မြင်လိုက်တာနဲ့ ထင်းခနဲ ဖြစ်သွားစေမယ့် ကြွေရုပ်မလေး ဝတ်မှုံရွှေရည်ရဲ့ ပွဲတက်ပုံရိပ်တွေ

မန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ကြွေရုပ်လေးလို လှရက်လွန်းတာကြောင့်ရော၊ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့်ပါ ပရိသတ်တွေရဲ့ သဲသဲလှုပ်ချစ်ခင်အားပေးခြင်းကို ရရှိထားတာပါ။

လတ်တလောမှာတော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ချစ်စရာအကောင်းဆုံးဖက်ရှင်လေးနဲ့ လှချင်တိုင်းလှနေတဲ့ သူမရဲ့ချစ်စရာပွဲတက်ပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်လိုက်တာတွေ့ရပါတယ်။

ချစ်စရာကောင်းပြီး မဟာဆန်တဲ့ အသွင်လေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့ရွှေကစ်လေးရဲ့ပုံရိပ်တွေကတော့ အရမ်းကို လှရက်လွန်းနေတာပါနော်။

ဝတ်မှုန်ရွှေရည်ကတော့ ” ရွှေနန်း‌တော်အဆင့်မြင့် စိန်ရွှေရတနာဆိုင် ကြီးရဲ့ နှစ်သစ် ကံစမ်းမဲဖွင့်ပွဲ ကြီးကိုလည်းတက်ရောက်ပြီးရင်ခုန်ခဲ့ပါသေးတယ်။
နှစ်သစ်မှာ ကံထူးကြသူများကို လည်းထပ်ဆင့်ဂုဏ်ပြုပါတယ် 😘ရွှေနန်းတော် ဆိုင်ကြီးအနေနဲ့အလည်း အခုထက်ပိုအောင်မြင်ပြီး ဒီထက် ကံစမ်းမဲ ဆုတွေ အများကြီးဖောက်ပေးနိုင်ပါစေလို့ ♥️” ချစ်စရာကောင်းတဲ့ သူမရဲ့ပွဲတက်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ဝတ်မှုံရွှေရည်ကတော့ လက်ရှိမှာ ရုပ်ရှင်တွေရော၊ ကြော်ငြာတွေပါ ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ရွှေကစ်လေးရဲ့ အချစ်ရေးကတော့ အခုအချိန်အထိ ငြိမ်သက်နေဆဲပါ။

Myint Myat
Source;Wutt Hmone Shwe Yi’s Facebook
Photo : Li John Photography

Add a Comment

Your email address will not be published. Required fields are marked *