သူ့ပရိသတ်ဆိုပြီး သူ့ကို အသားလာယူတာ မကြိုက်ဘူးဆိုတဲ့ ဇာဇာထက်



ဇာဇာထက်

ဇာဇာထက်

Unicode

မြန်မာ ပရိသတ်တွေ အားပေးမှုကို အပြည့်အဝ အားပေးမှု ရရှိထားပြီး အမိုက်စား ခန္ဓာကိုယ်ရှိတဲ့ ဆက်ဆီမော်ဒယ် ဇာဇာထက်ကိုတော့ တော်တော်များများလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဇာဇာထက် ကတော့ ယခုနောက်ပိုင်းမှာတော့ အရင်ကထက် ပိုပိုပြီး မိုက်လာပြီး ပရိသတ်တွေလည်း ပိုပြီးတော့ ရရှိလာတာ ဖြစ်ပါတယ်။ ဇာဇာထက်ကတော့ ပုရိသတွေအကြိုက်ပုံလေးတွေကို အမြဲတမ်း တင်လေ့ရှိပြီး သူ့ခန္ဓာကိုယ်ကိုလည်း ယုံကြည်မှု ရှိသူ တယောက်ဖြစ်ပါတယ်။

ဇာဇာထက်ကတော့ အနုပညာလှုပ်ရှားမှုတွေ ပွဲတက်တွေ ဆက်တိုက်ရှိနေပေမယ့်လည်း သူ့ပရိသတ်တွေနဲ့တော့ ဘယ်တော့မှ အဆက်မပြတ်ပါဘူး။ အမြဲတမ်းလိုလို ဖေ့ဘုတ်ပေါ်မှာ သူ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေနဲ့ ဓါတ်ပုံလေးတွေကို တင်ပေးနေကြ ဖြစ်ပါတယ်။

ဇာဇာထက်ကတော့ ဒီလိုမျိုးတွေ တင်နေရင်း သူ့စိတ်ထဲမှာ အနှောက်အယှက် ဖြစ်ရတဲ့ ကိစ္စလေးကိုတော့ တင်ထားတာ ဖြစ်ပါတယ်။ ဇာဇာထက်ကတော့ သူမရဲ့ ဖေ့ဘုတ်အကောင့်မှာတော့ “ဆက်ဆီမော်ဒယ်လ်မို့ အပြင်မှာဆုံလို့ ဓာတ်ပုံလာတွဲရိုက်တဲ့ တချို့ အမျိုးသားများရှင့် ကျွန်မကို ခါးဖက်တာတို့ ပုခုံးဖက်တာတို့ လာမလုပ်ပါနဲ့ ကျွန်မရဲ့ဖန်ဆိုပြီး အသားလာယူတာကိုတော့ မကြိုက်ပါဘူးရှင့် မုန်းပါတရ်ရှင့် အားပေးတာကို လက်ခံလို့ရပါတရ်” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။

ဇာဇာထက်ကတော့ သူ့ကို အားပေးတဲ့သူကတော့ အမျိုးသားတွေ များပေမယ့်လည်း သူ့ကို တွေ့တဲ့အချိန်မှာ အသားယူတဲ့ ကိစ္စမျိုးတွေကို လုပ်ရင်တော့ သူ့အနေနဲ့ မကြိုက်ဘူးဆိုတဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြသွားတာ ဖြစ်ပါတယ်။ ဇာဇာထက် ပြောလာတဲ့ အကြောင်းအရာကိုတော့ သူ့ကို အားပေးတဲ့လူတွေ အနေနဲ့ လက်ခံပေးကြမယ်လို့ ထင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *