ဆံပင်အတိုလေးညှပ်ပြီး ရင်ခုန်သံတွေမြန်သွားအောင် ညို့အားပြင်းတဲ့အလှတွေနဲ့ဖမ်းစားလိုက်တဲ့အိချောပို

အနုပညာပျိုးခင်းရဲ့စင်တင်မင်းသမီးတစ်လက်အဖြစ် အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်လာခဲ့တဲ့ အိချောပိုက ယနေ့အချိန်မှာတော့ ထိပ်တန်းမင်းသမီးအဖြစ် ရပ်တည်နေရပြီ ဖြစ်ပါတယ်။ အိချောပိုက သရုပ်ဆောင်လည်းတော်သလို ရုပ်ရည်ရူပါလေးကလည်း ချောမောလှပနေတာကြောင့် သူမကိုအားပေးဝနရံသူတွေက အများအပြားရှိနေတာ ဖြစ်ပါတယ်။

အထူးသဖြင့် အိချောပိုက ဆွဲဆောင်မှုရှိတဲ့ ခန္ဓာက်ုယ်ကောက်ကြောင်းအလှနဲ့ ပုရိသတွေကိုဖမ်းစားထားနိုင်တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အိချောပိုက ”မာယာရထားမောင်းတဲ့မိန်းမ ” ဆိုတဲ့ဇာတ်ကားကို မင်းသမီးထက်ထက်မိုးဦးနဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အခုလည်းအိချောပိုက ထိမိပြင်းရှတဲ့အလှတရားတွေနဲ့ ညို့ယူနေတဲ့ အမိုက်စားပုံရိပ်တွေကို ချပြလိုက်ပြန်ပါတယ်။

ိချောပိုက ” မင်းချစ်တယ်ဆိုတည်းက လိမ္မာလိုက်တာ ခုချိန်ထိပဲ…” ဆိုပြီး ပုံလေးတွေကို တင်လိုက်တာ ဖြစ်ပါတယ်။ ဆံပင်အတိုလေးညှပ်ပြီး စတိုင်ပြောင်းလိုက်တဲ့ အိချောပိုကတော့ အရင်ကထက်ပိုလှနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး အိချောပိုရဲ့ အမိုက်စားအလှပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

P

hoto Credit- Ei Chaw Po’s FB
“Myanmarload’

Add a Comment

Your email address will not be published. Required fields are marked *