ဇာတ်လမ်းတွဲ ရိုက်နေရင်း ဆေးရုံတက်လိုက်ရတဲ့ အကြောင်းပြောပြတဲ့ မုဏ်း



ဇာတ်လမ်းတွဲ ရိုက်နေရင်း ဆေးရုံတက်လိုက်ရတဲ့ အကြောင်းပြောပြတဲ့ မုဏ်း


Unicode

ဇာတ်လမ်းတွဲ ရိုက်နေရင်း ဆေးရုံတက်လိုက်ရတဲ့ အကြောင်းပြောပြတဲ့ မုဏ်း
Happy Beach ဇာတ်လမ်းတွဲကနေ အနုပညာလောကထဲ ခြေချခဲ့တာပြီး အခုလက်ရှိ MRTV-4 ကနေ ထုတ်လွှင့်ပြသနေတဲ့ “လိပ်ပြာနှောင်ကြိုး” ဇာတ်လမ်းတွဲမှာ တာရာဆိုတဲ့ ကောင်မလေးကို အားလုံး သိကြမယ် ထင်ပါတယ်။ နာမည်အရင်းက မုဏ်း ဖြစ်ပြီး လူငယ်ပီပီ ဖျတ်လတ်သလို သရုပ်ဆောင်တာလည်း အသက်ပါတာကြောင့် ဇာတ်လမ်းတွဲတွေမှာ ပင်တိုင် ပါဝင်သရုပ်ဆောင်ခွင့် ရရှိထားသူလည်း ဖြစ်ပါတယ်။မုဏ်းကတော့ အကယ်ဒမီ မို့မို့မြင့်အောင်ရဲ့ တပည့်တစ်ယောက်ဖြစ်ရုံသာမက အနေအေးပြီး တည်ငြိမ်ရင့်ကျက်ပါတယ်။ ချစ်ရသူရှိပေမဲ့ ပရိသတ်ကို ချမပြသေးတဲ့ မုဏ်းက ဘယ်နေရာရောက်ရောက် ရည်သူကို ရည်ညွှန်းစာလေးတွေ ရေးလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ချစ်ရသူရဲ့ မွေးနေ့ကို ရည်ရွယ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေ လှူခဲ့ဖြစ်ပုံကိုလည်း Facebook မှာ ပြန်လည်ဝေမျှခဲ့ပါသေးတယ်။

သူကတော့ သရုပ်ဆောင်ရာမှာ ဘာမှ မချွင်းမချန်ဘဲ အရှိအတိုင်း သရုပ်ဆောင်တတ်သူတစ်ယောက် ဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့ ဇာတ်လမ်းတွဲ တစ်ခုရိုက်ကူးနေရင်း ဆေးရုံတင်ခဲ့ရတဲ့ အထိ ပြောပြသွားတဲ့ အကြောင်းကို အင်တာဗျူးတစ်ခုမှာ ပြောပြထားတာ ရှိပါတယ်။ အဲ့ဒီလို ပြောပြခဲ့တဲ့ အကြောင်းကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

မုဏ်းက “ အခုကားထဲမှာ ပြင်ဆင်ရတာတော့ အဓိကက ဇာတ်က အရမ်းကြီးတယ် နည်းနည်းဆန်းတဲ့ ဇာတ်ပေါ့နော် ရိုက်နေရင်းနဲ့ မုဏ်းဆိုရင် ဆေးရုံရောက်သွားတာ လိပ်ပြာနှောင်ကြိုးရိုက်တုန်းကဆိုရင်လည်း သရဲကားပေါ့နော် ။ အရမ်းပင်ပန်းတယ် ဆိုပေမယ့်လည်း မေမီကို နဲ့ ဝင်ပူးတဲ့ အခန်းတွေဆိုရင် အရမ်းပင်ပန်းတယ် ။အဲ့ဒီလို ဆေးရုံရောက်သွားတာမျိုး ECG ဆွဲရတာမျိုးမဖြစ်ဘူး ။ ဒါပေမယ့် အခုရိုက်နေတဲ့ ကားမှာဆိုရင် အရမ်းပင်ပန်းလွန်းလို့ နှလုံးက လုံးဝမခံနိုင်တော့ဘဲ ရိုက်တယ် ရိုက်နေရင်းနဲ့ ပြောလိုက်သေးတယ် ဒါရိုက်တာတွေကို သမီးအရမ်းအောင့်နေတယ် ဆက်မလုပ်နိုင်တော့ဘူးထင်တယ်လို့ ဒါပေမယ့် သြော်လို့ နောက် ၂ကဒ် ၃ကဒ်လောက်ပဲ ကျန်တော့တယ်ဆိုတော့ ဆက်ပြီးတော့ ရိုက်နေရင်းနဲ့ ၁ နာရီလောက် ရှူတင်ပြီးသွားတော့ ပြန်မယ်ဆိုပြီး ကားပေါ်တက်တဲ့အချိန်မှာ မမောင်းနိုင်တော့ဘူး။

မမောင်းနိုင်တော့ ရှူတင်အဖွဲ့ကို ပြောရတယ် ကားလေးမောင်းတစ်ယောက်ဆိုပြီးတော့ ဟိုတယ်ပြန်ရောက်တဲ့ အချိန်မှာ မင်းသားတွေရယ် ဒါရိုက်တာတွေရယ် ပေါင်းပြီးတော့ ဆေးရုံ ပင်းတယ ပြည်သူ့ဆေးရုံကြီးကို လိုက်ပို့ ပို့ပြီးတော့ ဆရာဝန်တွေ ဘာတွေခေါ် ECG တွေဘာတွေဆွဲပြီးတော့ နားခိုင်းတာပေါ့နော် ဆရာဝန်ကတော့ ဒါပေမယ့် အလုပ်ဆိုတဲ့အခါကျတော့ နားလို့မရဘူး နောက်ရက်မှာလည်း စီစဉ်ထားတဲ့ Sense တွေရှိနေတော့ Mood ထည့်ရတာဆိုတော့ ငိုရတဲ့ ဟာတွေ စိတ်ပင်ပန်းတဲ့ ဟာမျိုးလေးတွေရိုက်ရတယ်။ ဒီဇာတ်ကားလေးကတော့ တကယ်ကို အမှတ်တရပါပဲ ။ ဆေးရုံ ရောက်သွားတယ်” ဆိုပြီးတော့ ပြောပြသွားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *