ပုိင္တံခြန္နဲ႔ ေတာ္ေတာ္ခ်စ္ရတဲ့ ဇာတ္ကား ရုိက္မယ့္အေၾကာင္း ေျပာျပတဲ့ ဝတ္မႈန္ေရႊရည္

ဝတ္မႈန္ေရႊရည္ဟာ ျမန္မာနုိင္ငံရဲ႕နာမည္အၾကီးဆံုးထိပ္တန္းမင္းသမီးတစ္ဦးလို႔ဆိုနုိင္သလို အခုေနာက္ပို္င္းမွာ ဂ်ပန္နဲ႔ ကိုုရီးယား လို နိုင္ငံေတြမွာပါ ရုပ္ရွင္ေတြသြားေရာက္ရိုက္ကူးျပီးေအာင္ျမင္မႈရေနတဲ့မင္းသမီးတစ္လက္ျဖစ္ပါတယ္။ ကစ္ရဲ႕ လိပ္ျပာစံအိမ္ဇာတ္ကားၾကီးဟာဆိုရင္လည္း ျပည္ပနုိင္ငံေတြမွာပါသြားေရာက္ျပသျခင္းခံရျပီး ေအာင္ျမင္မႈေတြအၾကီးအက်ယ္ရရွိထားသလုိ ကစ္ပါဝင္တဲ့အျခားေသာဇာတ္ကားေတာ္ေတာ္မ်ားမ်ားဟာလည္းနုိင္ငံတကာအသိအမွတ္ျပဳျခင္းခံထားရတယ္ဆိုရင္မမွားပါဘူး။

ကစ္က လက္ရွိမွာ ပုိင္တံခြန္နဲ႔အတူတူ အိပ္မက္ျမစ္လို႔အမည္ရတဲ့ Romance Suspense ဇာတ္ကားေလးကုိ တြဲဖက္သရုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။ ကစ္က အဲဒီဇာတ္ကားနဲ႔ ပတ္သက္ျပီး မိီဒီယာေတြရဲ႕အင္တာဗ်ဴးမွာ ေျဖၾကားသြားခဲ့ပါတယ္။ ကစ္က အိပ္မက္ျမစ္ဇာတ္ကားရိုက္ကူးဖို႔ စိတ္လႈပ္ရွားေနေၾကာင္း “ဒီဇာတ္ရုပ္ကုိ ကစ္ေတာ္ေတာ္စိတ္လႈပ္ရွားေနတယ္ေပ့ါေနာ္။ ဘာလို႔ဆိုေတာ့ ကစ္အတြက္အသစ္ျဖစ္တဲ့ကာရုိက္တာေပ့ါေနာ္”လို႔ ေျပာျပထားပါတယ္။

ပုိင္တံခြန္
ကစ္က အိပ္မက္ျမစ္ဇာတ္ကားမွာ ပိုင္တံခြန္နဲ႔ ေတာ္ေတာ္ခ်စ္ရမယ့္ ဇာတ္ကားျဖစ္ေၾကာင္း “ဒီတစ္ခါကေတာ့ မတူဘူးေပါ့။ ဒီတစ္ခါ ရိုတာက် တစ္မ်ိဳးေပါ့။ မတူဘူး ဒီကားထဲမွာ သူကလည္း ကုိယ့္ကုိေတာ္ေတာ္ခ်စ္ ကုိယ္ကလည္း သူ႔ကုိ ေတာ္ေတာ္ attach ျဖစ္တဲ့ ဇာတ္ကားေပါ့။ Location က ေလာေလာဆယ္ ရန္ကုန္နဲ႔ကေလာ၊ ေအာင္ပန္းေပါ့။ ရုိက္ကူးေရးက နားလုိက္ရုိက္လိုက္ေတာ့မရွိဘူး။ ေတာက္ေလွ်ာက္ရိုက္မယ္”လို႔ ေျပာျပထားျပီး ပုိင္တံခြန္ကုိ သင္ေပးျဖစ္တာကုိ “ရုပ္ရွင္အတြက္ သူ႔ကုိေျပာတာေတာ့ေျပာတာေပါ့။ တကယ္တမ္း ထဲထဲဝင္ဝင္အလုပ္လုပ္ၾကည့္မွ အလုပ္က သင္သြားမွာေပါ့။ သူလည္းနားလည္လာမွာေပ့ါ”လို႔ ေျဖၾကားထားျပီး ပုိင္တံခြန္ကုိအားေပးျဖစ္ပံုကုိ “သူကအခုကေတာ့ ေၾကာ္ျငာနဲ႔ ဓာတ္ပံုကေတာ့ အရမ္း star ျဖစ္ေနေတာ့ ရုပ္ရွင္မွာ ထပ္ျပီး star ျဖစ္ေအာင္ ၾကိဳးစားရမွာေပ့ါ”လို႔ ေျဖၾကားထားပါတယ္။

ဝတ္မႈန္ေရႊရည္
ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ပိုင္တံခြန္နဲ႔ ဝတ္မႈန္ေရႊရည္ရဲ႕ အိပ္မက္ျမစ္ဇာတ္ကားၾကီးကုိ ၾကည့္ခ်င္ေနၾကျပီလား။ ပုိင္တံခြန္နဲ႔ ကစ္ရဲ႕ romance ေလးကိုေရာ ရင္ခုန္ေနၾကလား။ ခံစားခ်က္ေလးေတြ ေဝမွ်ခဲ့ၾကပါဦး။

Unicode

ဝတ်မှုန်ရွှေရည်ဟာ မြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးထိပ်တန်းမင်းသမီးတစ်ဦးလို့ဆိုနိုင်သလို အခုနောက်ပိုင်းမှာ ဂျပန်နဲ့ ကိုရီးယား လို နိုင်ငံတွေမှာပါ ရုပ်ရှင်တွေသွားရောက်ရိုက်ကူးပြီးအောင်မြင်မှုရနေတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ကစ်ရဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကြီးဟာဆိုရင်လည်း ပြည်ပနိုင်ငံတွေမှာပါသွားရောက်ပြသခြင်းခံရပြီး အောင်မြင်မှုတွေအကြီးအကျယ်ရရှိထားသလို ကစ်ပါဝင်တဲ့အခြားသောဇာတ်ကားတော်တော်များများဟာလည်းနိုင်ငံတကာအသိအမှတ်ပြုခြင်းခံထားရတယ်ဆိုရင်မမှားပါဘူး။

ကစ်က လက်ရှိမှာ ပိုင်တံခွန်နဲ့အတူတူ အိပ်မက်မြစ်လို့အမည်ရတဲ့ Romance Suspense ဇာတ်ကားလေးကို တွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ ကစ်က အဲဒီဇာတ်ကားနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။ ကစ်က အိပ်မက်မြစ်ဇာတ်ကားရိုက်ကူးဖို့ စိတ်လှုပ်ရှားနေကြောင်း “ဒီဇာတ်ရုပ်ကို ကစ်တော်တော်စိတ်လှုပ်ရှားနေတယ်ပေ့ါနော်။ ဘာလို့ဆိုတော့ ကစ်အတွက်အသစ်ဖြစ်တဲ့ကာရိုက်တာပေ့ါနော်”လို့ ပြောပြထားပါတယ်။

ကစ်က အိပ်မက်မြစ်ဇာတ်ကားမှာ ပိုင်တံခွန်နဲ့ တော်တော်ချစ်ရမယ့် ဇာတ်ကားဖြစ်ကြောင်း “ဒီတစ်ခါကတော့ မတူဘူးပေါ့။ ဒီတစ်ခါ ရိုတာကျ တစ်မျိုးပေါ့။ မတူဘူး ဒီကားထဲမှာ သူကလည်း ကိုယ့်ကိုတော်တော်ချစ် ကိုယ်ကလည်း သူ့ကို တော်တော် attach ဖြစ်တဲ့ ဇာတ်ကားပေါ့။ Location က လောလောဆယ် ရန်ကုန်နဲ့ကလော၊ အောင်ပန်းပေါ့။ ရိုက်ကူးရေးက နားလိုက်ရိုက်လိုက်တော့မရှိဘူး။ တောက်လျှောက်ရိုက်မယ်”လို့ ပြောပြထားပြီး ပိုင်တံခွန်ကို သင်ပေးဖြစ်တာကို “ရုပ်ရှင်အတွက် သူ့ကိုပြောတာတော့ပြောတာပေါ့။ တကယ်တမ်း ထဲထဲဝင်ဝင်အလုပ်လုပ်ကြည့်မှ အလုပ်က သင်သွားမှာပေါ့။ သူလည်းနားလည်လာမှာပေ့ါ”လို့ ဖြေကြားထားပြီး ပိုင်တံခွန်ကိုအားပေးဖြစ်ပုံကို “သူကအခုကတော့ ကြော်ငြာနဲ့ ဓာတ်ပုံကတော့ အရမ်း star ဖြစ်နေတော့ ရုပ်ရှင်မှာ ထပ်ပြီး star ဖြစ်အောင် ကြိုးစားရမှာပေ့ါ”လို့ ဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပိုင်တံခွန်နဲ့ ဝတ်မှုန်ရွှေရည်ရဲ့ အိပ်မက်မြစ်ဇာတ်ကားကြီးကို ကြည့်ချင်နေကြပြီလား။ ပိုင်တံခွန်နဲ့ ကစ်ရဲ့ romance လေးကိုရော ရင်ခုန်နေကြလား။ ခံစားချက်လေးတွေ ဝေမျှခဲ့ကြပါဦး။

Add a Comment

Your email address will not be published. Required fields are marked *