“လင်းလက်စေတော့ကြယ်” သီချင်းမှာ အနုပညာ(၁၁) ဦးနဲ့ ပါဝင်သီဆိုမယ့် နေတိုး

ပရိသတ်တွေချစ်ကြတဲ့ မင်းသားချောနေတိုးက အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်ခဲ့ပြီး အခုအချိန်ထိ ပရိသတ်အခိုင်အမာနဲ့ လျှမ်းလျှမ်းတောက် ကျော်ကြားနေဆဲ ဖြစ်ပါတယ်။

နေတိုးက မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားအဖြစ် ရပ်တည်နေပြီး ရုပ်ရှင်ဇာတ်ကား အများအပြားကိုလည်း ရိုက်ကူးနေလျက်ရှိပါတယ်။ သရုပ်ဆောင်ကောင်းသလို သီချင်းဆိုလည်းကောင်းတဲ့ နေတိုးရဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ တော်တော်လေးလည်း ရေပန်းစားတာကို တွေ့ရပါတယ်။

နေတိုးက လက်ရှိမှာတော့ “လင်းလက်စေတာ့ကြယ်” သီချင်းမှာ အနုပညာရှင် (၁၁) ဦးကို သီဆိုနေတာကို တွေ့ရပါတယ်။ကမ္ဘာပေါ်ရှိ ကလေးသူငယ်များ လွတ်လပ်ပျော်ရွှင်စွာဖြင့် ကြီးပြင်းကြစေရန် ရည်ရွယ်တင်ဆက်တဲ့ “လင်းလက်စေတော့ကြယ်” သီချင်းကို Myanmar Media 7 မှ ထုတ်လုပ်သွားဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။

“လင်းလက်စေတော့ကြယ်” သီချင်းကို နာမည်ကြီး အနုပညာရှင် (၁၂) ဦးမှ သီဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“လင်းလက်စေတော့ကြယ်” သီချင်းကို တေးရေး လင်းထက်က ရေးသားပြီး နေတိုး၊ ဟဲလေး၊ ထွန်းထွန်း၊ လွှမ်းပိုင်၊ ဖြိုးပြည့်စုံ၊ လင်းထက်၊ အုပ်စိုးခန့်၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း၊ ဂျူဝယ်လ်၊ ကေကေမိုး နဲ့ နင်ဇီမေတို့က ပါဝင်သီဆိုသွားမှာ ဖြစ်ပါတယ်၊

နေတိုးကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးပေးနေသလို အခြားသော အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ ဒီ “လင်းလက်စေတော့ကြယ်” သီချင်းလေးထွက်ရှိလာရင်လည်း အားပေးကြပါဦးနော်။

Rowena
Source: 7th Sense Creation

Add a Comment

Your email address will not be published. Required fields are marked *