10 ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲကြီးရဲ့ သိန်း ၁၅၀၀၀ ဆုရှင်ထွက်ပေါ်လာပါပြီ

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ထွက်ရှိခဲ့တဲ့ ကျပ် ၁၀၀၀ တန် အောင်ဘာလေထီရဲ့ သိန်း တစ်သောင်းခွဲ ကံထူးရှင်ကြီး ယနေ့မှာ ထွက်ပေါ်လာခဲ့ပါပြီ….ထီစထွက်တဲ့ နေ့ကနေစပြီး သိန်း တစ်သောင်းခွဲ ဘယ်သူမှန်းမသိလို့ လူတွေအားလုံးက စိတ်ဝင်စားနေကြတာပါ….ယနေ့မှာတော့ သိန်း တစ်သောင်းခွဲထီရဲ့ ကံထူးရှင် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်….

သူကတော့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာ အောက်စု မှ ဒေါ်ထိုက် ပဲ ဖြစ်ပါတယ်….သိန်း တစ်သောင်းခွဲ ထီဆုကြီးကို ၁၀ ကြိမ်မြောက်မှာ ဆွတ်ခူးနိုင်ခဲ့တဲ့ ဒေါ်ထိုက်အတွက် ဝမ်းသာဂုဏ်ယူပါတယ်…

အလှူအတန်းတွေလည်း အများကြီး လုပ်နိုင်ပါစေ….. ပရိသတ်ကြီးတို့လည်း ဒီသတင်းလေးသိပြီး မုဒိတာပွားဝမ်းသာရအောင် ပြန်လည်မျှဝေပေးလိုက်ရပါတယ်…ပရိသတ်ကြီးလည်း ထီဆုကြီးတွေ ပေါက်ကြပါစေနော်..

Writer – HW (Shwe Yaung Lan)
Source : Golden triangle မွန်ပြည်နယ်သတင်းစုံ

Add a Comment

Your email address will not be published. Required fields are marked *