အချစ်ရေး အချစ်ရာများကို ပြည်ဖုံးကားချလိုက်ကြောင်း အသိပေးလိုက်တဲ့ ထွန်းထွန်း



အချစ်ရေး အချစ်ရာများကို ပြည်ဖုံးကားချလိုက်ကြောင်း အသိပေးလိုက်တဲ့ ထွန်းထွန်း

အချစ်ရေး အချစ်ရာများကို ပြည်ဖုံးကားချလိုက်ကြောင်း အသိပေးလိုက်တဲ့ ထွန်းထွန်း
Unicode

ထွန်းထွန်း (Example) ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက် ကတည်းက သီချင်းတွေ များစွာထွက်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားသူဖြစ်ပြီး လက်ရှိမှာဆိုရင်လည်း အောင်မြင်တဲ့ မင်းသား တယောက်အဖြစ်ရပ်တည်နေပြီး ပရိသတ်အခိုင် အမာရရှိထားတာ ဖြစ်ပါတယ်။ ထွန်းထွန်းကတော့ အမြဲတမ်းလိုလို တက်တက်ကြွကြွ ပုံစံနဲ့ ရှိနေတတ်ပြီး ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးနေတတ်တဲ့ သူတယောက်ဆိုလည်း မမှားပါဘူး။

ထွန်းထွန်းကတော့ အချစ်ရေးနဲ့ ပတ်သက်ရင် ခံစားချက် ပြင်းပြတဲ့လူတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူလေးကို ဘယ်လောက်ချစ်ရကြောင်းတွေကို လူမှုကွန်ယက်မှာအနုအရွစာသားလေးတွေနဲ့အမြဲလိုဖော်ပြတတ်သူတစ်ဦးပါ။ ဒါပေမယ့် အခုချိန်မှာတော့ ထွန်းထွန်းက သူရဲ့ ချစ်သူနဲ့ ဆက်နွယ်မှုတွေအားလုံးကို ပြည်ဖုံးကားချလိုက်ပါပြီ ။ အဲ့ဒီလို သူ့ချစ်ရေး အချစ်ရာများ ပြည်ဖုံးကား ချလိုက်ရတဲ့ အကြောင်းကိုလည်း ထွန်းထွန်းက သူ့ရဲ့ Facebook အကောင့်မှာ ပြောပြအသိပေးထားပါတယ်။

သူ့ချစ်ရေးကို ပြည်ဖုံးကားချလိုက်ကြောင်းကို ကို ထွန်းထွန်းက “မင်္ဂလာပါ ကျွန်တော့်ရဲ့ လူမှုရေးကိစ္စဖြစ်တဲ့ အချစ်ရေး အချစ်ရာများကို ၂၀၂၀ကနေစပြီးပြည်ဖုံးကားချလိုက်ပါပီ. ဘယ် Interview ဘယ် Media ဘယ် Social platforms တွေမှာ မှ မရေး/ မတင် သလို ဖြေဆိုချင်းလည်းမပြုလုပ်တော့ပါဘူးခင်ဗျာ. ချစ်သော စာနယ်ဇင်း ဆရာ/ဆရာမ ညီငယ် ညီမငယ်များ အားလုံးကိုလည်း ဒီနေရာကနေ ပန်ကြားပါတယ်. အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ” ဆိုပြီးတော့ ရေးသားထားပါတယ် ။ ဘာကြောင့် ချစ်ရေး ချစ်ရာတွေကို ပြည်ဖုံးကား ချလိုက်တယ် ဆိုတာကိုလည်း သိချင်နေကြတဲ့ ပရိသတ်တွေအများကြီး ရှိနေကြပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *