မြန်မာဆန်ဆန် နဲ့ ကျက်သရေရှိရှိလှနေတဲ့ မိတ်ကပ်ပညာရှင် မထက် ရဲ့ ဘုရားသွားပုံရိပ်

နိုင်ငံကျော် မိတ်ကပ်ပညာရှင် မထက် ဟာဆိုရင် အနုပညာရှင်တွေကို ခြယ်သပြင်ဆင်ပေးပြီး မြန်မာနိုင်ငံရဲ့ အလှဖန်တီရှင်များထဲမှာ ထင်ပေါ်ကျော်ကြားသူတစ်ဦးပါ။သူမ သရုပ်ဆောင်ရိုက်ကူးထားတဲ့ ” ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့ပါတယ်။

မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့ မထက် ရဲ့ ပုံရိပ်ကလေးတွကို ဖော်ပြပေးလိုက်ပါတယ်နော်။

မထက်ဟာဆိုရင် LGBT လောကထဲမှာ အမျိုးသမီး တစ်ဦးလို အမြဲလှပနေတဲ့ နာမည်ကြီး သူတစ်ဦးပါ။ အမျိုးသမီးတစ်ဦးလို ပြေပြစ်လှပတဲ့ Body ကို ပိုင်ဆိုင်ထားတာကြောင့်လည်း သူမကို ချစ်တဲ့ သူတွေများနေတာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတာတွေ့ရပါတယ်။

အလှအပနဲ့ ပတ်သက်ပြီး ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံတဲ့ သူမက ဒီတစ်ခါမှာတော့ သူမရဲ့ ဘုရားမှာ ရိုက်ထားတဲ့ အလှပုံလေးတွေကို မျှဝေထားပါတယ်

မထက် က ” ဒီနေ့ ဘုရားမှာ ဆွမ်းရေချမ်းပန်းကပ်ဖြစ်တယ်(မေမေလင်းပြောပြလို့♥️) ကမ္ဘာသူ ကမ္ဘာသားအပေါင်းငြိမ်းချမ်းအေးချမ်းပျော်ရွှင်ကြပါစေ ကျန်းမာလာဘ်ပွင့်ကံမြင့်ကြပါစေ🙏🥰👍” ဆိုပြီး ပြောထားပါတယ်။

နိုင်ငံကျော် မိတ်ကပ်ပညာရှင် မထက် ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။

Moekalay
Source;ma htet

Add a Comment

Your email address will not be published. Required fields are marked *