အပြင်မှာ အချစ်ရေး ကံမကောင်းဘူးလို့ ပြောလာတဲ့ မေမီကို
Unicode
ာတ်လမ်းတွဲ တွေခေတ်စားလာတာနဲ့ အမျှ အနုပညာရှင် သရုပ်ဆောင်အသစ်တွေအတွက်လည်း အခွင့်ရေးကောင်းတွေ ရရှိလာတယ်ဆိုတဲ့ စကားကိုတော့ ဘယ်သူမှ ငြင်းပယ်လိမ့်မယ် မထင်ပါဘူး ။ မေမီကို ဆိုတဲ့ ဇာတ်ရုပ်ကို ပရိသတ်တွေရင်ထဲရောက် အောင်သရုပ်ဆောင်နိုင်ရုံသာမက ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ Star Awards ဆုပေးပွဲကြီးမှာပါ ဆုတစ်ဆုကို ရယူနိုင်တဲ့အထိ စွမ်းဆောင်နိုင်တဲ့ အရည်ချင်းရှိသူတစ်ယောက်ဆိုတာ အားလုံးသိကြပြီးသား ဖြစ်မှာပါ ။ ပြောချင်လွန်းလို့ ပရိသတ်တွေကို ဖော်ပြပေးသွားချင်တဲ့ အကြောင်းရာလေးကတော့ မေမီကို တစ်ယောက် သူရဲ့ အချစ်ရေးအကြောင်းကို ဖွင့်ဟပြောလာတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။
မေမီ ကိုက သူရဲ့ အချစ်ရေး အခြေနေနဲ့ ပတ်သက်ပြီးတော့လည်း “ သေချာတာ တစ်ခုကတော့ မေမီက အပြင်မှာ အချစ်ရေး လုံးဝကံမကောင်းဘူး မေမီက အတည်ချစ်တတ်တဲ့သူမျိုး ပြီးတော့ သစ္စာရှိတယ် ဒါပေမယ့် ကိုယ့်ဆီကို ကြုံတဲ့ အခုခေတ်လိုမျိုး အခုခေတ် တော်တော်များများကကျတော့ အတည်ဆိုရင် အရမ်းစဉ်းစားတယ် ချုပ်နှောင်မှုကို မကြိုက်ကြဘူး ။ ချုပ်နှောင်တာတော့ မဟုတ်ဘူး ဒါအယူအဆ မှားနေတာပေါ့ ကိုယ်တွေကျတော့ အချစ်ပိုင်းဆိုင်ရာမှာ အပျော်တွဲတဲ့ သူတွေကျတော့ လုံးဝအဆင်မပြေဘူး ။Type ချင်းမတူကြတာများပါတယ်။ မေမီတွေ့နေရတာကတော့ ။”ဆိုပြီးပြောပြသွားပါတယ်။
Type ချင်းမတူတဲ့ သူတွေနဲ့တွေ့ခဲ့ရပြီး ကြုံခဲ့ရတဲ့ အခြေအနေတွေကိုလည်း “ ပြတ်သွားတာတော့ မဟုတ်ဘူး ရည်းစားကို မဖြစ်လိုက်တာပါ။”ဆိုပြီးပြောပြသွားပါတယ်။ နှစ်သစ်မှာ ရုပ်ရှင်ဇာတ်ကားကြီး စရိုက်ရတဲ့အပေါ်မှာလည်း “ အရမ်းပျော်ပါတယ် နှစ်သစ်မှာ ရုပ်ရှင်ကားနဲ့ ဖွင့်ရတဲ့အတွက် အရမ်းပျော်တယ် ။ ပြီးတော့ ၂လပိုင်းကျရင်လည်း ကိုယ်ချစ်ရတဲ့ အနုပညာကို လှုပ်ရှားရမှာပဲပေါ့နော်”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *