မင်းသားကို ခန့်ညားချောမောအောင် ပြင်ဆင်ပေးပြီး ပီတိဖြစ်နေတဲ့ မထက်

အနုပညာရှင်နဲ့ မိတ်ကပ်ပညာရှင်ဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ရပ်တည်နေကြရတာမို့ များသောအားဖြင့်သူတို့တွေကို ရင်းရင်းနှီးနှီးတွေ့ရလေ့ရှိပါတယ်။

မိတ်ကပ်ပညာရှင်မထက်ကိုတော့ ချစ်ဖို့ကောင်းတဲ့ စိတ်ဓာတ်လေးကြောင့်အရမ်းကို ခင်မင်ရင်းနှီးကြတဲ့ အနုပညာရှင်တွေ မနည်းပါဘူး။

လတ်တလောမှာတော့ မထက်က သူမရဲ့ပင်တိုင် မင်းသားလို့တောင် ပြောလို့ရတဲ့ မင်းသား အောင်ရဲလင်းရဲ့ရှုတင်ကိုလိုက်ပြီး ဆံပင်ရော မိတ်ကပ်ပါ သေချာ ပြင်ဆင်ပေးဖြစ်တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မထက်နဲ့အောင်ရဲလင်းတို့နှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး ခင်ခင်မင်မင်ရှိလွန်းလှတာမို့ မိသားစုတွေလိုတောင် ဖြစ်နေတာပါနော်။

မထက်ကတော့ “ဒီနေ့ မင်းသားရူတင်လေးပါ… ဆံပင်လည်းညှပ် မိတ်ကပ်လည်းလိမ်းပေးထားတယ် လုံးဝသဘာဝကြကြလေးပေါ့” ဆိုပြီး သူ့ရဲ့ပင်တိုင်မင်းသားဖြစ်တဲ့ အောင်ရဲလင်းကို ဆံပင်ညှပ်၊ မိတ်ကပ်လိမ်းပေးပြီး ကျေနပ်ပီတိဖြစ်နေတဲ့ အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

အောင်ရဲလင်းကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။

Myint Myat
Source:Ma Htet’s Instagram

Add a Comment

Your email address will not be published. Required fields are marked *