မွန်ပြည်နယ်ရေဘေးသင့်ဒေသများအတွက် အလှူငွေ – ၅၀၂,၅၀၀ိ/ တန်ဖိုးရှိ ရေသန့်(၃၃၅)ကဒ် ကိုလှူဒါန်းခဲ့တဲ့ အိချောပိုတို့မိသားစု

ပရိသတ်ကြီးရေ မင်းသမီးချောလေး အိချောပိုဟာဆိုရင် အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေရရှိနေတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။အိချောပိုရဲ့အလှအပတွေကလည်း အရမ်းစွဲမက်စရာကောင်းတဲ့အပြင် သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှကလည်း အမျိုးသားထုကြီးရဲ့ ရင်ခုန်နှုန်းကို ကမောက်ကမဖြစ်အောင်လုပ်ဆောင်နိုင်ပါတယ်နော်။အိချောပိုကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လေးလုပ်ဆောင်နေတာဖြစ်ပါတယ်။

အိချောပိုကတော့ လက်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေတာကိုတွေ့ရပါတယ်နော်။အိချောပို ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပရိသတ်တွေက တစ်ခဲနက်အားပေးကြသလို သူမရဲ့တစ်နေ့တစ်ခြားပိုပိုလှလာတဲ့ အလှတရားတွေကိုလည်းချီးကျူးနေကြတာဖြစ်ပါတယ်

။အိချောပိုကတော့ လူလေးကလည်းလှသလို စိတ်ထားလေးကလည်းဖြူစင်တဲ့ ရိုးရိုးအေးအေးကောင်မလေးတစ်ယောက်ပါနော်။

အိချောပိုကတော့ အလှူအတန်းဆိုလည်း လက်မနှေးတဲ့သူတစ်ယောက်ဖြစ်လို့ အခုဆိုရင် ဦးကျော်သူရဲ့ပရဟိတအသင်းမှာ မွန်ပြည်နယ် ရေဘေးသင့်ဒေသများအတွက် မွန်မြတ်သောအလှူအဖြစ် (၁၂.၈.၂၀၁၉) တနင်္လာနေ့မှာဦးချိုမောင်+ဒေါ်သီတာစန်း ၊ သား- မောင်ရဲမင်းဦး ၊ သမီး- မအိချောပို (သရုပ်ဆောင်)၊ သမီး- မမေသက်ခိုင် မိသားစုတို့က အလှူငွေ – ၅၀၂,၅၀၀ိ/ တန်ဖိုးရှိ ရေသန့်(၃၃၅)ကဒ် ကို စာနာသနားစိတ်ကိုရှေ့တန်းတင်ပြီး လှူခဲ့ပါတယ်နော်။

Source:နာရေးကူညီမှုအသင်း-ရန်ကုန်

Myanmarload’

Add a Comment

Your email address will not be published. Required fields are marked *