံျဖစ္တာနဲ႕ ေျမၿပိဳတာေတြေၾကာင့္ စုစုေပါင္း လူ ၁၅၀ ေလာက္ ေသဆုံးသြားၿပီလို႔ သိရပါတယ္။ဒါ့အျပင္ ကီရာလာျပည္နယ္မွာ ေဒသခံ ၁ သိန္း ၆ ေသာင္းခြဲေလာက္ဟာ ကယ္ဆယ္ေရးစခန္းေတြမွာ ခိုလႈံေနၾကရတယ္လို႔ ျပည္နယ္အာဏာပိုင္ေတြက ဩဂုတ္ ၁၁ ရက္ေန႕က ေျပာပါတယ္။

ကီရာလာ ျပည္နယ္ေဒသတခ်ိဳ႕မွာ မိုးသက္ေလျပင္းက်နိဳင္တဲ့ ရာသီဥတု ခန႔္မွန္းခ်က္ေတြေၾကာင့္ လက္ရွိ ကယ္ဆယ္ေရးလုပ္ငန္း ႏွောင့္ႏွေးမွာကို အာဏာပိုင္ေတြက စိုးရိမ္ေနၾကပါတယ္။ အိႏၵိယအေနာက္ပိုင္းနဲ႕ ေတာင္ပိုင္းတေလွ်ာက္ ေရႀကီးတဲ့ ေနရာေတြမွာ အိႏၵိယေလတပ္၊ ေရတပ္နဲ႕ အမ်ိဳးသားသဘာဝေဘး တုံ႕ျပန္ေဆာင္႐ြက္ေရးအဖြဲ႕ (NDRF) တို႔က ပူးေပါင္း ကယ္ဆယ္ေရး လုပ္ေနၾကတာပါ။

ကီရာလာျပည္နယ္၊ ကတ္နာတာခ္ျပည္နယ္နဲ႕ မဟာရာရွ္ထရာ ျပည္နယ္တို႔မွာ အခုႏွစ္အတြင္း ေရႀကီးမႈဒဏ္ ဆိုးဆိုး႐ြား႐ြား ခံစားေနရၿပီး ဂူဂ်ာရတ္၊ အာဆန္နဲ႕ ဘီဟာ စတဲ့ ျပည္နယ္ေတြမွာလည္း အခုႏွစ္ မုတ္သုံရာသီအတြင္း ေရႀကီးတာေၾကာင့္ ပ်က္စီးဆုံးရႈံးမႈ မ်ားခဲ့ပါတယ္။

မဟာရာရွ္ထရာျပည္နယ္မွာ ေရႀကီးတာေၾကာင့္ လူေသဆုံးသူ အေယာက္ ၃၀ ေလာက္ရွိၿပီး လာမယ့္ ႏွစ္ပတ္အတြင္း ေရျမဳပ္ေနတဲ့ ေနရာေတြမွာ ရထားျပန္ေျပးဆြဲဖို႔ အခက္အခဲရွိတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ ၂၀၁၈ ခုႏွစ္က ကီရာလာျပည္နယ္မွာ မိုးမ်ားၿပီး ေရႀကီးေရလွ်ံတာေၾကာင့္ လူအေယာက္ ၂၀၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။

လူေပါင္း ၅ သန္းေက်ာ္ ေရေဘးသင့္ခဲ့တဲ့ အဲဒီသဘာဝေဘးဟာ ႏွစ္ ၁၀၀ အတြင္း အဆိုး႐ြားဆုံး ေရႀကီးေရလွ်ံမႈအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
Credit DVB Burmese News

Unicode

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် ဗိုင်ယာနဒ်ခရိုင်မှာ သြဂုတ် ၁၁ ရက်နေ့က မိုး သဲသဲမဲမဲ ရွာပြီး မြေပြိုခဲ့တာကြောင့် လူအယောက် ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ အခုချိန်ထိ အလောင်း ၁၁ လောင်းကို ရှာတွေ့ထားတယ်လို့ ဒေသန္တရ မီးသတ် အရာရှိ တယောက်က ပြောပါတယ်။

ဒါကြောင့် အိန္ဒိယနိုင်ငံမှာ ရေကြီးရေလျှံဖြစ်တာနဲ့ မြေပြိုတာတွေကြောင့် စုစုပေါင်း လူ ၁၅၀ လောက် သေဆုံးသွားပြီလို့ သိရပါတယ်။ဒါ့အပြင် ကီရာလာပြည်နယ်မှာ ဒေသခံ ၁ သိန်း ၆ သောင်းခွဲလောက်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ဩဂုတ် ၁၁ ရက်နေ့က ပြောပါတယ်။ ကီရာလာ ပြည်နယ်ဒေသတချို့မှာ မိုးသက်လေပြင်းကျနိုင်တဲ့ ရာသီဥတု ခန့်မှန်းချက်တွေကြောင့် လက်ရှိ ကယ်ဆယ်ရေးလုပ်ငန်း နှောင့်နှေးမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။ အိန္ဒိယအနောက်ပိုင်းနဲ့ တောင်ပိုင်းတလျှောက် ရေကြီးတဲ့ နေရာတွေမှာ အိန္ဒိယလေတပ်၊ ရေတပ်နဲ့ အမျိုးသားသဘာဝဘေး တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (NDRF) တို့က ပူးပေါင်း ကယ်ဆယ်ရေး လုပ်နေကြတာပါ။

ကီရာလာပြည်နယ်၊ ကတ်နာတာခ်ပြည်နယ်နဲ့ မဟာရာရှ်ထရာ ပြည်နယ်တို့မှာ အခုနှစ်အတွင်း ရေကြီးမှုဒဏ် ဆိုးဆိုးရွားရွား ခံစားနေရပြီး ဂူဂျာရတ်၊ အာဆန်နဲ့ ဘီဟာ စတဲ့ ပြည်နယ်တွေမှာလည်း အခုနှစ် မုတ်သုံရာသီအတွင်း ရေကြီးတာကြောင့် ပျက်စီးဆုံးရှုံးမှု များခဲ့ပါတယ်။ မဟာရာရှ်ထရာပြည်နယ်မှာ ရေကြီးတာကြောင့် လူသေဆုံးသူ အယောက် ၃၀ လောက်ရှိပြီး လာမယ့် နှစ်ပတ်အတွင်း ရေမြုပ်နေတဲ့ နေရာတွေမှာ ရထားပြန်ပြေးဆွဲဖို့ အခက်အခဲရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ၂၀၁၈ ခုနှစ်က ကီရာလာပြည်နယ်မှာ မိုးများပြီး ရေကြီးရေလျှံတာကြောင့် လူအယောက် ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

လူပေါင်း ၅ သန်းကျော် ရေဘေးသင့်ခဲ့တဲ့ အဲဒီသဘာဝဘေးဟာ နှစ် ၁၀၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Credit DVB Burmese News

Add a Comment

Your email address will not be published. Required fields are marked *